Friday, March 9, 2012

လှေခုးထစ်လို တထစ်ပြီးတထစ်လျှောက်




နည်းလမ်းတွေကို ဖြီးဖြန်းလို့မရ
သဘော သဘာသလည်းကျ
အပြောသာဓက လက်တွေ့ပြ
အစစ အရာရာ မသွေအမှန်
ဝေဖန် ခံနိုင်ရမှာဧကန်။

မြန်မာပြည်လွတ်မြောက်ရေး
စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေး
အရေးပါပါ အတွေးမချာဘဲ
မနှေးအမှန်ပ ပထမ-လုပ်ပြရမှာက
ဒေါ်စုလမ်းစဉ်အရ ညှင်သာစွ
အမြင်ပါလှအောင်
ဝင်လာရမှာကလွှတ်တော်ထဲ
ကျားဂူအထွဲ ၀င်လာသလို
ရင်ဖိုစရာဖြစ်ပေမယ့်
မဆုတ်မနစ်တဲ့ဗျတ္တိ
သတ္တိတွေသာ မရှိရင်
ဖမ်းချင်တဲ့ကျားကို ဖမ်းလို့မရ။

ဒီအခြေ ဒီအနေထား စဉ်းစားမိတဲ့အတွက်
အခက်ခဲဘဲ ကြုံကြုံ အသက်ဘဲ ပုံပုံ
ယုံကြည်ချက် အခိုင်အမာနဲ့
ယှဉ်ပြိုင်ကာမနှေး ကြားဖြတ်ရွေးကောက်ပွဲ
မလွဲဝင်နွှဲခဲ့ရတယ်။

ဒေါ်စုဂုဏ်ပုဒ်ကို ဖေါ်ထုတ်စရာမလို
နဂိုရ်ရှိမှ နကိုင်းထွက်
လူထုထောက်ခံချက် အသွယ်သွယ်
ပြောစဖွယ်မရှိ တခုသိထားရမှာက
ပြိုင်ရမယ့်အမတ်တွေက သာမညမဟုတ်
ကလိမ်ကကျစ် အလိမ်အညစ်တွေ
ညစ်နည်းအမယ်မယ် ပစ္စည်းအသွယ်သွယ်နဲ့

အာဏာရှင်အစွယ်အပွား
မွေးဖွားထားတဲ့ စားဖားအမတ်တွေ။

ဒီလိုစားဖား အစွယ်အပွားတွေကို
တရားနည်းလမ်းပြ ကိုယ့်ဖက်စည်းကမ်းတကျ
ပါလာကြဖို့ဆိုတာ မလွယ်ရေးချ မလွယ်ပါ။

အင်အားအထိုထို မင်းကိုနိုင်လိုလူစား
ဝင်သွားဖို့ တကယ်လိုလား။

ဒေါ်စုအား တန်ခိုးထွား အားကိုးထားနိုင်ပေမယ့်
သတိပွားရမှာက ဒေါ်စုက တကိုယ်ထဲ
အများနဲ့ယှဉ်ပြိုင်ချဲတဲ့အခါ အင်အားမှာမမျှ
လက်ပန်းကျရမှာ အသက်မှာလဲ ၇၀-နားနီး
အသက်ကကြီးလာပြီမို့ စိတ်သွားရာကိုယ်မပါ
အရေးနိမ်းရပေအုံးမှာ။

ဒါကြောင့် တပ်အားသစ်တွေဝင်ကာတိုး
မင်းကိုနိုင်လို အင်အားမျိုး
သွန်းဖြိုးဝင်လာမှ အားပြည့်နိုင်မယ်ဗျ။

မင်းကိုယ်နိုင်လဲ လမ်းမှားမလိုက်
အမှန်တရားကြိုက်တဲ့သူမို့
ဒေါ်စုနောက် လိုက်နိုင်တဲ့သူ
ကြည်ဖြူစွာအသက်ပေး
သူအပေါင်းပါးရဲဘော်လေးတွေလည်း
အသွေးခေါ် မသေးတာမို့ သူသွားရာကတို့သို့
အတင်းတွန်းပို့ကြမယ့်သူတွေပါ။

၈၈-ကျောင်းသားများ သွေးသားချင်းညီ
ယုံကြည်ချက်ချင်းပြင်း သေတွင်းကပုံလျက်
ခုန်ထွက်လာသူတွေမို့ ရင့်ကျက်ပြီးသားပါ
ခေါင်းဆောင်ရာမှာ မမှောက်မမှား
ပြည်သူတွေကိုလေးလေးစားစား အရေးထား
အတွေးမမှားဘဲ ဖြောင့်ဖြောင့်သွား
ဤသို့သောလူစား ပါဝင်ဖြည့်
ဒေါ်စုလုပ်ဆောင်ရာမှာ အားတွေပြည့်။
လွှတ်တော်ထဲ ကြံ့ဖွံ့တွေမှာလဲ
ကွဲလွဲအမြင် သုံးမျိုးပင်
တမြင်မှာအပျော့ဆွဲ
ပြောင်းလဲခြင်းကိုလိုလားမြဲ။

ဒုတိယ တမြင်မှာ ကြားနေဆဲ
ဘယ်ဖက်လိုက်ရမှာ မသိဘဲ။

တတိအမြင်မှာ ခေါင်းမာဆဲ
အာဏာရှင်လမ်းစဉ် လက်ကိုင်စွဲ။

နှစ်မြင်ကိုသာ ပိုင်နိုင်စွာ
ပါလာအောင်မလွဲ ကိုယ့်ဖက်ဆွဲ
မဲချတဲ့အခါ အားရှိလာ
ကိုယ်လိုချင်ရာ လုပ်နိုင်တော့မှာ။

အဲဒီခါမှာ ပြင်ချင်ရာ ၂၀၀၈
အများသဘောတူ ပြင်ကာပစ်
စစ်မှန်တဲ့ ဒီမိုကရေစီစခန်း
အစီအရီနဲ့ တက်ကာလှမ်း
ပြည်သူပြည်သား အလွန်ငြိမ်းချမ်း။

ဒီတလှမ်း မအောင်မြင်
နောက်တလှမ်းပြင်
အဆင်သင့် အခိုင်ခိုင် သုံးပွင့်ဆိုင်
အပြိုင်ဆိုင်တိုက်က အာဏာရှင်ကျ
နည်းလမ်းစကို မှန်းရည်ရွယ်
လူထုအရေးတော်ပုံကြီး အောင်လိမ့်မယ်။

အဲဒီအခါ ဒို့ပြည်ရွာမှာ
ကျည်ဆံမိုးတွေ ရွာမယ့်အစား
ပန်းများဖြိုးဝေ ပန်းမိုးတွေ
သွန်းဖြိုးဝေဖြာ ရွာလိမ့်မယ်။

တက္ကသိုလ်ဘုန်းကြွယ်
မတ်လ-ဂ-၂၀၁၂















No comments: