Friday, March 9, 2012

အမေစုကိုကြိုဆိုမယ့် မော်လမြိုင့်




မော်လမြိုင်မြိုံ့သူမြို့သား
အမေစုကိုကြိုဖို့ ပြင်ဆင်ထား။

နိုးကြားကြလို့ အမေစုအလာ
သောင်းသောင်းဖျဖျ ကြိုကြမှာ။

လှိုင်စွာသီးတဲ့ ဒူရင်းသီး
အမေစုလာရင် အပြီးမြည်း။

သရက်သီးဆို သစုမိတ်
အမေစုမြည်းရင် ချိုစိမ့်စိမ့်။

ငြိမ့်ငြိမ့်ကလေးပွင့်မယ့် ပိတောက်ပန်း
အမေစုခေါင်းမှာ ဝေဖြာလန်း။

ထန်းပင်ထန်းလက် ထန်းရွက်ညီ
အမေစုကိုကြိုဖို့ တန်းတွေစီ။

ကျိုက်သလ္လံဘုရား စေတီအပါး
အမေစုရောက်ရင် ကြည်ညိုသဒ္ဓါပွား။

ပင်မြင့်ဖျားက ဥသြငယ်
အမေစလာုရင် တေးဆိုမယ်။

လှသွေးကြွယ်တဲ့ ရွှေမြိုင်သူ
အမေစုလာရင် နံ့သာကြူ။

လူတိုင်းပြေးလု ကြိုဆိုပြု
အမေစုမှ အမေစု။

တက္ကသိုလ်ဘုန်းကြွယ်။
မတ်လ ၉ ၂၀၁၂။

No comments: