Monday, March 12, 2012

သမ္မတဦးသိန်းစိန်က ရှမ်းပြည်နယ်မှာ ရမ်းနေပြီ


        အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ
ကိုပြုလုပ်နေရာ လက်နက်ကိုင်အဖွဲ့ ( ၉ ) ဖွဲ့ နှင့် ဆွေးနွေးပြီးပြီဖြစ်သလို

အတိုင်းအတာ တခုအထိ အောင်မြင်မှုတွေ ရနေပြီဖြစ်ကြောင်း မနေ့ က
ရှမ်းပြည်နယ်ရောက် သမတဦးသိန်းစိန်၏ မိန့် ခွန်းတွေကို ကြားရမြင်ရသည်။
ရှမ်းပြည်နယ်တွင် သေနတ်သံစဲချင်ပြီး
ငြိမ်းချမ်းတိုးးတက်သာယာသောပြည်နယ်ဖြစ်ချင်သည်ဟု ပြောတော့ ၀မ်းသာမိပါသည်။
သမတဦးသိန်းစိန်အနေဖြင့် နိုင်ငံကို အဓိပတိ အုပ်ချုပ်နေသော
အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်တဦးဖြစ်နေ၍ ဤမိန့် ခွန်းပြောတော့
ရှမ်းပြည်သားတွေ လက်ခုပ်လက်ဝါး တီးပေးကြမည်ထင်ရသည်။ သို့ သော်
သူပြောသောမိန့် ခွန်းတွေကို မဆလခေတ်ကလို ဦးနေ၀င်းပြောပြီးသည်နှင့်
ဥက္ကဋ္ဌကြီး၏ မိန့် ခွန်းကို ကြိုဆိုထောက်ခံသောအားဖြင့် လူထုလုပ်အားပေးတွေ
မလုပ်မိဖို့  အရေးကြီးနေသည်။ သမတဦးသိန်းစိန်၏ မိန့် ခွန်းမှာ
အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အဆင့်( ၃)
ဆင့်ဖြင့် ပြုလုပ်နေကြောင်း ပြောဆိုရှင်းလင်းထားသည်ကို တွေ့ ရသည်။
ပထမအဆင့်မှာ ပြည်နယ်အဆင့် ၊ ဒုတိယအဆင့်မှာ ပြည်ထောင်စုအဆင့်နှင့်
ထာဝရငြိမ်းချမ်းရေးအတွက် လွှတ်တော်တွင် သဘောတူ
လက်မှတ်ရေးထိုးထားကြပြီဖြစ်၍ အတိုင်းအတာတခုအထိ အောင်မြင်မှု
ရနေပြီဖြစ်သည်ဟု ဆိုသည်။ ပြီးတော့ ယင်းလက်နက်ကိုင်အဖွဲ့  ( ၉ ) ဖွဲ
့အနေဖြင့် ပြည်ထောင်စုကြီးမှ မည်သည့်အခါမျှ ခွဲ မထွက်ရန်နှင့် ဒို
့တာဝန်အရေးသုံးပါးကို လက်ခံ ယုံကြည်သည်ဟူသည့် အခြေခံမူနှစ်ချက်ကို ဟုလည်း
ပြောဆိုသေးသည်။ နောက်ဆုံးသတိထားရသည့်စကားတခွန်းမှာ
ငြိမ်းချမ်းရေးရယူပြီးပါက တိုင်းရင်းသားအဖွဲ့ မှ လူကြီးပိုင်းအနေဖြင့်
ပါတီနိုင်ငံရေးသို့  ၀င်ရောက်ဆောင်ရွက်နိုင်ရန် ၊ လူလတ်ပိုင်းအနေနှင့်
စီးပွါးရေးအဆင့်ဆင့် ခိုင်မာတိုးတက်အောင် ဆောင်ရွက်ရန် နှင့်
လူငယ်ပိုင်းများ အနေဖြင့် မိမိတိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရန်
အသီးသီး ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားပါကြောင်း မိန်
့ခွန်းပြောကြားသွားသည် ။
         သေနတ်သံစဲပြီး ငြိမ်းချမ်းချင်လိုကြသည်မှာ လူသားတိုင်းအဖို့ 
မဟာလိုလားမှုဖြစ်သည်။ စစ်ပွဲဆိုသည်မှာ ပန်းနှင့်ပစ်ပေါက်နေသော ကစားပွဲ
မဟုတ်။ လူတွေအတုံးအရုံး သေကြ ကြေကြရသည့် နှစ်ဖက် လူသားများ
တန်ဖိုးဖြတ်မရနိုင်သော အသက်ဆုံးရှုံးမှုကြီးဖြစ်သည်။
ယခုမြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများ၏ လက်ထဲတွင် သေနတ်တွေ
ကိုင်ပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်နေခြင်းမှာ ဆူချင်ပူချင်၍မဟုတ်။
သူတို့ ၏ အသက်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် သူတို့ ၏
မွေးရာပါအခွင့်အရေးကို တန်းတူရရှိစေလို၍ဖြစ်သည်။ သူတို့ နယ်မြေတွင်
သေနတ်သံမစဲခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကြောင့် မဟုတ်။
အုပ်ချုပ်သူအစိုးရ၏ တပ်မတော်မှ တပ်ရင်းတပ်ဖွဲ့  တပ်စခန်းအသီးသီးကို
အသက်ပြည့် မပြည့် စစ်သားတွေ တပုံင်္ကြီးထားပြီး
ချထားခြင်းဖြစ်သည်။ယင်းစစ်သားတွေ၏ လူ မဆန်စွာ ရက်စက်ဖိနှိပ်မှုတွေ လူ
့အခွင့်အရေးချိုးဖေါက်မှုတွေ ၊ မတော်မတရား မုဒိမ်းကျင့်မှုတွေ ၊
မတရားသတ်ဖြတ်မှုတွေများမှာ မှတ်တမ်းမှတ်ရာများဖြင့် အများအပြား ရှိနေသည်။
ယင်းကဲ့သို့  ကျူးလွန်ဖေါက်ပြားနေမှုများကို တိုင်းရင်းသားလူမျိုးတွေက
ရပ်တန့် စေလို၍ လက်နက်ကိုင်တော်လှန်ရေးကို ပြုလုပ်နေကြခြင်းဖြစ်သည်။
အဓိကအနေဖြင့် တိုင်းရင်းသားလူမျိုးများမှာ သူတို့ ၏ နယ်မြေများ၌ အေးအတူ
ပူအမျှ နေချင်ကြ၍ ယခုလို လက်နက်ကိုင်ထားကြရခြင်းဖြစ်သည်။ အေးအတူ ပူအမျှ
မနေရ၍ ထွက်ပြေးနေရသော ဒုက္ခသည် အရေအတွက်မှာ ယခုအချိန်ထိ
တိုးပွါးနေဆဲဖြစ်သည်။ တိကျစွာပြောရလျှင် တပြည်လုံး သေနတ်သဲမစဲကြရသည်မှာ
တပ်မတော်ကြောင့်ဖြစ်သည်။
           သမတဦးသိန်းစိန်၏ သေနတ်သံစဲချင်သည်ဆိုသော မိန့် ခွန်းကို
သေသေချာချာ ဖြစ်လိုသည်ဆိုလျှင် တိုင်းရင်းသားနယ်မြေများမှ
တပ်စခန်းများကို ရုပ်သိမ်းသွားခြင်းက ယင်းမိန့် ခွန်းကို
ပိုမိုအသက်ဝင်စေသွားလိမ့် မည်ဖြစ်သည် ။ အပစ်အခတ်ရပ်စဲရေးနှင့်
ငြိမ်းချမ်းရေးအတွက် အဆင့်သုံးဆင့်ကို ချမှတ်လုပ်ဆောင်နေပါသည်ဟု
ပြုလုပ်နေရုံနှင့် မြန်မာနိုင်ငံမှာ သေနတ်သံစဲသွားရပြီဆိုလျှင် ယင်းနေ
့သည် ကမ္ဘာတည်သရွေ့  မည်သည့်အခါမျှ  ဖြစ်လာမည့် နေ့  တနေ့ အဖြစ်
မထင်မှတ်နိုင် ။ စစ်အာဏာရှင်များ၏ ရုပ်သေးအစိုးရ သမတဦးသိန်းစိန်မှာ
ယခုပြုလုပ်နေသောအဆင့်သုံးဆင့်ကို ချပြရာ၌ သူလိုချင်သော အဆင့်သုံးဆင့်ကို
ချပြလိုက်ခြင်းဖြစ်သည်။ ပထမအဆင့်မှာ ပြည်နယ်အဆင့် ဆွေးနွေးပွဲကို
ဖိတ်ခေါ်သောအခါ လက်နက်ကိုင်အဖွဲ့ ( ၉ ) ဖွဲ့ က ဖိတ်ခေါ်ချက်ကို လက်ခံပြီး
ဆွေးနွေးကြသည်။ မဆွေးနွေးကြရသေးသော အခြားအဖွဲ့ အစည်းများကလည်း
ဆွေးနွေးရန် လက်ခံ ထားကြပြီဖြစ်သည်။ ပြည်နယ်အဆင့်ကို လက်မခံ ဘဲ
နေလိုက်သည်ဆိုလျှင် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ အစည်းများ ဖြစ်သည်ဟု
စွပ်စွဲပြောဆိုသွားမည်ကို ယခုဆွေးနွေးပွဲ ပြုလုပ်နေသော အဖွဲ့ များက
ကြိုတင် သိနှင့်ထားကြသည်။ ထို့ ကြောင့် ရုပ်သေးအစိုးရ၏
အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လက်ခံ
ဆွေးနွေးကြခြင်းဖြစ်သည်။ ဒုတိယအဆင့်ဖြစ်သော ပြည်ထောင်စုအဆင့်များမှာလည်း
အပစ်အခတ်ရပ်စဲရေးအတွက် ကြိုတင် ညှိနိုင်းမှုများ ရနိုင်ရုံသာ ဖြစ်နေသည်။
ယင်းအထိကို လက်နက်ကိုင်အဖွဲ့ များက လက်ခံတွေ့ ဆုံမှုများ ဖြစ်နိုင်သည်။
ပြည်ထောင်စုလွှတ်တော်အဆင့်တွင် ပါတီနိုင်ငံရေးဝင်ရောက်ပြီး ဆောင်ရွက်ရန်
ဆိုသည်မှာ နိုင်ငံရေးပြသနာတွေကို ဆွေးနွေးရမည့်အပိုင်းဖြစ်နေသည်။
        ဆိုရလျှင် ရုပ်သေးအစိုးရ ဖြစ်သော သမတဦးသိန်းစိန်တို့  လူစုမှာ
နိုင်ငံရေးပြသနာကို ပြည်ထောင်စုလွှတ်တော်အဆင့်မှာ ဆွေးနွေးရန်လိုသည်ဆိုသော
အဆင့်ထားပြီး ပြုလုပ်နေခြင်းဖြစ်သည်။ တဖက်က တိုင်းရင်းသားလက်နကိုင် အဖွဲ
့များမှာမူ နိုင်ငံရေးပြသနာကို နိုင်ငံရေးအရ ဖြေရှင်းရန် လွှတ်တော်တွင်း
သူတို့  ၀င်ရောက်လိုကြသည်မဟုတ်။ သူတို့ က ယခုအချိန်ကပင်
နိုင်ငံရေးပြသနာကို နိုင်ငံရေးအရ ယခုအချိန်ကပင်
ဆွေးနွေးလိုကြခြင်းဖြစ်သည်။ သဘောက လွှတ်တော်ပြင်ပကနေပြီး
ဆွေးနွေးအဖြေရှာကြလိုခြင်းဖြစ်သည်။ ယင်းမှာ အပစ်အခတ်ရပ်စဲရေး
ဆွေးနွေးပွဲ၏ နိဂုံးဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏
နိဒိန်းမစနိုင်ခြင်းဖြစ်သည်။ နိဒန်းမစနိုင်ခြင်းဆိုသည်မှာ လွှတ်တော်တွင်း
ပါတီနိုင်ငံရေး လုပ်ပြီး အဆင့်သုံးဆင့်ထားကာ ဆောင်ရွက်ပေးရန်
စီစဉ်ထားသည်ဟု သူတို့  စိန်ခေါ်ထားမှုကြောင့်ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များအနေဖြင့် လူကြီးပိုင်းက
လွှတ်တော်တွင်း ၀င်ရောက်ကာ ပါတီနိုင်ငံရေးလုပ်ရန် ဖြစ်သည် ။
လူလတ်ပိုင်းကမူ စီးပွါးရေးလုပ်ပိုင်ခွင့်များ ရရှိပြီး
လက်နက်ကိုင်ချင်သော လူငယ်များကိုမူ တပ်မတော်ထဲတွင် စစ်မှုထမ်းစေလိုသည်ဟု
ချမှတ်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်နက်ကိုင် တပ်မတော်
တခုတည်းသာ ထားရှိရေးမှူဖြစ်၍ ယခုကဲ့ သို့  လူငယ်များကို လက်နက်ကိုင်လိုက
စစ်သားဝင်တော့ ဟု ဆိုလိုရင်းဖြစ်သည်။ သို့ သော် သူတို့ ၏ တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့ တွင်မဟုတ် ။ ယင်းအဖွဲ့ မျိုးလည်း မရှိစေရတော့ ။
      ကောင်းပါပြီ ။ သမတ ဦးသိန်းစိန်တို့  မက်နေသော ဤအိပ်မက်မျိုးကို
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များက မက်နေလိမ့်မည်ဟု မည်သူက
ထင်မှတ်နိုင်ပါမည်နည်း ။ တိုင်းရင်းသားလူမျိုးများ၏ ကိုယ့်ကြမ္မာ
ကိုယ်ဖန်တီးနိုင်ခွင့်ဆိုသော နိုင်ငံရေးပြသနာကို မရရှိသမျှ သူတို့ မှာ
လက်နက်ကို မစွန့် နိုင်ကြဟု ပြောဆိုကြေညာထားပြီးဖြစ်သည်။
တန်းတူအခွင့်အရေးနှင့် ကိုယ့်ကြမ္မာကို ကိုယ်မဖန်တီးနိုင်သမျှ သေနတ်သံများ
ညံမစဲ တသဲသဲ ဖြစ်နေမည်ကို  သိရှိနိုင်စွမ်း စိတ်ဓါတ် ကိန်းအောင်း
ထားရမည်ဖြစ်သည်။ ထို့ ကြောင့် လက်နက်မစွန့် လိုသော
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များအနေဖြင့် ကောက်ကျစ်စွာပြုလုပ်နေသော
အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ရပ်ကို
နိုင်ငံရေးအသိ ရှိရှိ ထားပြီး ဆောင်ရွက်နေကြရန် အထူးလိုအပ်ချိန်ဖြစ်သည်။
ရှမ်းပြည်နယ်မှာ ရမ်းနေသော သမတဦးသိန်းစိန်၏ အထုတ်ဖွင့်ချပြလိုက်သော မိန်
့ခွန်းကို တိတိကျကျ လေ့လာကြရန်နှင့် ဒုံရင်းဖြစ်နေသော
ငြိမ်းချမ်းရေးမရဖြစ်နေသည့် နိုင်ငံရေးပြသနာ၏ အဓိက လက်သည်တရားခံမှာ
စစ်အုပ်စုဝင်များသာဖြစ်ကြောင်း သိထားဖို့ လိုသည်ဟုသာ ပြောချင်ပါသည် ။

ခိုင်အောင်ကျော် ( နယူးယောက် )

No comments: