လူမျိုးတွေကွဲ နေရာလွဲလည်း
အသဲထဲရင်ထဲ
အမေစုကို ကြိုပုံမလွဲ
အင်တိုက်အားတိုက်ကြိုဆိုကြသည်ပဲ။
ပြည်သူ့ရင်ထဲက အမေစု
ဘယ်ပုံရှုရှု ဘယ်သူတွေတုတု
အမေစုမှ အမေစု။
ဒေါ်အောင်ဆန်းစုကြည်
အောင်ဆန်းသွေးနီနီမို့
ပြည်သူတွေက ချစ်ကြည်ကြတာလား။
မဟုတ် မဟုတ် မုချမဟုတ်
ဗိုလ်ချုပ်သားဦး
အောင်ဆန်ဦးရှိရက်သားနဲ့
သူ့အားကွက်ကြား
ဘေးဖယ်ထားပြီးမှ
အဖျားစွပ်တည်
ဒေါ်အောင်ဆန်းစုကြည်ကို
စုံညီအကုန်နှစ် ပုံချစန်ေကြတာဘာကြောင့်လဲ။
ဗိုလ်ချုပ်အောင်ဆန်းလို
အများအရေး ဦးစားပေးပြီး
ချိန်ခါမရွေးပေးဆပ်
ပြည်သူ့ဘက်ရပ်တည်သူမို့
တထပ်ထဲညီညီ အရပ်ထဲအလီလီ
ပြည်သူများက တကယ်ချစ်ကြည်။
မျိုးချစ်ဇာနည် ဒေါ်အောင်ဆန်းစုကြည်
မြန်မာပြည်ရဲ့ အသက်သွေး။
ဘယ်သူတွေ ဘယ်လိုတွေးတွေး
အာဏာရှင်တွေ ဘယ်လိုခေးခေး
မပြေးမကြောက် ဒူးမထောက်
ငြိမ်းချမ်းရေးကို သူတည်ဆောက်
ဒုတိယလွတ်မြောက်ရေးအတွက်
အသက်ကိုဖက်နဲ့ထုပ်
မတုန်မလှုပ် နောက်ဆုတ်မပေး
အသက်ဘေးကြုံ အခါခါဆုံလည်း
မာန်ဟုန်ဇွဲနဲ့ ချီတက်မြဲ
အန်ခဲကာသွား မရပ်မနား
ခက်များခက်စေ ရက်ကြာရှည်လည်း
မနေမနား ဆက်ဆက်သွား။
အားအင်ကုန်ခမ်း မီးတိုင်ကျွမ်းလည်း
ကြိုးပမ်းလို့နေ ဒို့အမေ
မသွေပိုင်ပိုင် ဇွဲခိုင်ခိုင်နှင့်
ပန်းတိုင်မဝေး ရောက်အောင်ပြေးသည်
မြန်မာပြည်ရဲ့ အနာဂတ်အရေး
ပြည်သူတွေရဲ့ ကယ်တင်ရှင်လေး။
တက္ကသိုလ်ဘုန်းကြွယ်
မတ်လ ၁၀ ၂၀၁၂


No comments:
Post a Comment