Monday, March 12, 2012

ABSDF လူသတ်ပွဲ ဘယ်သူတရားခံလဲ


 အပိုင်း(၁)
၊ရေးသားသူ ညီညီ-မန္တလေး 
 မကဒတ(မပ)မှာ ကိုထွန်းအောင်ကျော်နဲ. ၁၅ ဦးကိုရက်ရက်စက်စက် သက်ဖြတ်မှုကြီးအပြီးမှာအဲဒီကိစ္စတွေကိုစုံစမ်းစစ်ဆေးအစီရင်ခံစာတင်ဖို. NLD (LA) ကနေ အဝေးရောက်အစိုးရအဖွဲ.၀န်ကြီးဦးဝင်းကိုနဲ. ဒုဥက္ကဌ (မိုးညင်း-မိုးကောင်း-နမ်းမား ဒေသခံ)ဦးတင်အောင်တို.မြာက်ပိုင်းဒေသလွတ်မြောက်နယ်မြေကိုရောက်လာပါတယ်။။အဲဒီအချိန်မှာ ကျနော်(ညီညီ-မန္တလေး)ကို KIA ဘက်ကအင်္ဂံလိပ်စကားပြောသင်တန်းဖွင့်ဖို.ဆိုတဲ့ရည်ရွယ်ချက်ဆိုတာကြီးနဲ.ခေါ်ယူထားပြီးပါပြီ။ညနေပိုင်းမှာ
အင်္ဂံလိပ်စကားပြောသင်တန်းဖွင့်နေပါတယ်။ကျနော်.ကိုစစ်ရုံးချုပ် G3 လိုင်စမ်းရဲ.အီမ်မှာထားပါတယ်။ဦးဝင်းကိုကနောက်ပိုင်းကျနော်နဲ.ရင်းနှီးသွားပြီးတဲ့နောက်မှာသူရဲ.လာ ရင်းကိစ္စကိုဖွင့်ပြောပါတယ်။စစ်တပ်ကထောက်လှမ်းရေးရဲ.ဗိုလ်လို.စွတ်စွဲခံရသူတဦးကို KIA ထောက်လှမ်းရေးဌါနရဲ.ရုံး စစ်ရုံးချုပ်မှာခေါ်ထားတယ်ဆိုကတည်းက ဒီကိစ္စမဖြစ်နိုင်ဖူးဆိုတာသူသိ ပါတယ်တဲ့။သူကလွတ်မြောက်နယ်မြေရုံးကိုခေါ်လို.အကြီမ်ကြီမ်သွားပြီးဒီထောက်လှန်းရေးလို.စွတ်စွဲကာဖမ်း
ဆီးမှု၊နှိပ်စက်မှု၊အတင်းအဓ္ဓမ၀န်ခံထွက်ဆိုစေမှု၊သတ်ဖြတ်မှုတွေကိုရှင်းပြခဲ့ပါတယ်။ဦးဝင်းကိုကအကူအညီ
တောင်းလို.အဝေးရောက်အစိုးရအဖွဲ.က ကုလသမဂ္ဂမှာတင်တဲ့အင်္ဂလိပ်စာတန်းကိုမြန် မာလို ဘာသာပြန်ပေးခဲ့ပြီး ကျောင်းသားတပ်နဲ. KIA တပ်ထဲကိုလဲဖြန်.ချီခဲ့ပါတယ်။အဲဒီရုံးကိုကြီမ်ဖန် များစွာသွားရောက်ခဲ့ရာမှာ အဲဒီမှာရှိတဲ့အရွေးချယ်ခံအမတ် ဦးကြာမြနဲ.ဒု-ဥက္ကဌ ဦးတင်အောင်တို.ဟာကျနော်ကိုမလိုလားကြောင်းကိုယ်နှုတ်အမူအရာနဲ.အကြီမ်ကြီမ်ပြခဲ့ကြပြီး၊ကျနော်နဲ.
တကြီမ်မှစကားမပြောခဲ့ကြပါဘူး။မိုးညင်းမြို.နယ် NLD စည်းရုံးရေးမှုးဦးကျော်မြကတော့သူသိသမျှကိုဝင်ရောက်ပြော ဆိုပြီးကျောင်းသားတပ်ရဲ.လွဲမှားမှု တွေကိုထောက်ခံဆွေးနွေးလေ့ရှိပါတယ်။ မတ်လဆန်းမှာ ၀န်ကြီးဦးဝင်းကို တရုပ်ပြည်ခွေးမှင်(ကူမင်း) ကတဆင့်အမေရိကန်ကိုပြန်ပါတယ်။ဒါပေမဲ့သူဟာ အမေရိကန်မပြောနဲ. ကူမင်းမြို.တော်တောင်မ ရောက်ခဲ့ပါဘူး။လမ်းခုလတ် တရုပ်ပြည်မန်ရှီမြို.က သူတည်းခိုတဲ့ဟိုတယ်အခန်းထဲမှာဓါးထိုးလုပ်ကြံခံ ခဲ့ရပါတယ်။ဝန်ကြီးရဲ.အပြန်ခရီးကိုတာဝန်ခံပို.ဆောင်ခဲ့တဲ့သူတွေဟာ ABSDF (NB) ကွန်မန်ဒိုတပ်က ဖြစ်ပါတယ်။နောက်တရက်ခြားမှာ ABSDF(NB) ကစစ်ရေးတာဝန်ခံ သံချောင်း၊၀ါဒဖြန်.ချီရေးက အရာခံဗိုလ် စိန်သန်း၊တပ်ကြပ်ကြီးစောမြအောင်နဲ.ထောက်လှမ်းရေးက ရဲဘော်သက်လင်း တို.၄ ရောက် KIA က ကျနော်နေတဲ့ဗိုလ်ကြီးလိုင်စမ်း G3 ရဲ.အီမ်ကိုရောက်လာပြီးကျနော်ကို ABSDF ကိုပြန်ခေါ်ဖို.ဆိုပြီး ဒေါသတကြီးနဲ.ရောက်လာပါတယ်။ဗိုလ်ကြီးလိုင်စမ်းကပြန်မထဲ့ပေးသေးပဲ KIA ရဲ.စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဇော်မိုင်ကိုသွားတင်ပြပါတယ်။ဗိုလ်ချုပ်ဇော်မိုင်ရဲ.အမိန်.နဲ.ကျနော်ကိုသံချောင်း ပြန်ခေါ်ခွင့်မရပါဘူး။နောက်တခါ ကျနော်ကိုချက်ချင်း KIA အဖွဲ.၀င်အဖြစ်ကျမ်းသစ္စာကြီမ်ဆိုခိုင်းပြီး စာရင်းသွင်းမှာဖြစ်လို.နောက်နောင် ကျနော်ရဲ.လုံခြုံရေးကိုမထိပါးဖို.သံချောင်းကိုအမိန်.ပေးလိုက်ပါ တယ်။ သံချောင်းကဗိုလ်ချုပ်အီမ်ကပြန်ဆင်းလာပြီး “မင်းကံကောင်းသွားတယ်မှတ်၊မင်းအတွက် ငါ ကျင်းတူးခဲ့ခိုင်းခဲ့ပြီးပြီ၊ မင်းတပ်ပြန်မရောက်ဖူး လမ်းတင်ရှင်းပြစ်ခဲ့မလို. ၊အေးကွာနောက်တော့တွေ. တာပေါ.” လို.မချင့်မရဲနဲ.ကြီမ်းဝါးသွားခဲ့ပါတယ်။ ဆက်လက်ရေးသားပါမည်။
 အပိုင်း ၂။ 
အဲဒီနောက်မှာကျနော်.ကို KIA ရဲ.စစ်ရုံးချုပ်ထောက်လှန်းရေးဌါနတာဝန်ခံ စစ်ဦးစီးချုပ် ပထမတန်း ဗိုလ်မှုးကြီးပန်းအောင်ရဲ.ကိုယ်ရေးအရာရှိအဖြစ်ခန်.လိုက်ပါတယ်။ ၅ ရက်လောက်အကြာ ရင်ကျန်းမြို.ကို ဗိုလ်မှုးကြီးပန်းအောင်နဲ.အသွားမှာ ဗိုလ်မှုးကြီးနဲ.ကျနော်တို.တည်းနေတဲ့တည်းခိုခန်းကို NLD (LA) က ဦးကျော်မြအရေးတကြီးလာရှာသွားတယ်လို.ကြားရတယ်။သူတည်းတဲ့ ဝိုင်မော် တည်းခိုခန်းကို လိုက်သွားတဲ့အခါ ဦးကျော်မြက သူ.မိန်းမရဲ.တူအရင်းဘာအပြစ်မှမရှိပဲ ကျောင်းသားတပ်မှာအ သတ်ခံရတဲ့အကြောင်းကိုဗိုလ်မှုးကြီးပန်းအောင်ကိုငိုပြီးတိုင်တန်းပါတယ်။"ဘာ-ဒီကောင်တွေ သတ်ကြပြန်ပြီးလား?"လို.ပြောပြီးအဲဒီပြောဆိုဆွေးနွေးဖို.တပ်ကိုချက်ချင်းပြန်သွားပါတယ်။ တရက်မှာ NLD (LA) လွတ်မြောက်နယ်မြေကလူတယောက် KIA စစ်ရုံးချုပ်ကိုရောက်လာပြီး ဦးကျော်မြပျောက်နေလို.စုံစမ်းပေးဖို.အမှု.လာတိုင်ပါတယ်။ စစ်ရုံးချုပ်ကစုံစမ်းစစ်ဆေးမှုချက် ချင်းစတင်ပြီး စုံစမ်းစစ်ဆေးစဉ်ကာလအတွင်း NLD (LA) ရုံးကလူတွေဘယ်သူမှအပြင်မထွက် ရအမိန်.ထုတ်လိုက်ပါတယ်။ စုံစမ်းစစ်ဆေးချက်အရ ဦးကျော်မြကို NLD (LA) ရုံးမှ ရုံးအကူ ဦးသာမြ(နမ္မတီး)နဲ.အခြားတယောက် (နာမည်မမှတ်မိ)တို.ကသတ်တာဖြစ်ကြောင်းနှင့် အလောင်းကို NLD (LA) ရုံးအတွင်းထမင်းစားဆောင်ရဲ.မြေစိုက်ထမင်းစားပွဲခုံရဲ.အောက်မှာ တူးမြုပ်ထားတာကိုတွေ.ရပါတယ်။ဒီ ဦးကျော်မြရဲ.တူရော၊ဦးကျော်မြရော အသတ်ခံရတာက ဦးကျော်မြရဲ.ကျောင်းသားတပ်မတော်အပေါ်ဝေဖန်မှု၊ဝန်ကြီး ဦးဝင်းကိုအသတ်ခံရတာကို တရားဝင်စုံစမ်းစစ်ဆေးဖို. NLD-LA ကိုတောင်းဆိုခဲ့လို.ဖြစ်ပါတယ်။ဦးကျော်မြကိုသတ်တဲ့ လူသတ်တရားခံ ၂ ဦးကို NLD-LA တာဝန်ရှိသူတွေဖြစ်တဲ့ ဒု-ဥက္ကဌ ဦးတင်အောင်နဲ.အရွေး ချယ်ခံအမတ် ဦးကြာမြတို.က အဓိကတာဝာန်ရှိသူ ကိုအလုပ်ကြမ်းနဲ.ထောင်ဒဏ် ၁၈ နှစ်၊ အားပေးကူညီသူကို အလုပ်ကြမ်းနဲ.ထောင်ဒဏ် ၅ နှစ်ချလိုက်ပါတယ်။လွတ်မြောက်နယ်မြေ မှာပဲချုပ်ထားပြီး အလုပ်ကြမ်းခိုင်းစေပါတယ်။နောက်သုံးလ လောက်အကြာမှာအဲဒီပြစ်ဒဏ်ကျ ကျဉ်းသားနှစ်ယောက်စလုံးကို ဦးတင်အောင်နဲ.ဦးကြာမြတို.ကအထွေထွေလွတ်ငြီမ်းချမ်းသာ ခွင့်ပေးပြီးပြစ်ဒဏ်ကနေကွင်းလုံးကျွတ်လွတ်ပေးလိုက်ပါတယ်။အဲဒီလွတ်ငြီမ်းချမ်းသာခွင့်ရသူ နှစ်ဦးဟာသူတို.
ကိုပြစ်ဒဏ်ချခဲ့ပြီး၊လွတ်ငြီမ်းချမ်းသားခွင့်ပေးခဲ့တဲ့သူနှစ်ဦးနဲ.အတူ NLD-LA ရုံးအတွင်းပြန်နေပြီးအရင်လိုပဲအလုပ်တွေကိုပြန်တွဲလုပ်နေပြန်ပါတယ်။
 အပိုင်း ၃(က)။
 ၅၅ ဦးထွက်ပြေးလွတ်မြောက်ပြီးတဲ့အချိန်မှာ မျိုးဝင်းနဲ.အဖွဲ.ရှေ.တန်းသွားရာမှာမျိုးဝင်းနောက် ကျည်မှန်ပြီးသေသွားတယ်။(ကျရှုံးသွားတဲ့ကွန်မန်ဒါတဦးကို အပြတ်ရှင်းတဲ့သဘောပါ)။အဲဒီ မျိုးဝင်းတိုက်ပွဲကျတဲ့သတင်း ဌါနချုပ်ကိုဝင်လာတဲ့အချိန်ကနေ.လည်ခင်းမှာပါ။ဒါပေမဲ့အဲဒီ သတင်းကိုလစ်လျှုရှုပြီး သံချောင်းနဲ.အဖွဲ.ရှေ.တန်းမှာအောင်ပွဲရလာလို.ဆိုပြီးအဲဒီညက ကျောင်းသားတပ်ထဲမှာစတိတ်ရှိုးပွဲလုပ်
ပြီးပျော်ပွဲရွှင်ပွဲကျင်းပခဲ့တယ်။ဒီနေရာမှာဒီလူသတ် မှုတွေရဲ.အကြောင်းရင်းမှာဘယ်သူတွေတာဝန်ရှိလဲဆိုတာစုံစမ်းရအုံးမှာဖြစ်ပေမဲ့ဘယ်သူ တွေမှာတာဝန်မရှိ
ဘူဆိုတာတော့ရှင်းးနေပါပြီ။ရှေ.မဆက်ခင်ကျနော် KIA ဘက်ကိုစာသင်ဖို.ခေါ်ရာမှာတပ်မဟာ ၅ တပ်မှုးဗိုလ်မှုးကြီးဆမ်လီက ကျနော့်ကို သံချောင်းနဲ.အတူခေါ်တွေ.ပါတယ်။ကျနော်ကို ကျောင်းသားတပ်ထဲကဆွဲထုတ်ဖို.အတွက် ပါ။ကျောင်းသားတပ်ကိုအပြန်မှာသံချောင်းနဲ.ကျနော်ပြောခဲ့တဲ့စကားတွေကိုပြန်ပြောပြချင်ပါ တယ်။အဲဒီအချိန်ကဘေးမှာသက်လင်းလည်းကျနော်တို.နဲ.အတူရှိနေပါတယ်။တပ်အပြန်မှာ သံချောင်းက ကျနော့်ကိုစကားတွေအများကြီးပြောပါတယ်။စကားပြောတာထက် ရင်ဖွင့် တာလည်းဟုတ်ပါတယ်။
"ကိုညီညီ -မင်းဘာအကြောင်းနဲ.ဖြစ်ဖြစ် ABSDF ကိုသစ္စာရှိပါ၊
ရီုးသားပါကွာ၊လူဆိုတာကတော့ကွာ အလုပ် လုပ်ပြီဆိုရင်တော့အမှားတွေ.တက်ကြစမြဲပါလဲ။
ဘာမှမလုပ်တဲ့သူကတော့ဘာမှ မမှားဘူးပေါ.။ စိတ်ထဲမှာမေတ္တာတရားပဲထားပါ ။ဒီစိတ်မျိုးက
မြင့်မြတ်တဲ့သူတွေသာထားနိုင်တာပါ။ ငါဆိုရင်ကွာ၊လက်နက်ကိုင်တာကိုက ငါ.ဒေသကလူတွေကိုမေတ္တာထားလို.ကိုင်တာ။ငါတို.ဒေသကလူတွေက အင်မတန်ဆင်းရဲချို.တဲ့
ကြပါတယ်။သူတို.ကဒီမိုကရေစီဆိုတာဘာလဲမသိကြဘူး။အဲဒီတော့သူတို.ဒီမိုကရေစီကိုမလို
အပ်ကြဘူးပေါ.။သူတို.မှာအဓိကလိုအပ်တာကသူတို.ကိုကောင်းအောင်လုပ်ပေးမဲ့၊သူတို.ကို
မေတ္တာထားတဲ့ခေါင်းဆောင်လိုတာ။အဲဒီခေါင်းဆောင်ကဘဲသူတို.ဒေသအတွက်အရာရာကို
လုပ်ပေးလီမ့်မယ်။ အစီုးရရဲ.ပေါ်လစီကြီးကိုလဲ ငါမကြိုက်ဘူးကွာ။ငါတို.လဲသူပုန်ပဲဥစ္စာ။
ငါတို.ကိုတော့သူပုန်လို.မသတ်မှတ်ဘူး ။ငါတို.နဲ.ငြီမ်းချမ်းရေးလုပ်ဖို.တော့ငြင်းတယ်။ အမှန်
တော့တို.ကိုလဲ လက်ခံသင့်တာပဲ ။ အခုတော့ကွာ တို.က သူပုန်က သူပုန်ပါပဲ"။ ဒီစကားတွေကို
စဉ်းစားကြည့်ပါ။သူတို.လိုဒေသစွဲကြီးသူအချို.ကသူတို.အတ္တရှေ.တန်းတင်ပြီးသူတို.ဒေသလေးရဲ.ခေါင်းဆောင်
လုပ်ချင်လို. ABSDF ထဲကသူတို.နဲ.မတူတဲ့သူတွေ၊သူတို.အမိန်.မနာခံမဲ့သူတွေ
သူတွေကိုရှင်းထုတ်တာပါ။ကျောင်းသားထောက်လှမ်းရေးအဖွဲ.မှာတယောက်သောသူကလွဲပြီး
ကျန်သူအားလုံးဟာဒေသခံတွေဖြစ်ပြီးအဲဒီအားလုံးဟာ KIA မှာထောက်လှမ်းရေးသင်တန်း
တက်ပြီးသူတွေပါ။တဦးတည်းသောဒေသခံမဟုတ်တဲ့မန္တလေးသားသန်းဇော်ဟာ သင်တန်း
ဆင်းမဟုတ်ပါဘူး။ဒါပေမဲ့ ဗိုက်အဌါးနဲ.ဓါးထိုးခံရမဲ့အရည်အချင်းနဲ.ပြည့်စုံတော့ သန်းဇော်ဟာ
ထောက်လှန်းရေးအဖွဲ.တာဝန်ခံဖြစ်သွားပါတယ်။အဲဒီလိုပဲ ဗိုက်ကောင်းပြီး ကိုယ့်ဖာသာကို
ဘာမှန်းမသိပဲ သွေးဆာနေတဲ့ အောင်နိုင်က ဥက္ကဌ ဖြစ်သွားပါတယ်။အောင်နိုင်က အဖော်
စပ်လို.သွေးဆာလာတဲ့ နိုင်အောင်တို.၊ အောင်ထူး တို. ပါ ပူးတွဲတရားခံတွေဖြစ်သွားပါတယ်။
အဲဒီတော့ ဒီနေရာမှာဒီကိစ္စအတွင်းတပ်မတော်ကဘယ်အခန်းကမှမပါဘူးးဆိုတာကျနော်
သိထားသမျှအသိတွေအရ ကျနော်ရဲရဲဝံ့ဝံ့ ပြောပါတယ်။နောက်တခါ KIA နဲ.ပက်သက်လို.
မဟုတ်မတရားပြောာဆိုနေတဲ့ကိစ္စ ၊ KIA က ဒီပြသ၁နာဖြေရှင်းဖို.အကြီမ်ကြီမ်ကြီုးစားခဲ့ပါတယ်။ကြီုးစားသမျှကိုခင်ဗျားတို.အဖွဲ.ငယ်
တခုရဲ.အတွင်းရေး ဝင်မစွတ်ဖက်ပါနဲ.၊အဲဒါ DAB မူနဲ.ငြိလို. DAB ပါ ပျက်သွားမယ်ဆိုပြီး
NLD (LA) ကချင်ဒေသရုံးက ကန်.ကွက်ပြီးဟန်.တားခဲ့ပါတယ်။ ဆက်လက်တင်ပြပါမည်။စောင့်မျှော်အားပေးပါ။
ညီညီ မန္တလေး (မြောက်ပိုင်းရဲဘော်ဟောင်း)

 

No comments: