Friday, March 9, 2012

ဆရာကြီး ........လို့ အခေါ် ခံချင်သူ များ အတွက်

ကျွန်တော် အရမ်းကြိုက်တဲ့ ဟာသလေး တစ်ခု ရှိပါတယ်....
ခေါင်းစဉ် က ... ဆရာကြီး ...တဲ့....................
တစ်နေ့မှာ.. လူတစ်ယောက်က လမ်းလျှောက်ပြီး
 ကြက်တူရွေး လိုက်ရောင်းပါတယ်။
ဘယ်ဘက် ပခုံးပေါ်မှာ တစ်ကောင်။
ညာဘက် ပခုံးပေါ်မှာ တစ်ကောင်။
ခေါင်း ပေါ်မှာ တစ်ကောင်...စုစုပေါင်း သုံးကောင်ပါ။
တနေရာမှာ....ငှက်မွေးချင်တဲ့ .. လူတစ်ယောက်နဲ့ တွေ့တော့
ဈေးပြောကြပါတယ်။ တစ်ကောင်ကို ဘယ်လောက်လဲလို့
ဝယ်မဲ့သူက ဈေးမေးတော့ .......ရောင်းသူက
 ဘယ်ဘက် ပခုံးပေါ်က အကောင် က တစ်သောင်း လို့ ပြောပါတယ်။
ဘာတတ်လို့ တစ်သောင်းတောင် ဈေးပြော ရသလဲ လို့ ၀ယ်သူက မေးတော့
ရောင်းသူက ဘယ်ဘက် ပခုံးပေါ်က အကောင် က
အင်္ဂလိပ်စာ ကျွမ်းတယ် လို့ ပြောပါတယ်။
ဒါဆို... ညာဘက် ပခုံးပေါ်က အကောင် က ဘယ်လောက်လဲ လို့
ထပ်မေးပါတယ်။
... ညာဘက် ပခုံးပေါ်က အကောင်  က နှစ်သောင်း လို့ ရောင်းသူက ပြောပါတယ်။
ဟ .. များလှ ချည်လား ဆိုတော့... ညာဘက် ပခုံးပေါ်က အကောင် က
အင်္ဂလိပ်စာ ရော သင်္ချာရော ကျွမ်းတယ် လို့ ပြောပါတယ်။
ဝယ်သူက .. ဒါဆိုရင် .. ခေါင်းပေါ်က အကောင် က ဘယ်လောက်လဲ မေးတော့
ရောင်းသူက ငါးသောင်း လို့ ပြောပါတယ်။
ဝယ်သူလည်း အံ့အား သင့်ပြီး ငါးသောင်း ရောင်းရအောင်
ခေါင်းပေါ်က အကောင်က ဘာတွေ တတ်လို့လည်း မေးတော့
ရောင်းတဲ့ သူ က အခုလို ဖြေပါတယ်.....
ခေါင်း ပေါ်က ကောင်က ဘာတွေတတ်သလဲတော့ ကျွန်တော် မသိဘူး
ဒါပေမဲ့ .. ဒီနှစ်ကောင် ( ဘယ်/ညာ ပုခုံး နှစ်ဘက်ပေါ် က ကြက်တူရွေး များ )
က ..... ဆရာကြီး.... လို့ ... ခေါ်လို့....တဲ့ .....
(ကျွန်တော့ မိတ်ဆွေ ........ဆရာကြီး ........လို့ အခေါ် ခံချင်သူ များ အတွက် )


No comments: