
ပြည်သူများအကြား
ပျံ့နှံ့နေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း
စုကြည် ၏ပုံပါ ကဗျာလက်ကမ်း စာစောင်နှင့် ကောလာ ဟလ သတင်း များမှာ မဟုတ်
မှန်ကြောင်း ပါတီ ဗဟိုကော်မတီ ဝင် ဦးအုန်းကြိုင်က ငြင်းဆိုလိုက်သည်။
''ဒေါ်အောင်ဆန်း
စုကြည်က ဒီကဗျာ ကိုမရေးဘူး။ အဖွဲ့ ချုပ်အနေနဲ့လည်း ထုတ်ဝေမှု မရှိပါဘူး။
အဲဒီကဗျာမှာ ပုဂ္ဂလိကတိုက်ခိုက်ရေး သားထားတာ ဖတ်ရပါတယ်''ဟု ဦးအုန်းကြိုင် က
ပြောသည်။ ယခုရက်ပိုင်းအတွင်း ပြည်သူ လူထုအကြား ရောက်ရှိလာ သော
လေးခေါက်ချိုး ရှစ်မျက်နှာ ပါ ကဗျာမှာ ဒေါ်အောင်ဆန်းစု
ကြည်ကိုယ်တိုင်ရေးသားထားခြင်း မဟုတ်မှန်ကြောင်းနှင့် ဒေါ်အောင်
ဆန်းစုကြည်မှာ လုပ်ကြံ ခံရနိုင် သည်ဟုဆိုကာ ၄င်းကိုယ်တိုင် သေတမ်းစာရေး
သားထားသည် ဟု ပျံ့နှံ့ လျက်ရှိရာ မဟုတ်မှန် ကြောင်း ဒီချုပ်ပါတီ
ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဋ္ဌ ဦးနိုင်းနိုင်းက ထပ်မံငြင်းဆို လိုက်သည်။
''ဒါကို အများက မေးလာရင် ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင် ဖြေပါလိမ့်မယ်။
ပါတီအ နေနဲ့လည်း မဝေပါဘူး။ ဘယ်လိုအ ကြောင်းနဲ့မှမဝေပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ကတော့မျိုးစုံအန္တရာယ် ရှိတာပေါ့။ ဘာသာရေးအရရော
လုပ်ထုံးလုပ်နည်းအရပါ မျိုးစုံကာ ကွယ်ပေးထားပါတယ်။ ဒီကဗျာနဲ့ ပတ်သက်လို့
လာပြောတာတွေ တော့ ရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတော့ ထုတ်ပြန်ဖို့
မရှိပါဘူး''ဟု ဦးနိုင်းနိုင်းက ဆက်လက်ပြောသည်။
ယင်းအကြောင်းအရာနှင့်
ပတ်သက်၍ ရန်ကုန်မြို့နေအမျိုးသမီး တစ်ဦးက ''အန်တီက သေတမ်း စာရေးတယ်ဆိုတာ
ဟုတ်လား။ နောက်သူက လုပ်ကြံခံရမယ်လို့ သိ ထားတယ်တဲ့။ သူပိုင်ဆိုင်သမျှ
တွေကို နိုင်ငံတော် အတွက် လှူခဲ့ မယ်ဆိုပြီး သတင်းတွေထွက်နေ တာ'' ဟု
ပေါ်ပြူလာ နယူးစ်သို့ ဆက်သွယ် မေးမြန်းခဲ့သည်။ ပြည်သူ့အချစ်တော် ဒေါ်
အောင်ဆန်းစုကြည်၏ ကဗျာဟု ခေါင်းစဉ်ပါရှိ သည့် လက်ကမ်းစာ စောင်ကဗျာတွင်
ကဗျာခေါင်းစဉ် မပါရှိသလို ဒေါ်အောင်ဆန်းစု ကြည် ရေးသားထားသည်ဟုလည်း
မပါရှိပေ။ ယင်းကဗျာ၌ ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ မောင် ပြည်ပရောက်
ဒေါက်တာ စိန်ဝင်းနှင့် ပတ်သက်သည် များ၊ ၄င်းရရှိသည့် ငြိမ်းချမ်း ရေး
နိုဗယ်ဆုငွေဒေါ်လာ ၁ ဒသမ ၃ သန်းအား ကျန်းမာရေးနှင့် ပညာရေးရန်ပုံငွေ
လှူဒါန်း ရန် စသည်ဖြင့် ရေးသားထားသည်။
သတင်း...... Popular News
No comments:
Post a Comment