Wednesday, March 21, 2012

ဗီယက်နမ်သွားတဲ့ မြန်မာစစ်သင်္ဘော ၂ စီး



ပြီးခဲ့တဲ့တပတ်က မဟာဗန္ဓုလ နဲ့ မဟာသီဟသူရ ဖရီးဂိတ် စစ်သင်္ဘောကြီး ၂ စီး ဗီယက်နမ်ကို သွားခဲ့ပါတယ်။ သင်္ဘော ၂ စီးပေါ်မှာ အရာရှိ၊ စစ်သည် စုစုပေါင်း ၂၄၆ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီသင်္ဘောတွေရဲ့ ဗီယက်နမ် ၃ ရက် ခရီးစဉ်ဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာ ရေပိုင်နက်နဲ့ ပတ်သက်ပြီး နိုင်ငံတကာခုံရုံးတခုရဲ့စီရင်ချက်ချမှတ်ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

ဒီစစ်ရေယာဉ် ၂ စီးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို Myanmar Defence Weapons http://mmmilitary.blogspot.com မှာ အခုလို ဖော်ပြထားပါတယ်။

အလျား ၁၀၃.၂ မီတာ၊ တန်ချိန် ၁၇၀၂ တန်ရှိသည်။ တစ်နာရီရေမိုင် ၂၆ မိုင်နှုန်းသွားနိုင်သည်။ ၁၀၀မမ ပုံစံ-၇၉ အမြောက်ကြီး ၂ လက်တွဲ ၂ လက်၊၃၇ မမ ပုံစံ- ၇၆ ၂လက်တွဲ စက်အမြောက်၎လက် ၊ ၂၅၂ မမ ပုံစံ -၈၁ ရေငုပ်သင်းဘောဖျက်ဒုံးပစ်လောင်ချာ ၂လက် ၊ ပုံစံ-၆၂ ရေငုပ်သင်းဘောဖျက် မော်တာ ၂လက်၊ SY-1 သင်းဘောဖျက်ဒုံးပျံ ၄လက်၊ မိုင်းချ စင်များ ပါရှိပြီး အရာရှိ စစ်သည် ၂၀၀ ဦး တာဝန်ယူရသည်။ စီ-၈၀၂ သင်းဘောဖျက်ဒုံးပျံ များဖြင့် အဆင့် မြှင့် သွားမည်ဟုဆိုသည်။
အဲဒီ ဘလော့မှာ မြန်မာနိုင်ငံရဲ့ ကြည်းရေလေ စစ်အင်အားနဲ့ ပတ်သက်တဲ့ အချက်အလက် ဓာတ်ပုံ သုံးသပ်ချက်များကို တွေ့ရမှာပါ။

ဓာတ်ပုံတွေကို http://giaoduc.net.vn/Utilities/PrintView.aspx?ID=126007 ကနေ ယူပါတယ်။















No comments: