Monday, March 12, 2012
ကိုထွန်းအောင်ကျော်အပါအ၀င် ကျောင်းသားခေါင်းဆောင်များ သတ်ဖြတ်ခံရမှုအပေါ် ကိုကိုကြီး ( ၈၈ မျိုးဆက်ကျောင်းသား ) ၏ မှတ်ချက်
The Messenger Vol 2, No. 43 ( 12.03.2012 )
အဓိကကသေတဲ့လူက သေပြီးသွားပြီ။ သေတဲ့လူကပြန်မရှင်တော့ဘူး။ ဒါပေမယ့် ဖြစ်ရပ်အမှန်
ကတော့ အမှန်အတိုင်းပေါ်ပေါက်စေချင်တယ်။ဒါကျနော်တို့ အားလုံးရဲ့ဆန္ဒပါ။ ကျဆုံးသွားတဲ့ လူတွေက မြေပေါ်မှာရှိစဉ်ကတည်းက
လက်တွဲခဲ့ဘူးတဲ့သူတွေ၊သူတို့ကကျောင်းသားလှုပ်ရှားမှုမှာ တကယ်ဦးဆောင် ပါဝင်ခဲ့သူတွေ၊ အဓိက ဘာကြောင့်ဖြစ်လဲဆိုတော့
ပိတ်ဆို့ထားတဲ့ကာလတစ်ခုမှာ သူ့ကိုယ်မယုံ ကိုယ့်သူမ ယုံနဲ့ သံသရတွေနဲ့ အလုပ်တူလုပ်နေချင်းတူတာတောင် ဘယ်သူကထောက်လှမ်းရေးဖြစ်နိုင်တယ်လို့။
ဘယ်သူကသတင်းပေးဖြစ်နိုင်တယ်လို့ ဆိုတဲ့ဟာကို မြေပေါ်မှာပဲ တစ်ယောက်နဲ့တစ်ယောက် သဘောထား ကွဲလွဲမှုတွေဖြစ်ခဲ့ကြတယ်။
တောတွင်းမှာ လက်နှက်ကိုင်တဲ့အခြေအနေမှာဆိုတော့ ပိုဆိုးတာပေါ့၊ သံသယရဲ့ ဓါးစာခံတွေ သားကောင်တွေ ဖြစ်သွားတယ် ။
ပိတ်ဆို့ထားတဲ့ စနစ်ဆိုးကြီးတစ်ခု ကြောင့်မို့လို့ စတေးခံလိုက်ကြရတဲ့ သားကောင်တွေအဖြစ်နဲ့ ကျနော်တို့ မြင်တယ် ။
ဒီလောက်ကြီးကျယ်တဲ့ ပြဿနာကြီးဟာ ဒီကိစ္စမှာပါဝင်ပတ်သက်ခဲ့တဲ့ သူတွေအနေနဲ့ ဖြေရှင်းရ မှာ အမှန်ဘဲ ။ ဒါသူတို့တာဝန်ယူရမှာ ။
ကျနော်တို့မြင်တာတော့ သူတို့က ကျောင်းသားတွေဘဲလေ။ လူတွေပါ ဒီလောက် ဆိုးဆိုးဝါးဝါးခံစားခဲ့ရပြီးပြီ။ သေဆုံးခဲ့ကြရပြီးပြီ ။
နောက်ပိုင်းမှာ ဖေါက်ပြန်လို့ ထောက်လှမ်းရေးမို့ လို့ ဖြစ်ပါတယ်ဆိုတဲ့ နိုင်ငံရေးအရထပ်ပြီး လုပ်ကြံခံရတာကိုတော့ မဖြစ်သင့်ဘူးလို့မြင်တယ် ။
အဓိကကတော့ ဒီလောက်အကျယ်တ၀င့်ဖြစ်ဘို့တောင်မလိုဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး နင့်နင့်နဲနဲခံစားခဲ့ကြရ တဲ့ လူတွေက ၊
ဒီလူတွေကထောက်လှမ်းရေးမဟုတ်ဘူး ၊ ခေတ်ကာလအခြေအနေမှာ မှားယွင်းမှုဖြစ်ခဲ့တယ်။ အဲဒီအတွက် သူတို့တွေဟာ
စတေးခံခဲ့ကြရတယ်ဆိုတာလောက် အသိအမှတ်ပြုခဲ့ရင်တောင်မှ သူနဲ့ရင်းနှီးတဲ့ သူတွေအားလုံးက နည်းနည်းသက်သာမဲ့ ၊
စိတ်ခံစားမှု ဖြေလျှော့မယ့်သဘောရှိတယ် ။ ဒီအပေါ်မှာ ကျနော် တို့ဟာ ဘယ်သူ့ဘက်ကဘဲဖြစ်ဖြစ် ဒီကိစ္စဟာမှန်မှန်ကန်ကန်တော့ ဖေါ်ထုတ်ဘို့လိုတယ်။
ဒီလူတွေဟာ ခေတ်ဆိုးစံနစ်ဆိုးတစ်ခုတည်းမှာ သူတို့ဓါးစာခံဖြစ်ခဲ့ကြရတယ်။ အဲဒါကိုပေါ်လွင်ဘို့လိုတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူလည်းသေသေး၊ နာမည်လည်းသေ၊ နိုင်ငံရေးလည်းအသတ်ခံရတဲ့ဟာမျိုးက အသတ်ခံရတာထက်ပိုဆိုးတယ် ။ အဲဒါမျိုးကမဖြစ်သင့်ဘူးလို့မြင်တယ် ။
ကျနော်တို့ကတော့ ဖြစ်နိုင်ရင် ဘယ်သူ့ဘယ်သူကိုမှ နစ်နာတာ ထိခိုက်တာကို မလိုလားဘူး ။ အဓိက ကအဖြစ်မှန်ပေါ်ပေါက်ဘို့ဘဲ။ ပေါ်ပေါက်ဖို့က လူ့အဖွဲ့အစည်းမှာ ကျနော်တို့က
တစ်ချို့ကျူးလွန်ခဲ့ တဲ့ အပြစ်တွေနဲ့ ပတ်သက်ပြီးတာတောင်မှ ခွင့်လွှတ်နိုင်တယ်။ ဒါပေမယ့်ဒါတွေက မေ့ပစ်ဖို့တော့မဟုတ်ဘူး ဆိုတဲ့ Forgive လုပ်နိုင်တယ် ၊ Forget လုပ်လို့မရဘူး၊
ဒါတွေက သမိုင်းမှာ ဒါတွေဖြစ်ခဲ့တယ်ဆိုတာတော့ မှတ်တမ်းမှတ်ရာတွေ ကျန်ခဲ့ဘို့ ကြိုးစားနေတယ်။ အားလုံးကဆန္ဒရှိတယ်။
ကိုယ့်ဘက်မှာဖြစ်နေတဲ့ ဟာကျမှ ဒါကြီးကိုဖုံးကွယ်ပစ်လိုက်ဘို့ မဖြစ်သင့်ဘူး။ ကိုယ်တွေဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ရဲရဲရင့်ရင့် ဖေါ်ထုတ်တာမျိုး ၊
တာဝန်ယူတာမျိုးတော့ ကိုယ်ကနမူနာ ဖြစ်သင့်တယ်လို့မြင်တယ် ။ ။
The Messenger ဂျာနယ် Volume 2 , No. 43 ( 12.03.2012 ) မှ ကူးယူဖေါ်ပြပါသည်။
Labels:အတိတ်က မြိတ်သမိုင်း
ABSDF အေဘီ မြောက်ပိုင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment