အမေစု
ယာဉ်တန်းဂျင်ကလိဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်းခံရ
လူတကာငြိုးတဲ့
အာဏာရှင်သူခိုးတွေ
တန်ခိုးတွေဘယ်ကလောက်ထွားထွား
လက်နက်အမျိုးစားဘယ်ကလောက်များများ
ကြောက်သလားမေး
တရေးရေးအော်
ပြေးပြေးဆော်လဲ
မအော်မကြောက်
ဒူးမထောက် လက်မမြှောက်
ကြောက်မွှေးပါ
ဇာဂနာနဲ့ဆွဲနှုတ်
အဟုတ် သွေးမပြောင်းတဲ့
ဗိုလ်ချုပ်(အောင်ဆန်း)မွေးတဲ့
သူရဲကောင်းတွေပါ။
ခြေလက်ကြိုးတုပ်
လူကိုဖမ်းချုပ်လည်း
အာဏာရှင်တွေမလှုပ်နိုင်တာ
(ခွပ်ဒေါင်းတွေရဲ့)ခိုင်မာတဲ့
ယုံကြည်ချက်ပါ။
အာဏာကိုးစား
တန်ခိုးထွားခဲ့တဲ့
ခိုးသားငါးရာ
ဗိုလ်ချုပ်မသာတွေဟာ
မနေသာ အခါပြောင်း
မသာလောင်းတွေဖြစ်ရမဲ့အရေး
တဖြေးဖြေး အမြင်မှာ
တရေးရေးမြင်သာ လာတော့
အသွင်ပြောင်း
အချိန်မနှောင်း
ယတြာရာတွေအချေကောင်း
အလံလည်းထပ်ခါပြောင်း
ဗိုလ်ခေါင်းလောင်းတွေ
အရပ်သားအသွင်ပြောင်းလာပေ
သရေခွံတွေလဲ
မြွေဆိုးတွေဟာ မြွေဆိုးပါပဲ။
အာဏာရှင်ထောက်တိုင်နဲ့
ဒိမိုကရေစီရောက်နိုင်မတဲ့။
ဝစီအိုးကပုပ်စော်နံ
ထုတ်ဖေါ်ကြံနေတာက
အာဆီယံဥက္ကဌ
မုချမလွဲ လက်ထဲလည်းရောက်
အာဏာရှင်ခွေးမြီးကောက်
ကောက်မြဲတိုင်းကောက်
ဘယ်ခါမှမဖြောင့်။
ကြားဖြတ်ရွေးကောက်ပွဲအတွက်
နယ်ထွက်ပြီးမဲဆွယ်
ဝင့်ထယ်တဲ့လူထု
ထောက်ခံမှု
ထောင်ထု သောင်းထုမက
သိန်းသန်းဆုကြီးပင်ရခဲ့တဲ့အမေစုကို
မကောင်းမှုဖန်
အမျိုးမျိုးခက်ရန်ကြံခဲ့သည့်ပြင်
ရန်ကုန်ပြန်
မြို့အ၀င်ဝမှာ ဂျင်ကလိနဲ့ဆော်
အမေစုရဲ့ ရွှေရင်မထိပဲ
ချော်
တော်ပါသေးရဲ့သေကံမရောက်
သက်မပျောက်ဘဲ
စောင့်ရှောက်လာတဲ့
အစောင့်၂-ယောက်သာ
ဒဏ်ရာရသွားရှာတယ်။
ဒိလိုမဟုတ်တဲ့ဇာတ်
ယုတ်ပတ်တဲ့အကြံ
ဘယ်သူတွေဖန်မလဲ
ဇာတ်ကြောင်းပြန်ဖေါ်
ဒီပဲရင်းအမှုက
ထင်ထင်ပေါ်ပေါ်
မတော်မလျှော် အတွေးမဟုတ်
ပုပ်မှပေါ်
ဟုတ်မှကျော်သတဲ့။
ဖွတ်ထွက်လာလို့မှ
တောင်ပို့မှန်းမသိ
အတိအတနဲ့
စေတီအဖြစ်ကိုးကွယ်နေကြအုံးမယ်ဆိုရင်
အသွင်ထူးတဲ့
ဘုရင်ရူးလက်အောက်က
မူးနောက်နောက် အမြင်မှား
ရူးချာချာ
အရူးနိုင်ငံသားဖြစ်ကုန်ပါရော့မယ်။
အမြစ်ကစ
ပုပ်ပွနေတဲ့အာဏာရှင်သွားပုပ်
နှုတ်ပစ်မှ တော်ကာကျ
မျှော်နေရတဲ့ဒီမိုကရေစီသွားသစ်ကိုကွယ်
ဒီခါမှ
ပိုင်ပိုင်စိုက်ဖြစ်လိမ့်မယ်။
သွားပုပ်သွားကျိုး
သွားထဲကပိုး
အမြစ်ထိပုပ်သိုး
အမျိုးမျိုးဒုက္ခပေး
ဖါထေးလဲမရ
ဆေးပေးလည်းမတိုး
ဆိုးလိုက်တဲ့ဘဝ
နှုတ်ပစ်မှတော်မယ်ဗျ။
နာချင်လဲ နာ တစ်ခါထဲသာ
အနာခံမည် ဧကန်သွားပုပ်
ခုချက်ချင်းနှုတ်
မတုန်မလှုပ်
အမြန်နှုတ်မှသာ နောင်ခါ
မနာတော့ပါ။
ဒီပုံပမာ အာဏာရှင်တွေဟာ
မကွာသွားပုပ် အမြန်နှုတ်မှ
အဟုတ်ကို
ဒီမိုကရေစီသွားသစ်
ပြန်စိုက်လို့ဖြစ်မည်။
သွားကိုနှုတ်ရာ ပလာရာ
မနာအောင်ပျိုး
ထုံဆေးထိုး
အားကိုးစရာ သွားဆရာဝန်ပါ
လိုတာပေါင်းလိုက်
အောင်ပွဲဆိုက်။
ထုံဆေးနေရာ ဒေါ်စုပါ
လွှတ်တော်ဝင်ကာ
စည်းရုံးပါ
ပလာရာကိုကိုင်
မင်းကိုနိုင်
အပိုင်နှုတ်ပေး
သွားဆရာဝန်လေး
စုဝေးပေါင်းစု
လူထုထောက်ခံမှု
သုံးခုသုံးပိုင်
သုံးပွင့်ဆိုင်
တူပြိုင်မောင်းထုတ်
အာဏာရှင်အမှန်ပြုတ်
တကယ့်ကို မြန်မြန်လုပ်။
ခုနေအခါ ဒို့တတွေမှာ
စူးနေရာစူး တော်နေရာတော်
အမြော်အမြင်
ဆင်ခြင်စဉ်းစား
အငြင်းမပွား
စကားမများနဲ့
ကိုယ်အားဥာဏ်အား
တတ်အားသမျှ အားမွေးထားကြ။
နေသေးသမျှချုံထဲက
ချိုသွေးလို့တမြမြ
ပြင်ဆင်ထားကြ
စည်းရုံးထားကြ
အချိန်ခါကျလို့ လက္ခဏာပြ
တ၀ုန်းဝုန်းပေါက်ကွဲကြ
အရေးတော်ပုံကြီး
အောင်မြင်မယ်ဗျ။
တက္ကသိုလ်ဘုန်းကြွယ်
မတ်လ- ၀၇- ၂၀၁၂

No comments:
Post a Comment