ဖုန်းမော် စဆော်လို့
လ အကျော်မှာ
ကမ္ဘာကျော် ရှစ်လေးလုံးအရေးခင်းကြီး
စပေါ်လာပါတော့တယ်။
ဖုန်းမော်ရဲ့ မီးကျီတစ
က
လူ့အခွင့်ရေးလမ်းကို
ပြခဲ့တယ်။
လူ့အခွင့်ရေးနဲ့
ဒီမိုကရေစီထွန်းကားရေးအတွက်
ဖုန်းမော်အသက် ပေးဆက်ခဲ့တယ်။
တံတားနီမှာ အများညီစွာနဲ့
ကျောင်းသားအလောင်းတွေစီပြီ
သွေးနီနီတံတားခင်းခဲ့တယ်။
ကျောင်းသားသွေးတွေနဲ့
ဆေးခဲ့တဲ့တံတား
ဒို့တတွေ မမေ့အား။
ကျခဲ့ရတဲ့ကျောင်းသားသွေး
အာဇာနည်သွေးတွေ
မခြောက်သေးပါ။
သွေးကြွေးတွေကို
ဆွေးနွေးလို့မရ
ညီညာဖျဖျ တိုက်ခဲ့ကြတဲ့
ပြည်သူ့ဆန္ဒလဲ မပြည့်ဝသေး။
အိုဘယ့်ကျောင်းသား
ရှင်လူအပေါင်းတို့
အလောင်းစီပြီးတိုက်ခဲ့တဲ့
ဒီတိုက်ပွဲ
ရပ်စဲ မသွားပါ
အာဇာနည်ကျောင်းသားများ
ကျဆုံးသွားပေတဲ့
သူတို့ရဲ့တော်လှန်ရေး
စိတ်ဓါတ်
ရပ်မသွား ထပ်လို့သာ တိုးပွားလာပါပြီ
ဒီ မတ်လ ၁၃-ရက် တိုက်ပွဲဆက်ကြပါစို့။
တက္ကသိုလ်ဘုန်းကြွယ်
မတ်လ ၁၁ ၂၀၁၂
No comments:
Post a Comment