လာမယ့် ဧပြီလ
ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာဖို့ နိုင်ငံတကာက ရွေးကောက် ပွဲ
စောင့်ကြည့်ရေးအဖွဲ့တွေကို ဖိတ်ကြားလိုက်တာ အရေးကြီးတဲ့ အစပြုမှုဖြစ်တယ်လို့
ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဒီဗွီဘီကို ပြောပါတယ်။
အာဆီယံ၊
အမေရိကန်နှင့် ဥရောပသမဂ္ဂ လေ့လာရေး အဖွဲ့တွေ ကို ကြားဖြတ်ရွေးကောက် ပွဲ
စောင့်ကြည်ဖို့ မြန်မာ အစိုးရက ဖိတ်ကြား လိုက်တဲ့ အပေါ်မှာ အမေရိကန် သံရုံးက
အရာရှိ တဦးက ပြောလိုက်တာပါ။
ခုလိုဖိတ်ကြားလိုက်တဲ့
အပေါ်မှာ အားတက်ရတဲ့ အကြောင်းနဲ့ ဒါဟာ မြန်မာပြည် ဒီမိုကရေစီ အသွင်
ကူးပြောင်းရေးမှာ အရေးကြီးတဲ့ ခြေလှမ်း အဖြစ် ယူဆတဲ့အကြောင်း အမေရိကန်
အရာရှိက ပြောပါတယ်။
ဒီဖိတ်ကြားချက်နဲ့
ပတ်သက်လို့ ၀ါရှင်တန်ကို အကြောင်းကြား ထားပြီး ရွေးကောက် ပွဲ
စောင့်ကြည့်ရေး အဖွဲ့တွေကို စေလွှတ်ဖို့ အသေးစိတ် အစီအစဉ်တွေကိုတော့ အခု
အချိန်မှာ မပြောနိုင်သေး လို့ အရာရှိက ပြောပါတယ်။
မြန်မာအစိုးရဟာ
ကြားဖြတ်ရွေးကောက်ပွဲမှာ အမေရိကန်နဲ့ အီးယူနိုင်ငံတွေ ကို စောင့်ကြည့်ရေး
အဖွဲ့တွေကို ဖိတ်ကြားသလိုပဲ အာဆီယံအဖွဲ့ကိုလည်း ဖိတ်ကြားထား တယ်လို့
အာဆီယံက မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
အဖွဲ့ဝင် ၅
ဦးပါတဲ့ အာဆီယံ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့၊ လွှတ်တော်အမတ်တွေနဲ့
သတင်းသမား ၂ ဒါဇင်ကျော်ကို စေလွှတ်ဖို့ မြန်မာအစိုးရက ဖိတ်ကြားတယ် လို့
အာဆီယံကြေညာချက်က ဆိုပါတယ်။
ရန်ကုန်အခြေစိုက်
အမေရိကန်သံရုံးကတော့ အစိုးရရဲ့ ဒီလိုခြေလှမ်းတွေနဲ့ ပတ်သက်လို့
အားတက်ရပေမယ့် တဖက်မှာလည်း အခုလောလောဆယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အဖွဲ့ဝင်တွေ တိုက်ခိုက်နေရတာ၊ အကျပ်ကိုင်ခံနေရတဲ့ သတင်းတွေ ကြားနေရတဲ့အတွက်
စိုးရိမ်တယ်လို့ ဆိုပါတယ်။
ဧပြီလ
ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့
အစိုးရက လိုအပ်တဲ့ လက်တွေ့ဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့ဟာ
အရေးကြီးတယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။
ဒီဗွီဘီ
No comments:
Post a Comment