နေပြည်တော်၊ မတ်-၁၈
နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ အောင်ချမ်းသာကျေးရွာမှ လယ်သမားများနှင့် ယနေ့ တွေ့ဆုံ စကားပြောခဲ့သော အခမ်းအနား တွင် ယခုပေးအပ်သည့် ကြိုတင်ထုတ်ချေး ငွေများအား ချဲထိုးခြင်း မပြုလုပ်ရန် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က သတိပေးပြော ကြားခဲ့သည်။
''ဒီငွေတွေကို ချဲမထိုးပစ်နဲ့နော်။ ချဲထိုးလို့ ချမ်းသာသွားတဲ့သူ ရှိလား။ မရှိဘူးနော်။ ဒိုင်တွေပဲ ချမ်းသာသွားကြတာ မဟုတ်လား။အကယ်၍ များများပေါက်ရင်လည်း (ဒိုင်တွေက) မလျော်ဘဲ ပြေး ရော"ဟု လယ်သမားများများအား တွေ့ဆုံစဉ် ယင်းသို့ပြောကြား
ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ကြိုတင်ငွေရရှိရန်စီစဉ်ပေးခြင်း
အကျပ်မ၀ယ်ခိုင်းလိုကြောင်းသမ္မတြ
ယင်းနောက်ဆက်လက်၍လည်း "ခင်ဗျားတို့ တောင်းတာတွေ အကုန်လုပ်ပေးထားပြီးပြီ။ ပြန်တောင်းဖို့ပဲရှိတော့တယ်။ ဘာ လဲဆို
တာ သိတယ်မဟုတ်လား"ဟု ရင်းနှီးစွာ မေးမြန်းပြောဆိုခဲ့ရာ တက်ရောက်သည့် လယ်သမားများကလည်း "ဟုတ်ကဲ့ သိပါတယ်" ဟု ပြန်လည် ဖြေကြားခဲ့သည်။
အဆိုပါ လယ်သမားများအား ပုလဲသွယ်စပ်မျိုးစပါးတင်း ၁၀၀လျှင်ကျပ်လေးသိန်းနှုန်းဖြင့်
၎င်းင်းကြိုတင်ချေးငွေများအား တစ်တင်းဆံ့ ပလတ်စတစ် အိတ်ဖြင့် ထည့်ကာ မော်တော်ဆိုင်ကယ်ဖြင့် သယ်ရန် ပြင်ဆင်လျက်ရှိ သည့် လူရွယ်တစ်ဦးကမူ "လောလောဆယ် လက်ထဲတော့ ငွေရောက်လာပြီ။ သုံးချင်တာတွေကတော့ အများကြီးပဲ"ဟူ၍ ပြောသည်။
အောင်ချမ်းသာကျေးရွာနှင့်အနီးရှ
7Day News Journal

No comments:
Post a Comment