မည်သို့ ပင်ဆိုစေ လွန်ခဲ့သော နှစ်လေးဆယ်လောက်ပင်
ဗိုလ်ချုပ်ကြီးနေ၀င်းကို ကောင်းသည့်အကွက် ရှိလျှင် ကောင်းသည်လို့ 
ပြောပြီး မကောင်းဆိုးဝါးတာတွေ တွေ့ လျှင် ပက်ပက်စက်စက် ပြောတတ်သည့်အထဲမှာ
ကျနော်ပါပါသည် ။ ၈၈-အရေးအခင်းအပြီး န၀တ လက်ထက် နအဖ လက်ထက် ယခု
ဦးသိန်းစိန်လက်ထက်အထိ ကောင်းတာလေးတွေ ရှိလျှင်လည်း
ကောင်းပါသည်ခင်ဗျားလို့  ရှေ့ဆုံးက ကျနော်ပြောရဲသည်။ လေလည်တာကိုပင်
စစ်အစိုးရကြောင့်လို့  ပြောသည့်အထဲမှာ ကျနော်မပါ ။ ခုတော့လည်း
စစ်တပ်ယူနီဖေါင်းချွတ်ထားပြီး အရပ်သားအစိုးရပါလို့  ပြောနေသော
သမတဦးသိန်းစိန်၏ ၀န်ကြီးတချို့ က လာဒ်စားတာများ ကမ်းကုန်နေသည်ကို
ကြားလာရသည်။ သေချာလေ့လာတော့ ကျင်းပနေသော ပြည်သူ့ လွှတ်တော် ညီလာခံမှာပင်
လွှတ်တော်ကိုယ်စားလှယ်တွေကို ဖြန့် ပေးနေသည်ကို သိရှိရသည် ။
       သို့ ဆိုလျှင် ခေတ်အဆက်ဆက် လာဘ်စားနေခဲ့ သော ဒင်းတို့ တွေကို
နိုင်ငံတော်ဘဏ္ဍာငွေ ခိုးယူလိမ်လည် သိုဝှက် ဗြောင်လိမ်စားကာ
လုပ်နေသည့်အတွက် မည်သို့  အရေးယူမည်နည်းဆိုသည်က မေးခွန်းတွေ ဖြစ်လာပြီ ။
၂၀၀၈- ဖွဲ့ စည်းအုပ်ချုပ် အခြေခံဥပဒေမှာ ယင်းသို့  နိုင်ငံတော်ငွေကြေးကို
လိမ်လည် ခိုးဝှက် အလွဲသုံးစား လုပ်ခဲ့ လျှင် သင်ပုန်းချေမည့် ဥပဒေပြဋ္ဌန်း
ထားချက် ရှိလေသလားဆိုသည်ကို ဥပဒေကျွမ်းကျင်သူများက စစ်ဆေးကြည့်ကြရတော့မည်
။ စစ်အစိုးရ၏ အရေခြုံ ၂၀၀၈- ဖွဲ့ စည်းအုပ်ချုပ်ပုံကို လက်မခံသောကျနော်
့မှာ ယင်းဥပဒေတွင် ယင်းကဲ့ သို့  လာဒ်စားမှုများ ၊ သူခိုးသူဝှက်များ ၊
လာဒ်စားမှုများ ၊ ကိုယ်ကျိုးရှာ အလွဲသုံးစားမှုများ ရှိနေသည်ဆိုပါက
ထိုက်ထိုက်တန်တန် အရေးယူ အပြစ်ပေးကြရလိမ့်မည်ဟု လက်ခံယုံကြည့်ထားသည်
့သူဖြစ်သည်။
        သွားလေသူ ဦးနေ၀င်းကို စစ်အာဏာရှင်ဟု တချိန်လုံး ပြောဆိုနေခဲ
့သော ကျနော်တို့ မှာ ခုတော့ သူ့ ထက်ဆိုးသော ဗိုလ်ချုပ်မှူးကြီး
သန်းရွှေကို လက်ပိုက်ကြည့်နေရသည်မှာ သဘာဝမကျလှပေ ။ ၈၈-အရေးအခင်းတွင်
ဗိုလ်ချုပ်မှူးကြီးစောမောင်နှင့် ဗိုလ်ခင်ညွန့်  ၊ ဗိုလ်မျိုးညွန့် တို
့မှာ အဓိက လူသတ်တရားခံဖြစ်ပြီး န၀တကို အကောင်အထည်ဖေါ်ခဲ့ သူများဖြစ်သည် ။
ပြီးတော့ ဗိုလ်ချုပ်စောမောင်ကို ဗိုလ်ခင်ညွန့် က ဗိုလ်ချုပ်မှူးကြီး
သန်းရွှေနှင့်ပေါင်းက နအဖ အစိုးရကို ဆက်လက်ဖန်တီးသည်။ ဗိုလ်ခင်ညွန့် တို့ 
အာဏာလက်စောင်းထက်ချိန် မတရားသေဆုံးကြရသူများ ၊ မတရား အဖမ်းဆီးခံရသူများ
နယ်စပ်ဒေသသို့  ထွက်ပြေးတိမ်းရှောင်ရသူများ နှင့် သားကွဲမယားကွဲ
နောက်ဆုံးဒေါ်အောင်ဆန်းစုကြည်မှာ သူ့ ခင်ပွန်းသေဆုံးတာတောင်
ခွင့်မပြုသူမှာ ဗိုလ်ခင်ညွန့် ဖြစ်သည်ကို ရင်နာနာနှင့် ထိုင်ကြည့်နေရသည်။
မ၀င်းမော်ဦး၏ မိဘ ညီအကို မောင်နှမခမြာ သူတို့  သမီးလေး သေဆုံးရသည်မှာ
သဘောပေါက်နေလောက်ပါပြီ ။ ပုဂံကို ဘုရားဖူးသွားနေသော ဗိုလ်ခင်ညွန်
့ကိုလက်အုပ်ချီပြီး ခရီးဦးကြိုနေသော လူတွေကို မြင်တော့ ထောင်က လွပ်လာသော
သူ့ လို လူမျိုးကို ဘာကြောင့်  လက်အုပ်ချီ လုပ်နေကြရသနည်းဆိုသည်ကို
စဉ်းစားမရ ဖြစ်နေမိသည် ။ သူက ထောင်ကျအကျဉ်းသမား ။
နာမည်ပျက်နှင့်အဖမ်းဆီးခံရသူ ပြီးတော့- -၈၈-အရေးအခင်းမှာ
လူပေါင်းများစွာကို ပစ်မိန့် ပေးပြီး သတ်ခိုင်းသူ ဖြစ်သည်မို့  သူ့ ကို
ဘာမျှ ခရီးဦးကြို လက်အုပ်ချီစရာ မလိုဟုထင်သည်။
                  သူက  ထောင်ကျနေသူမို့  ထောင်ကလွတ်တော့ လူထုက သူ့ ကို
အယင်ကလို ကြောက်ရွံ့နေစေချင်သည်လား မသိ။ လမ်းပေါ်ထွက်ပြ နေလိုက်သည် ။
အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာမူ သေခါနီး
အလောင်း.မပျောက်ရအောင် ငြိမ်ချက်သားကောင်းစွာဖြင့် နေပြထားသည်။ သူ
့အတွက်က အရာရာတိုင်းသည် ပြီးပြည့်စုံပြီဟု ထင်မှတ်နေသည်များလား မပြောတတ်
။ သို့ သော် ယခုကျိန်စာတိုက်လာနေပါပြီ ။ ဦးနေ၀င်းခေတ် အဆက်ဆက် နှင့်
ဦးသန်းရွှေခေတ်အဆက်ဆက် ၏ ၀န်ကြီးဋ္ဌါန လာဒ်စားမှုများနှင့်
နိုင်ငံတော်ဘဏ္ဍာငွေ ခိုးဝှက်ပြီး အလွှဲသုံးစားမှုများမှာ ၀န်ကြီးဋ္ဌါနမှာသာ
တာဝန် ရှိသည် မဟုတ်ချေ ။ အဓိက တာဝန်ရှိသူမှာ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဗိုလ်ခင်ညွန့် မှာ
တာဝန်အရှိဆုံးဖြစ်နေသည်ကို တွေ့ မြင်ရသည်။ နိုင်ငံတော် ဘဏ္ဍာငွေ
အလွှဲစားသုံးမှုကို တာဝန်ရှိသူများအား အရေးမယူခဲ့ ပါက မြန်မာနိုင်ငံ၏
အလွှဲသုံစားမှူများမှာ မည်သည့်အခါမျှ အဆုံးသတ်တော့မည် မဟုတ် ။
          ကျင်းပနေသော ပြည်သူ့ လွှတ်တော် ညီလာခံတွင် ဤပြသနာကို
တင်ပြနေကြသည် ။ အရေးယူမည်လား သို့ မဟုတ် လာဘ်စားငွေများအား
စာရင်းလိမ်များအား ပြန်လည်ပေးဆပ်ပါက လက်သင့်ခံမည်လား ဆိုသည်ကို
ဆွေးနွေးစရာ ရှိသည်ဟု ပြောသံတွေ ကြားရသည်။  တရားဥပဒေမဲ့ 
အလွှဲသုံးစားမှုများမှာ ငွေကို ပြန်ပေးရုံမျှနှင့် ယင်းအမှုမှာ
ပပျောက်သွားသည် မဟုတ်ချေ ။ ပြီးတော့ ယခုက နိုင်ငံတော် ဘဏ္ဍာရေး တခုလုံး
ပြသနာ ဖြစ်နေသည်။ သူတို့  ခေတ်အဆက်ဆက် ကောင်းမှုကြောင့် မြန်မာနိုင်ငံသူ
နိုင်ငံသားတို့ မှာ ကုန်းကောက်စရာ မရအောင် ဆင်းရဲနုံချာ ခဲ့ ရသည် ။
ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံဟု ကြေညာခဲ့ ရသည် ။သို့ သော်
စစ်အုပ်စုတို့ မှာ ကျိကျိတက် ချမ်းသာခဲ့ ကြသည်မှာ ပြော၍မှ မယုံနိုင်စရာ ။
စစ်အာဏာရှင်စနစ် ထွန်းကားသော နိုင်ငံမှာ အာဏာရှင်အုပ်စုတို့ က-
ချမ်းသာကြွယ်ဝပြီး ပြည်သူတွေကတော့ ဆင်းရဲနွမ်းပါးရသည်မှာ ဓမ္မတာပင်ဖြစ်သည်
။ ဒီမိုကရေစီထွန်းကားသော နိုင်ငံများမှာမူ အစိုးရက ဆင်းရဲပြီး
ပြည်သူတွေမှာ ချန်းသာကြီးပွါးကြပါသည်။
       ကမ္ဘာပေါ်မှာ မျက်မှောက်ကာလ အဆင်းရဲဆုံးနိုင်ငံဖြစ်သော
မြန်မာနိုင်ငံကို အဓိက ဆင်းရဲတွင်းက လွပ်မြေက်အောင် ကယ်တင်နိုင်သည့်
လမ်းစမှာ စစ်အာဏာရှင် ဦးသန်းရွှေနှင့် အပေါင်းပါများအား ဥပဒေအတိုင်း
အရေးယူမှ ဖြစ်မည် ။ ယခုအချိန်တွင် သန်းထောင်ချီအလွဲသုံးစား ပြုလုပ်နေသော
ဝန်ကြီးဋ္ဌါနများသည် ဘူးပေါ်သလို ပေါ်လာခဲ့ပြီဖြစ်ရာ ယင်းသို့ သော
အချိန်ကာလတွင် န၀တ နအဖ ခေါင်းဆောင်ကြီးတို့ မှာ အိမ်မက်လှေလှနှင့်
အိပ်စက်နိုင်မည်တော့မထင်ချေ။ အကြောင်းတခုမှာ တရားဥပဒေစနစ်နှင့် ပါတ်သက်၍
ဒေါ်အောင်ဆန်းစုကြည် ပြောကြားသောမိန့် ခွန်းကို သေချာစွာ လေ့လာကြည့်လျှင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအဖို့  ထမင်းလုံးတစ္ဆေ အခြောက်ခံရခြင်းပင်
ဖြစ်နေပေလိမ့်မည် ။
       သူခိုးက လူဟစ်သော ပုံစံအတိုင်း လုပ်နေကျပေါ်လီစီကို သူတို့ 
လုပ်ပြသည်မှာ ခုလည်းလုပ်တုံး ။ ယင်းကား သတ္တူတွင်းဝန်ကြီးဋ္ဌါနက The Voice
ဂျာနယ်ကို တရားစွဲမည်ဟု ဆိုသော အသံကို ကြားရသည် ။ ရယ်စရာဖြစ်နေသည်ကို
မြင်ရသည် ။ ပြည်သူ့ လွှတ်တော်အတွင်းမှာ ဖြန့်ဝေနေသော ယင်းသတင်းကို
တဆင့်ဖေါ်ပြသော ယင်းဂျာနယ်အား တရားစွဲမည်ဆိုခြင်းမှာ စဉ်းစားမရအောင်အထိ
ရွံရှာမိသည် ။ ဖြစ်သင့်သည်က သတ္တုတွင်းဝန်ကြီး ဋ္ဌါန မှ ၀န်ကြီးအပါဝင်
တာဝန်ရှိသူတွေနှင့် အခြားဝန်ကြီးဋ္ဌါန အသီးသီးတွေကိုပါ ထောင်ထဲတန်းပို
့လိုက်ရမည်သာ ဖြစ်သည်။ ခုတော့ ပြန်လည်တရားစွဲမည်ဆိုလျှင်မူ ဤပြသနာ၏
နောက်ကွယ်မှာ မည်သူက ပါဝင်ပတ်သက်လေသနည်းဆိုသည်ကို တွက်ဆကြည့်ရန် လိုသည်။
ကျနော်ထင်ပါသည် ။ နိုင်ငံတော်တခုလုံး ချွတ်ချုံကျအောင် ခိုးစားဝှက်စား
သူခိုးကြီး သူခိုးငယ်များမှာ န၀တ နအဖ ဥက္ကဋ္ဌအပါအ၀င် အတွင်းရေးမှူးတွေနှင့်
ပါမည်ထင်ရသည် ။
      ယခုသူတို့ အမှူ သူတို့ ပြသနာ ရွာပတ်လာပါပြီ ။ တိုင်ပါတ်လာပါပြီ ။
သူတို့ အမှု သူတို့ ပြသနာ လွှတ်တော်အထဲ ရောက်လာပါပြီ ။ မြန်မာနိုင်ငံကို
ပြုပြင်ပြောင်းလဲရေးအတွက် ကျင်းပနေသော လွှတ်တော်သည်လည်း ယခုလို
လဘ်စားနေသော ၀န်ကြီးတွေကို ဥပဒေအရ အရေးယူရန် ဆုံးဖြတ်ချက် ချပေးရန်
တောင်းဆိုကြရမည်ဖြစ်သည်။ ဦးအောင်သောင်း ၊ ဦးကျော်ဆန်းတို့ မှာ
သန်းချီပြီး လဒ်စားနေသော သူခိုးကြီးများဟု ပြောဆိုလာနေကြပြီ ။
စင်စစ်အားဖြင့် သူတို့ အား ဖမ်းဆီး မစစ်ဆေးသမျ -ဥပဒေအရ အပြစ်ရှိသည်ဟု
မပြောဆိုနိုင်သေး ။ သို့ သော် သူတို့  သေချာလွန်းပါသည် ။ သူတို့ တောင်မှ
ယခုအချိန်တွင် ချမ်းသာကြီးပွါးလျင် ဥက္ကဋ္ဌလုပ်ခဲ့ သူများမှာ
မည်မျှချမ်းသာကြီးပွါး ကြမည်နည်း ဆိုသည်ကို စဉ်းစားရန်မလို ။
ဦးအောင်သောင်းက်ု ဖမ်းဆီးစစ်ဆေးလျင် ဦးသန်းေ၇ွှ နှင့် ဦးခင်ညွန့် တို
့ အမှူတွေ တသီကြီး ပေါ်လာနိုင်ပါသည်။ သည်တော့ တခါက နအဖ စစ်အစိုးရကို
မုဒိမ်းတပ်မတော် ဟု ပြောခဲ့ သလို ခုတော့ သူခိုးအစိုးရလို့ 
ပြောနိုင်လောက်အောင် ၀န်ကြီးတွေက နိုင်ငံတော်ဘဏ္ဍာကို ခိုးဝှက်ယူသူများ
ဖြစ်နေပြီ ။ တခါက မုဒိမ်း တပ်မတော်  ခုတော့ သူခိုးအစိုးရဟု ပြောလျှင်
မည်သူငြင်းနိုင်ပါမည်နည်း ။
ခိုင်အောင်ကျော် ( နယူးယောက် )