ဝတ်ရုံဖြူဖြူ ကြိုင်ကြိုင်နှင့်အတူ
အာရုံယူပြီး ဘုန်းကြီကို ဦးချ
ရူးသမျှ မူးသမျှ ဦးအခါခါချ
ကျူးလွန်ခဲ့သမျှ ဒီဘဝ
ဒီမျှသာ ခ၀ါခ အပြစ်ဟူသမျှ
ကင်းစင်ပ ရောက်ရ နိဗ္ဗာန်ကို
ဤလိုများဆုတောင်းလေမလား။
သူတို့ဖြစ်အင် မြင်ရသူများ
မုတိသာပွားပြီး
သနားကြမှာလား။
တရားရမှာလား။
ငရဲမင်းကတော့မနေ
ငရဲပြေ(ပြည်)မှာ
အမြဲသွေမကွာနေဖို့
ခေါ်သွားမှာမို့
သူ့ခမျာကို မှာစရာရှိတာမှာလို့
အခါအခွင့်ပေးလိုက်၏။
မတတ်သာလို့ ခွဲခွာရမှာမို့လည်း
သူအခါခါနှိပ်စက်ခဲ့တဲ့
ပြည်သူတွေကို ဟောဒီလို
အပြုံးမပျက်
နှုတ်ဆက်ခဲ့ပါတယ်။
လူ့ဘ၀ လမ်းကြောင်းမှာ
တခုမှ ကောင်းအောင်ကျုပ်မလုပ်ခဲ့
လူယုတ်လို့ အခေါ်ခံရပေမယ့်
အတော်စံခဲ့ရတဲ့ စည်းစိမ်တွေကြောင့်
ငရဲပြည်ရောက်လဲ ကျုပ်က မဆင်းရဲ၊
လိမ်ညာပြီး ခိုးလာခဲ့တဲ့ဥစ္စာ
ဘဏ္ဍာ
မသမာနည်းနဲ့လုခဲ့တဲ့အဏာတွေနဲ့
ငရဲပြေမှာလဲ အမြဲသွေကွာမလွဲ
တကထဲလာဘ်ထိုးနေနိုင်မှာပဲ.ဟဲ..ဟဲ..။
ကျုပ်တင်မက ကျုပ်ကိုချစ်လှတဲ့ကြိုင်ကြိုင်ရယ်
တူပြိုင်မိုက်မဲ မိုက်ရဲတဲ့မောင်အေး
နောက်လိုက်ခွေးကျော်ဆန်း
အီးနမ်းတဲ့ရွှေမန်း ငကန်းသိန်းစိန်
အလိမ်ဥာဏ်တွေ သင်ပေးတဲ့ဥာဏ်ဝင်း
အပျင်းလဲပြေ ငရဲပြေကို အတူမွှေဖို့
ဖေါ်ဆွေသဟာအပေါင်းနဲ့
(ငရဲသားတွေကို)
ဖေါ်ရွေကာထောင်းဖို့ ခေါ်လာခဲ့ပါမယ်။
ငရဲသားတတွေ
သေဖို့သာပြင်ပေတော့။
ငရဲမင်းခင်ဗျား
ဒီလူတသိုက်ကို အများသာမကြိုက်တယ်
လူမိုက်တွေကို အုပ်ချုပ်
မင်းလုပ်တဲ့ ငရဲမင်းကတော့ကြိုက်မှာ
မှန်ပါပဲ၊
တခုတော့ သတိထားပါငရဲမင်း
ဒီလူဖျင်းလူကောက်
လူ့မြွေဟောက်တွေကို
မပေါက်တတ်ဖူးလို့ မထင်လေနဲ့
မဆင်ခြင်ဘဲဝင်လာတဲ့ ဂမ်ဘာရီကိုတောင်
အူကြောင်ကြောင်ငေး
(သူ့အကြိုက်ဓါတ်စာ)တွေ ကျွေးနိုင်ခဲ့သေးတယ်။
ဘန်ကီမွန်းလဲမနိုင် ယှဉ်ပြိုင်လာသူမှန်သမျှ
လက်မှိုင်ချရမဲ့အပြင်
သတိမ၀င် အမြင်ပါပေါ့လျှော့နေခဲ့ရင်
အရှင်ငရဲမင်းရဲအာဏာကိုတောင်
အမှောင်တိုးပြီး ပြောင်အောင်ခိုးသွားမှာနော်။
ဒီငမိုက်သား အဏာသားပါးကွက်ကျားတွေဟာ
ပညာအရာမှာအတန်းကုနအောင်သာမဖတ်တာ
အာဏာယူရာမှာတော့ ကမ်းကုန်အောင်တတ်တယ်
ယမ်းကုန်အောင်လည်းသတ်မယ့်သူတွေမို့
သတိချပ်တော်မူပါလို့ အသိအမှတ်ကလေးပေးလိုက်ရပါတယ်
ငရဲမင်း။
တက္ကသိုလ်ဘုန်းကြွယ်
မတ်လ ၁၂ ၂၀၁၂
No comments:
Post a Comment