စေတနာသဒ္ဓါတရား
(လူမသန်ပေမယ့် စေတနာသန်တဲ့ ဒုက္ခိတတစ်ယောက်)
ကိုယ်ကိုယ်တိုင်မသန်စွမ်း
လမ်းကိုပင် ကိုယ့်ခြေထောက်
ထထပြီးမလျှောက်နိုင်
မပိုင်တဲ့အကြောင်းတရား
တောင်းစားနေရတဲ့ကြားက
တိုင်းသူပြည်သား လူအများ
ဒုက္ခရောက်နေပါလား
ကြားကြားချင်း လက်ငင်းအကြင်နာပွား
တောင်းစားလို့ရတဲ့အသပြာများ
သဒ္ဓါတရားလွန်ကဲ
စေတနာမိုးတွေတဲလိုက်ပါကလားနော်။
ကိုကိုအောင်(ခေါ်)တက္ကသိုလ်ဘုန်းကြွယ်
ဇန္န၀ါရီ ၂၂ ၂၀၁၂
No comments:
Post a Comment