ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ရက်အနည်းငယ်သာ
ကျန်ရှိသည့် အချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အတွက်
ပြင်ဆင်မှုနှင့် ပတ်သက်ပြီး ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းအား
မြန်မာတိုင်း(မ်)မှ ရွှေယင်းမာဦးက မတ်လ ၂၁ ရက်နေ့၌ တွေ့ဆုံမေးမြန်းထားသည်။
အတွဲ ၂၉ ၊ အမှတ် ၅၆၂ (၂၃ - ၂၉ ၊ ၃၊ ၂၀၁၂)

မတ်လ ၁၄ ရက်နေ့က လားရှိုးမြို့သို့ ရောက်ရှိလာသော အင်န်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ
* အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့
မဲဆွယ်စည်းရုံးမှု နည်းဗျူဟာကို ရှင်းပြပေးပါ။
အဓိကအားဖြင့် ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲ ကြေညာ စာတမ်း ပေါ်မှာ အခြေပြုပြီးလုပ်တယ်။ ဒီရွေးကောက်ပွဲ ကြေညာစာတမ်း မှာပါတဲ့ အချက်တွေကို ပြည်သူတွေအားလုံး နားထဲ လက်ထဲ ရောက်အောင် အန်ကယ် ကြိုးစားလုပ် တယ်။ အန်ကယ်တို့လုပ်တဲ့ ကာလမှာ ရွေးကောက်ပွဲဆိုင်ရာ အခက်အခဲတွေ အများကြီးရှိတယ်။ လူတိုင်း သိနေတဲ့ မဲ စာရင်းတွေက အလွန့်အလွန်ကို မှားနေတယ်။ ဘာ ကြောင့်ဖြစ်လဲ စဉ်းစားတဲ့ အခါမှာ အောက်ခြေ ကော်မရှင်ရုံး တွေက ရုံးမရှိဘူး။ ၀န်ထမ်းမရှိဘူး။ လိုအပ်တဲ့ စက်ပစ္စည်းတွေမရှိဘူး။ အဲတော့ သူတို့က လည်း နိုင်သလောက်အင်အားနဲ့ပဲ လုပ် လို့ ဒီလိုဖြစ် တယ်လို့ နားလည်ထားတယ်။ အဲဒီလို မဲစာရင်းမပြည့်မစုံတာတွေဟာ အခုထိ မပြေလည်သေးဘူး။ မဲစာရင်းကို မရတဲ့နေရာတွေ၊ ဥပမာ တောင်တွင်းကြီးမှာ မရသေးတဲ့ကျေးရွာတွေ အများကြီး ရှိသေးတယ်။
* အဲဒီပြဿနာကို ဧပြီ ၁ ရက်နေ့အထိ ဖြေရှင်းလို့ မပြီးဘူးဆိုရင် ဘယ်လို ဖြစ်လာမလဲ။
ဖြေရှင်းလို့မပြီးဘူးဆို အန်ကယ်တို့ရဲ့ အဖွဲ့ဝင်တွေကိုမှာနေတာ။ အန်ကယ် တို့မှာ မဲရုံကိုယ်စားလှယ်၊ မဲရုံအကူ ကိုယ် စားလှယ် နှစ်ယောက်ရှိတယ်။ ဒီနှစ် ယောက်ကို ဒီအမှားအယွင်းစာရင်းကို ကိုင်ခိုင်းထားမယ်။ မဲလာပေးလို့ ဒီအမှား စာရင်းထဲကဆို ကန့်ကွက်ရမယ်။ ဒါ နောက်ဆုံး Checkpoint ပဲလို့ နားလည် ထားတယ်။
* ၂၀၁၀ တုန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မှတ်ပုံလည်းမတင်ဘူး၊ ၀င်လည်းမပြိုင်ဘူးပေါ့နော်။ အဲဒီ ရွေးကောက်ပွဲကို မြင်ခဲ့ရတာနဲ့ အခု ကြားဖြတ်ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ် ပေးပါလား အန်ကယ်။
၂၀၁၀ မှာတုန်းကတော့ မဲစာရင်းကို ကူးလို့ရှိရင် တစ်မျက်နှာကို ကျပ် ၂၀၀ ပေး ရတယ်။ အလွန်များတယ်။ မဲစာရင်း စာရွက်ကလည်း ထောင်ချီနေတော့ ငွေ အများကြီးကုန်တဲ့အတွက် မကူးကြဘူး။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတော့ မသိဘူး။ ကျန် ပါတီတွေ ဘယ်သူမှမကူးဘူး။ မကူးတော့ စစ်ဆေး ကြည့်ဖို့ အခက်အခဲရှိတယ်။ မလုပ်နိုင် ဘူး။ မစစ်ဆေးနိုင်တဲ့အချက်တွေကိုပဲ တချို့ကော်မရှင်တွေက အဲဒါကိုပဲ ထိုး တင်ပေးလိုက်တဲ့သဘော။ ၂၀၁၀ တုန်း က ရှိပြီးတော့ ယနေ့ကွယ်လွန်သွားကြတဲ့ လူတွေ (စာရင်းထဲမှာ) အဲဒီအတိုင်းရှိနေ တယ်။ အဲဒါကြောင့် အဲဒီလိုဖြစ်နိုင်တယ် လို့ တွက်တာ။
* ဒါဆို ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတမှုရှိတယ် မရှိ ဘူးဆိုတာကျတော့ အန်ကယ်တို့ ဒီ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ် ဆေးမှာလား။
ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ် လပ်ပြီး တရားမျှတတယ်လို့ ပြောရတဲ့ အဆင့်ကို အန်ကယ်တို့ အများကြီး စိုးရိမ်တယ်။ အန်ကယ်တို့ အခုလုပ်နေ တာလည်း မဲစာရင်းတွေကိုပြင်ဖို့ ပြုဖို့ လိုတာတွေထည့်ဖို့၊ မှားတာတွေပြင်ဖို့ လုပ်နေတာဟာ တရားမျှတတဲ့ ရွေး ကောက်ပွဲဖြစ်ဖို့လုပ်နေတာ။ အင်န် အယ်လ်ဒီပါတီတစ်ခုတည်း အကျိုးခံစား ရမှာမဟုတ်ဘူး။ ပါတီအားလုံး အကျိုး ခံစားရမယ့် အလုပ်ကို လုပ်နေတာပါ။
* တကယ်လို့ ရွေးကောက်ပွဲဟာ တရား မျှတမှုမရှိခဲ့ဘူးဆိုရင် ရွေးကောက်ပွဲ အပြီးမှာ အန်ကယ်တို့ ဘာဆက်လုပ် မှာလဲ။
ကမ္ဘာပေါ်မှာ ဘယ်ရွေးကောက်ပွဲ ဖြစ်ဖြစ် ချို့ယွင်းချက်ရှိတာပဲ။ ချို့ယွင်း ချက်လေးတွေ့ရုံနဲ့ free and fair မဖြစ် ဘူးလို့လည်း ပြောလို့မရဘူး။ အားလုံး ခြုံငုံပြီးတော့မှ ပြောလို့ရတော့မယ့် ကိစ္စ။ အခုလည်း ရွေးကောက်ပွဲနီးလာ ပြီ၊ ပြဿနာတွေ များတယ်။ ဒါပေမယ့် ရွေးကောက်ပွဲနေ့မှာ ဘယ်လောက်ထိ မျှမျှတတ မဲရုံမှူးတွေက ကြီးကြပ်မလဲ။ အန်ကယ်တို့ကရော ဘယ်လောက် ထောက်ပြနိုင်မလဲ။ ဒီအပေါ်မှာ မူတည် ပြီးမှ free and fair ဆိုတာကို အန်ကယ် တို့ ပြန်သုံးသပ်ရမှာပေါ့။
* ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည် ထောင်စုအဆင့်က ၄၆ နေရာပဲရှိတာ ဆိုတော့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ အသွင်ပြောင်းရေးမှာ ဘယ်လောက် အထိ အကျိုးသက်ရောက်မှုရှိမယ်လို့ ထင်ပါသလဲ။
အရေအတွက်အားဖြင့် ပြောမယ်ဆို ရင်တော့ အရေအတွက်က ရာခိုင်နှုန်း အများကြီးနည်းပါတယ်။ ဒါပေမယ့် အန်ကယ်တို့ရဲ့ ပြည်သူတွေရဲ့ဆန္ဒတွေ၊ ပြည်သူတွေ အကျိုးရှိမယ့်ကိစ္စတွေကို ဒီလောက်နည်းနည်းနဲ့လည်း လွှတ်တော် မှာ တင်ပြနိုင်တယ်။ ဥပဒေကြမ်းလုပ်နိုင် တယ်။ မေးခွန်းထုတ်နိုင်တယ်။ အန်ကယ် တို့လုပ်တာသည် ပြည်သူကို အကျိုးပြု တာဖြစ်လို့ ကျန်သော လွှတ်တော်ကိုယ် စားလှယ်တွေကလည်း ပါဝင် နိုင်တယ်လို့ အန်ကယ်တို့ ယုံကြည်ထားတယ်။
* အန်ကယ်တို့ ၀င်ပြိုင်မယ့် ၄၇ နေရာ မှာ ဘယ်နှနေရာလောက် နိုင်မယ် လို့ ကြိုခန့်မှန်းထားလဲ။
အန်ကယ်တို့ခန့်မှန်းခြေကတော့ ၄၀ ၀န်းကျင်လောက်တော့ နိုင်လိမ့်မယ်လို့။ ဒါပေမယ့် ဆောင်ရွက်နေတာကတော့ ၄၇ နေရာ စလုံးနိုင်အောင်လို့ ဆောင်ရွက် နေပါတယ်။

သူမရဲ့ အကြည့်နဲ့ အပြုံးမှာ မေတ္တာတရားတွေ တပ်ဆင်ထားတယ်လို့ မြင်မိတယ်
![]() |
| ဒါကတော့ သူမရဲ့ မိန့်ခွန်းမပြောကြားမီပုံလေးပါ။ ပီတိပန်းဝေတယ်လို့ ဆိုရမယ်။ |
![]() |
| သူမရဲ့ အကြည့်နဲ့ အပြုံးမှာ မေတ္တာတရားတွေ တပ်ဆင်ထားတယ်လို့ မြင်မိတယ်။ |
![]() |
| ကော့မှူးကို လေးကြိမ်မြောက် ၀င်ရောက်လာတဲ့ လူထုခေါင်းဆောင်။ |
![]() |
| သူမက အားအပြည့် မာန်အပြည့်နဲ့ တက်ကြွစွာ ဟောပြောတယ်။ |
![]() |
| အမေလာရင် ပျော်ကြတယ်.... အိုးစည်မောင်းတီးကြိုကြကွယ်... ဒေါင်းအလံလေး လွှင့်လို့ရယ်... ဘ၀ကောင်းဖို့ မဲပေးမယ်.... |
ယဉ်ကျေးလိမ္မာသင်တန်းမှ ကလေးငယ် ၄၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွား
အစာအဆိပ်သင့်သည့် ကလေးငယ်များ တက်ရောက်ကုသခဲ့သည့် အင်းစိန်အထွေထွေရောဂါကု ဆေးရုံကြီးကို တွေ့ရစဉ်
''ညနေသုံးနာရီမှာ ကလေးတွေကို နို့သစ်ခွတိုက်တယ်။ ကလေးတွေက ညနေ သုံးနာရီခွဲလောက်မှာ စပြီး အစာအဆိပ်သင့်တဲ့ လက္ခဏာတွေ စဖြစ်လာတယ်လို့ သင်တန်းကျောင်းကသူတွေရဲ့ ပြောကြားချက်အရ သိရတယ်။ သင်တန်းမှာ ကလေးကအယောက် ၁၀၀ ကျော်လောက် ရှိပေမယ့် အစာအဆိပ်သင့်တဲ့ ကလေးကတော့ ၄၀ ကျော် ဖြစ်ခဲ့ပါတယ်။ ဖြစ်ဖြစ်ချင်း ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဘုန်းကြီးရယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရယ်၊ ထောက်ကြန့် ဒေသန္တရကျန်းမာရေးက တာဝန်ရှိသူတွေရယ်၊ ထောက်ကြန့် ရဲစခန်းကသူတွေ ရယ် လာစစ်ဆေးပြီး ကလေးတွေကို အင်းစိန် အထွေထွေရောဂါကု ဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်။ တချို့ကလေးတွေကတော့ ချက်ချင်း သက်သာသွားတဲ့အတွက် ဆေးရုံတောင် မပို့ခဲ့ရပါဘူး'' ဟု ဖြစ်စဉ်အား သွားရောက်စစ်ဆေးခဲ့သော မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ကျော်ဆန်းလွင်က ပြောကြားခဲ့ပါသည်။
အင်းစိန် အထွေထွေရောဂါကု ဆေးရုံကြီးသို့ ကလေးဦးရေ ၃၀ ခန့် တက်ရောက်ဆေးကုသမှုခံယူခဲ့ပြီး အတွင်းလူနာ ၁၂ ဦး၊ ပြင်ပလူနာ ၁၈ ဦး တက်ရောက်ကုသခဲ့ရကြောင်း သိရသည်။
''ဆေးရုံကို ကလေးတွေ ညနေ ငါးနာရီခွဲလောက်မှာ စရောက်လာတယ်။ ကလေးအားလုံးပေါင်း ၃၀ ဦး ရောက်လာပါတယ်။ အများစုက ဗိုက်အောင့်တာ၊ ဗိုက်ထဲမှာ မအီမလည်ဖြစ်တာ၊ အော့အန်တာ၊ ခေါင်းကိုက်တာတွေ ဖြစ်ခဲ့ပါတယ်။ ကလေးတွေကို လာပို့တဲ့သူ တွေရဲ့ ပြောကြားချက်အရ နို့သစ်ခွ ဖျော်ရည်ထဲကို သံပရာသီး ညှစ်ထည့်ထားတဲ့ ဖျော်ရည် တိုက်လိုက်တယ်လို့ ပြောတယ်။ တွဲဖက်မစားသင့်တဲ့ နို့နဲ့ သံပရာသီးကို တွဲစားမိလို့ ဓာတ်မတည့်ဘဲ အစာအဆိပ်သင့်တာတွေ ဖြစ်တာပါ။ အသေအပျောက်လည်း မရှိခဲ့ပါဘူး''ဟု အင်းစိန် အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဆန်းက ပြောကြားခဲ့ပါသည်။
ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ သူများတွင် အသက် ၈ နှစ်မှ ၁၆ နှစ်အတွင်းရှိ လူငယ်များဖြစ်ကြောင်းနှင့် ဆေးရုံတက်ရောက်ခဲ့သူများ အားလုံး ကျန်းမာရေး ကောင်းမွန်သွားသည့်အတွက် မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း အင်းစိန်အထွေ ထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဆန်းက ဆိုသည်။
EMG
ခြံပိုင်ရှင်အချို့ လျော်ကြေးငွေများ ယခုအချိန်ထိ မရရှိသေး

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသ၌ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေး စီမံကိန်း စတင်ချိန်၌ ဒေသခံများအား အသိပေးခြင်းမရှိဘဲ လမ်းကြောင်း ဖောက်လုပ်ခြင်းနှင့် အဆောက်အအုံ ဆောက်လုပ်ခဲ့ခြင်း တို့အတွက် အဆိုပါ မြေများကို ပိုင်ဆိုင်သော ဒေသခံများအား နေပြည်တော်မှ တာဝန်ရှိသူများ လာရောက်၍ နစ်နာကြေး ပေးအပ်ခဲ့ပြီး စီမံကိန်းတာဝန်ရှိသူများအား ဒေသခံများကို အသိမပေးဘဲ ခြံမြေများကို ရှင်းလင်းခြင်း မပြုရန် သတိပေးခဲ့ကြောင်း သိရသည်။
ထိုသို့ နစ်နာကြေး ပေးအပ်ခဲ့သော်လည်း ယခုအချိန်ထိ နစ်နာကြေး ရရှိခြင်းမရှိသူများ ကျန်ရှိနေသေးပြီး အမြန်ဆုံးပေးအပ်ရန် ဒေသခံခြံပိုင်ရှင်များက တောင်းဆိုမှုများ ရှိနေကြောင်း သိရသည်။
“တခြားသူတွေပြောတာက အခု တစ်ဧကကို သိန်း၁၀၀နီးပါး လောက်နဲ့ သူတို့ (ရေနက်ဆိပ်ကမ်း တာဝန်ရှိသူများ)က ဘ၀ါဘက်မှာ လျော်ကြေးပေးခဲ့တယ်လို့ သိရတယ်။ ဘ၀ါဘက်မှာ ဒေသခံတွေထဲက မြေ၀ယ်ဖို့ ပိုက်ဆံရှိပေမယ့် မြေမရှိတော့ဘူးလို့ သိရတယ်။ အဒေါ့်ခြံက ကမ်းခြေနံဘေးမှာရှိပြီး သူတို့လမ်းကြောင်း ဖောက်ရာမှာ ပါသွားတာ။ ဘေးခြံက ဦးသောင်းဝင်းက သူတို့ပေးတဲ့ လျော်ကြေးကို မကျေနပ်လို့ မယူဘဲနေတာ ကိုသူတို့က အဒေါ့်ကိုပါ မပေးတော့ဘူး။ သူတို့နဲ့ သဘောတူ ထားတာက သီဟိုဠ်တစ်ပင်ကို ကျပ် ၄၀၀၀၀နှုန်း နဲ့ အပင် ၄၀ အတွက် ၁၆ သိန်းပါ။ ဒါကို ၁၀ သိန်းပဲပေးနိုင်မယ်ဆိုပြီး ဈေးလာဆစ်နေတာ မနည်းတော့ဘူး။ ကြာလာတော့ အဒေါ်လည်း ပြောနေညှိနေရင် ကြာမှာစိုးလို့ ဈေးဆစ်နေတဲ့ ၁၀ သိန်းနဲ့ပဲ သဘောတူ လက်မှတ်ထိုး လိုက်တော့တယ်။ အဲဒီ လို သဘောတူ လက်မှတ်ထိုး ထားတာကိုတောင် သူတို့ကလျော်ကြေး မပေးဘူး။ သွားပြီးမေးတော့ အဒေါ့် ခြံနံဘေးက ဦးသောင်းဝင်းက လျော်ကြေးကို သဘောမတူနိုင်ဘူးလို့ဆို ပြီး လာပြောသွားလို့ အဒေါ့်ကိုပါ မပေးနိုင်တော့ဘူးတဲ့။ ဘာဆိုင်လို့လဲ။ သူတို့မြေတွေ လမ်းဖောက်ထားတာက ပြီးသွားပြီ။ လက်မှတ်ထိုးထား တာကလည်း မနှစ်က တစ်လပိုင်းက တည်းကပါ။ အခုဆိုတစ်နှစ်ကျော် နေပြီ။ ဦးသောင်းဝင်းက သူတို့ပေးတဲ့ဈေးကို သဘောမတူလို့ အဒေါ့်ကို လည်းမပေးဘူးဆိုရင် သူတို့နဲ့အဒေါ် သဘောတူထားတဲ့နှုန်းအတိုင်း မယူနိုင်တော့ဘူး။ အဒေါ်နဲ့အတူ လျော်ကြေးမရသေးတဲ့ ခြံပိုင်ရှင် ခုနစ်ယောက် ကျန်သေးတယ်။ လမ်းဖောက်ရာမှာ ပါသွားတာက တကယ်ရှိတာ သီဟိုဠ်အပင် ၅၀ပါ။ ဘာလို့သီဟိုဠ် ၁၀ ပင် စာရင်းဖျောက်လိုက်လဲ မေးတော့ မယင်းကြီးရွာ ဥက္ကဋ္ဌက အပင်များနေလို့တဲ့။ ဒါဆိုလည်းထားတော့၊ သူတို့စာရင်းပြတဲ့ အပင် ၄၀ တောင် ဒီနေ့အထိ လျော်ကြေး မရသေးဘူး” ဟု မယင်းကြီးရွာမှ လမ်းကြောင်း ဖောက်လုပ်မှုအတွက် လျော်ကြေးငွေ မရရှိသေးသူ ဒေါ်မိစုငယ်က ပြောကြားသည်။
ထားဝယ် အထူးစီးပွားရေးဇုန် အထောက်အကူပြု အဖွဲ့မှ ထုတ်ပြန်ထားချက်အရ စီမံကိန်းဧရိယာအတွင်း ရှိ ထိန်ကြီး၊ လဲရှောင်၊ မရဒတ်၊ မူဒူး၊ မယင်းကြီး၊ ညောင်ပင်ဆိပ်နှင့်ရေ ကာတာတည်ဆောက်မည့်ကလုံးထာ ကျေးရွာများရှိ ဒေသခံများ၏ လူနေ အိမ်ခြေများ၊ အဆောက်အအုံများ၊ လယ်ယာဥယျာဉ်ခြံမြေများ၊ သီးပင် စားပင်များနှင့် စိုက်ခင်းများကို ပြောင်းရွှေ့ရသူများအတွက် မူလအဆင့်အတန်းထက် မနိမ့်ကျစေဘဲ ယင်းတို့ ၏ အခြေခံလိုအပ်ချက်များကို ပြည့်စုံအောင် ရင်းနှီးမြှုပ်နှံသူဘက်က ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်မည့် ကုမ္ပဏီကို မြေလွှဲပြောင်းပေးရန်အတွက် ဇုန်အလိုက် လျော်ကြေးကိစ္စများပြီး ပြတ်မှ မြေကိုလုပ်ငန်း ဆောင်ရွက်မည့်အပိုင်း အလိုက် (Partcially) လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် စီမံကိန်းစတင်မည့်အချိန် အစိုးရလက်ထက်က လမ်းညွှန်ထားချက်အရ နှစ်ရှည်သီးနှံ ပေါ်တွင်သာ ၀င်ငွေမှီခိုရပ်တည်နေရသော မိသားစုဖြစ်ပါက ယင်းနှစ်ရှည်သီးနှံအတိုင်း နေရာသစ်တွင် စိုက်ပျိုးစေ ပြီး ၀င်ငွေရရှိချိန်မှသာ ထိုဝင်ငွေဖြင့် ဆက်လက် ရပ်တည်နိုင်ရေး၊ ပြောင်း ရွှေ့ပေးရန် အချိန်စော၍ပြောင်းရွှေ့ ပေးစေလိုပါက ထိုနှစ်ရှည်ဝင်ငွေဖြင့် မိသားစုရပ်တည်နိုင်သည့် အခြေအနေအတိုင်း လစဉ်၊ နှစ်စဉ်ထောက်ပံ့ ကြေးပေး၍ အာမခံရန်လိုကြောင်း သိရသည်။
စီမံကိန်းဧရိယာအဖြစ် သတ်မှတ်ထားသည့်၂၀၄ဒသမ၅၀စတုရန်း ကီလိုမီတာ ၅၀၅၃၅ဒသမ၀၂ဧက အတွင်းရှိ ဒေသခံများ၏ စိုက်ပျိုးမြေများဖြစ်သော လယ်၊ ဥယျာဉ်နှင့် ဓနိ စုစုပေါင်း ၃၅၈၄၇ဧကအတွက် ထားဝယ် အထူးစီးပွားရေးဇုန် အထောက်အကူ အဖွဲ့(ယာယီ)မှနေ၍ စစ်တမ်း ကောက်ယူခြင်းနှင့် လျော်ကြေးငွေ ပေးအပ်ခြင်းများကို ယခုနှစ်အစပိုင်း မှစ၍ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။
EMG
ကြားဖြတ်ရွေးကောက်ပွဲနှင့်ပါတ်သတ်ပြီး ဦးဌေးဦး နှင့်မေးမြန်းချက်
ကြော်ငြာကောင်းပြီး ပစ္စည်းမကောင်းရင် ကြုံတွေ့ရမယ့် ဆိုးကျိုးတွေကိုလည်း
ပြည်သူတွေက နားလည်ကြပါတယ်- ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
အထွေထွေအတွင်းရေးမှူး ဦးဌေးဦး
ရွှေယင်းမာဦး (မြန်မာ့တိုင်းမ်)

ဓာတ်ပုံ - ကောင်းထက်
* ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး
ရေးပါတီအနေနဲ့ ကြားဖြတ်ရွေး ကောက်ပွဲတွင် မဲဆွယ်စည်းရုံးမှုကို ဘယ်လိုပုံစံနဲ့ လုပ်ခဲ့ပါသလဲ။ လုပ်ခဲ့
ရသလောက်မှာ ပြည်သူရဲ့အားပေး
မှုနဲ့ လွတ်လပ်မှုကိုရော ကျေနပ်
အားရမှု ရှိပါသလား။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရဲ့ ရည်မှန်းချက်မှာ နိုင်ငံတော်နှင့် ပြည်သူများအားလုံး၏ တည်ငြိမ်အေး ချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိခံစားနိုင် ရေးဖြစ်ပါတယ်။ ပါတီရဲ့ ရည်မှန်းချက် အတိုင်း ပြည်သူများ တည်ငြိမ်အေးချမ်း မှုရရှိခံစားနိုင်ရေးနဲ့ ပြည်သူ များအကျိုး ရှိစေသော လိုအပ်ချက်တွေကို တတ်စွမ်း သရွေ့ ပါဝင်ဖြည့် ဆည်းဆောင်ရွက်ပေး နေပါတယ်။ ဒီဆောင်ရွက်နေမှုတွေက ကြားဖြတ် ရွေးချယ်မယ့် ၄၈ နေရာ မှာသာ ဆောင်ရွက်နေတာမဟုတ်ဘဲ ကျန်တဲ့ နေရာတွေမှာလည်း ဆောင်ရွက်နေပါ တယ်။ မိမိတို့ပါတီအနေနဲ့ အကျိုး ပြု လုပ်ငန်းတွေကို ယခင်ကလည်း ဆောင် ရွက်ခဲ့ပြီး ယခုလည်း ဆောင် ရွက်လျက်ရှိ ပါတယ်။ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေ ကျန်ရှိနေပါက အခြေအနေပေးတာနဲ့ ပြီးပြတ် အောင် ဆောင်ရွက်ပေးဖို့ အာမခံ ပါတယ်။ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ကို အပြောနဲ့မဟုတ်ဘဲ လက်တွေ့ ဆောင် ရွက်မှုတွေကို ပြည်သူတွေ သိရှိကြပြီးဖြစ် ပေမယ့် လက်တွေ့ဆောင်ရွက်ခြင်းမရှိ သူတွေရဲ့ ပြောကြားချက်တွေအပေါ် မှန်ကန်စွာ စဉ်းစားဆင်ခြင်နိုင်ရန်သာ မိမိလုပ်ဆောင်ချက်တွေနဲ့ ယှဉ်တွဲပြီး ရှင်းလင်းအသိပေးမှု ပြုလုပ်ပါတယ်။ ပြည်သူတွေရဲ့ လိုအင်ဆန္ဒအတိုင်း အကျိုးရှိစေ မိမိတို့ရဲ့လက်တွေ့ လုပ်ဆောင် ခဲ့မှုတွေ အတွက် ပြည်သူတွေ က ကျေနပ်အားရမှုရှိသကဲ့သို့ မိမိတို့ အနေနဲ့လည်း ၀မ်းသာပီတိဖြစ်မိပါ တယ်။ ပြည်သူတွေ အကျိုး အတွက် လက် တွေ့ဆောင်ရွက်ပေးတဲ့ လုပ်ငန်းစဉ် တွေဖြစ်လို့ ပြည်သူတွေရဲ့ အားပေးမှု၊ လွတ်လပ်မှုတွေအပေါ် ကျေနပ် အားရ မှု ရှိပါတယ်။
* အခု ဧပြီ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ် လပ် မျှတမယ်လို့ ယူဆပါသလား၊ ဘာကြောင့်ပါလဲ။
ရွေးကောက်ပွဲတိုင်းဟာ လွတ် လပ် မျှတမှုရှိကြပါ တယ်။ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်အနေနဲ့ လည်း စနစ်တကျ ညွှန်ကြား ကြပ်မတ်လျက် ရှိပါတယ်။ ကျွန်တော်တို့ပါတီအနေနဲ့ လည်း တရားသော နည်းလမ်းအတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်နေ ကြသလို ကျန်သောပါတီတွေအနေနဲ့ လည်း သတ်မှတ်ချက်များနှင့်အညီ တရားသောနည်းလမ်းများအတိုင်း ပါဝင်ယှဉ်ပြိုင်ရေး ကြိုးပမ်းလျက်ရှိ ကြောင်း သိရပါတယ်။
* ၂၀၁၀ ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲမှာ ကိုယ်စားလှယ်ဦးရေ အများဆုံး အနိုင်ရခဲ့တဲ့ ပါတီတစ်ခု အနေနဲ့ အဲဒီရွေးကောက်ပွဲ နဲ့ မကြာမီ ကျင်းပမယ့် ကြားဖြတ်ရွေး ကောက်ပွဲ ကို နှိုင်းယှဉ်သုံးသပ်ပေးပါ။
၂၀၁၀ ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲမှာ နေရာပေါင်း ၁,၁၅၄ နေရာ ရှိပြီး အခုနေရာပေါင်း ၄၈ နေရာသာရှိ ပါတယ်။ ယခင် ၂၀၁၀ ပြည့်နှစ် နေရာများ ရဲ့ အစွန်းထွက် ဆယ်ဂဏန်း ၅၄ ထက် တောင် နည်းနေပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပါတီ တချို့က ပါဝင် ယှဉ်ပြိုင်ခြင်းမပြုခဲ့ခြင်း၊ ကန့်ကွက်မှု များပြုလုပ်ခြင်းတို့ ရှိခဲ့သော်လည်း ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်လာ တာ တွေ့ရပါတယ်။ ယခင်နဲ့မတူတဲ့ ပြောင်းလဲမှုဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့အကျိုးအတွက် ပါဝင် ဆောင်ရွက်လာခြင်း ဖြစ်တယ်လို့ ရှုမြင် ပါတယ်။
* ရွေးကောက်ပွဲနေ့ မဲရုံတွေမှာ စောင့် ကြည့်သူတွေ ထားရှိဖို့အတွက် ဘယ်လို စီစဉ်ထားပါသလဲ။ အထူး သဖြင့် မဲရေတွက်မှုကို ဘယ်လို စောင့်ကြည့် သွားမလဲဆိုတာ သိပါ ရစေ။
ကော်မရှင်က ထုတ်ပြန်ထားတဲ့ ညွှန် ကြားချက်တွေနဲ့အညီ ဖွဲ့စည်းဆောင် ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူများနှင့် မဲရုံတာဝန်ရှိသူ များကို ယုံပါတယ်။
* မဲဆန္ဒနယ် ၄၈ ခုမှာသာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာ နိုင်ငံရဲ့ဒီမိုကရေစီအသွင်ပြောင်းမှု လမ်းကြောင်းမှာ ဘယ်လောက် အရေးပါပါသလဲ။ ဘယ်လောက် ရော အရှိန်တွန်းပေးနိုင်ပါမလဲ။
၄၈ နေရာသာရှိတဲ့အတွက် အရေ အတွက်ကတော့ နည်းပါတယ်။ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ပြောင်းရေး လမ်းကြောင်းအတိုင်း စိတ်ကောင်း စေတနာမှန်နှင့် ပါဝင်ဆောင်ရွက်လာ ခြင်းဆိုတဲ့ ယုံကြည်စိတ်က တွန်းအားဖြစ် စေမယ်လို့ ယူဆပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဦးရဲထွဋ် မဲဆွယ် စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်။
ဓာတ်ပုံ - ဘူးသီး
* ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်နှ နေရာလောက် နိုင်မယ်လို့ ခန့်မှန်း ယုံကြည်ထားပါသလဲ။
ပါတီတိုင်းဟာ အနိုင်ရမယ်လို့ ယုံကြည်ပြီး ရွေးကောက်ပွဲဝင်ကြတာ ဖြစ်ပါတယ်။ မဲဆန္ဒရှင် ပြည်သူတွေအနေ နဲ့ ဘယ်ပါတီ၊ ဘယ်လို ပုဂ္ဂိုလ်တွေက အပြောနဲ့မဟုတ်ဘဲ အလုပ်နဲ့လက်တွေ့ အကျိုးပြု နေတယ်၊ အကျိုးပြုနိုင်စွမ်းရှိ တယ်ဆိုတာ ခွဲခြားပြီးသိပါတယ်။ ကြော်ငြာကောင်းပြီး ပစ္စည်းမကောင်းရင် ကြုံတွေ့ရမယ့် ဆိုးကျိုး တွေကိုလည်း ပြည်သူတွေက နားလည်ကြပါတယ်။ ကျွန်တော်တို့ ပြည်သူကို ယုံကြည်တယ်။

အစိုးရတပ်က အဆိပ်ငွေ့သုံး၍တိုက်ခိုက်ဟု ကေအိုင်အေစွပ်စွဲ
အစိုးရငြိမ်းချမ်းရေး
ကိုယ်စားလှယ်အဖွဲ့တွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းနေပေ မယ့် ကေအိုင်အေနဲ့ 
အစိုးရ အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အခု သီတင်းပတ် အတွင်း ဖြစ်ပွားတဲ့
တိုက်ပွဲတခုမှာ အစိုးရတပ်ဘက်က အဆိပ်ဓာတ်ငွေ့တွေပါ သုံးစွဲလာတယ်လို့
ကေအိုင်အိုပြောရေး ဆိုခွင့်ရှိသူ ဦးလနန်းက ပြောပါတယ်။

- အစိုးရပစ်ခတ်သော လက်နက်ကြီးကျည် အပိုင်းအစများကေအိုင်အေ စစ်ဆေးနေစဉ်
ဒီလ ၁၉
ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကန်ဒေါင်ယန် ကျေးရွာအနီးက တိုက်ပွဲမှာ အစိုးရဘက်က
ဒီအဆိပ်သင့် ကျည်ငွေ့တွေကို သုံးခဲ့တာလို့ သူက ပြောပါတယ်။ မြစ်ကြီးနား
ဗန်းမော်သွား လမ်းပေါ်မှာ ရှိတဲ့ အဲဒီ တောင်ကုန်းတွေပေါ်က ကေအိုင်အေ တပ်မဟာ ၅
လက်အောက်ခံ ခြေကုပ်စခန်းတွေ ကို ခလရ ၄၆၀၊ ခမရ ၃၉၀ စတဲ့ အစိုးရတပ်က
လွန်ခဲ့တဲ့ ၃ – ၄ ရက်က စပြီး သိမ်းဖို့ကြိုးစားတဲ့အတွက် တိုက်ပွဲ
ဆက်ဖြစ်နေတယ် လို့ သူက ဆိုပါတယ်၊။
၂၀၁၁ ခုနှစ်
နှစ်လည်ပိုင်းက ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ အစိုးရတို့ အကြား
ဖြစ်ပွားတဲ့ တိုက်ပွဲတခုမှာလည်း အစိုးရဘက်ကပစ်တဲ့ ကျည်ဆံပေါက်ကွဲမှုကနေ
ထွက်တဲ့အငွေ့ကို ရှုရှိုက်မိတဲ့ ရှမ်းတပ်သားတချို့  မူးဝေခဲ့ရတယ် ဆိုတဲ့
သတင်း ထွက်ပေါ်ခဲ့ဖူးပါတယ်။
ဒီဗွီဘီ

No comments:
Post a Comment