Saturday, March 24, 2012

NLD အောင်နိုင်ရေး ဟောပြောပွဲများ

NLD ရန်ကုန်တိုင်းအောင်နိုင်ရေးအဖွဲ့ရဲ့ ဖျော်ဖြေရေးယာဉ် လှည့်လည်ဖျော်ဖြေပုံများ
NLD ရန်ကုန်တိုင်းအောင်နိုင်ရေးအဖွဲ

့ရဲ့ ဖျော်ဖြေရေးယာဉ်
မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လှည့်လည်ဖျော်ဖြေပုံများပါ။ ဒီနေ့
24-3-2012မှာ မင်္ဂလာတောင်ညွန့်မြို့နယ်တစ်ဝို
က် လှည့်လည်ဖျော်ဖြေခဲ့ပါတယ်။
NLD ရန်ကုန်တိုင်းအောင်နိုင်ရေးအဖွဲ့ရဲ့ ဖျော်ဖြေရေးယာဉ်
မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လှည့်လည်ဖျော်ဖြေပုံ
 Myanmar News Now
 
 နာယကကြီး ဦးတင်ဦး ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦး ၊ သဘာပတိအဖွဲ့ဝင် ဦးလှဖေ ၊ ဝါးခယ်မမြို့နယ်ဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်စန်း နဲ့ အဖွဲ့ဟာ ၊ ဒေါ်အောင်ဆန်းစုကြည် မသွားရောက်နိုင်သော ဧရာဝတီတိုင်း မြို့နယ်များသို့ စည်းရုံးရေး ခရီးစဉ် ထွက်ခဲ့ပါတယ် ။ ၂၃-၂-၁၂ နေ့ နံနက် ၆ နာရီမှာ ရန်ကုန်မှ စတင်ထွက်ခွာပြီး ဧရာဝတီတိုင်း ရွှေလောင်းမြို့သို့ နံနက် ၁၀း၀၀နာရီမှာ ရောက်ရှိပါတယ် ၊ ရွှေလောင်းမြို့ ရွှေလောင်းမြစ်ဘေး သဲသောင်ပြင်မှာ ၁ နာရီခန့် ဟောပြောခဲ့ပါတယ် ၊ ပရိတ်သတ် ၆၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။

ရွှေလောင်းမှ နံနက် ၁၁း၃၀ နာရီမှာ ဆက်လက်ထွက်ခွာခဲ့ပြီး ဝါးခယ်မြို့သို့ ၁၂း၃၀အချိန်မှာ ရောက်ရှိပါတယ် ။ ဝါးခယ်မမြို့ ဝါးခယ်မ တံတား အဆင်း ဆောက်လုပ်ဆဲ GSM တာဝါတိုင်ဘေး သဲကွင်း
နေပူကျဲကျဲ တွင် ၁း ၁၅ နာရီခန့်ဟောပြော စည်းရုံးခဲ့ပြီး ၊ ပရိတ်သတ် ၂၀၀၀ နီးပါး တက်ရောက်ခဲ့ပါတယ် ။ ညနေ ၃း၀၀ နာရီမှာ ၀ါးခယ်မမှဆက်လက်ထွက်ခွာခဲ့ရာ ကျွန်းကုန်းမြို့သို့ညနေ ၄း၀၀ နာရီမှာ ရောက်ရှိပြီး ကျွန်းကုန်းမြို့၊ မြို့လယ် ရပ်ကွက်မှာ အဖွဲ့ချုပ် ဆိုင်းဘုတ်တင် ရုံးခန်းဖွင့်လှစ် ပေးပြီး ၁ နာရီခန့် စည်းရုံး ဟောပြောကာ ညနေ ၅း၀၀ နာရီမှာ ထွက်ခွာ ခဲ့ပါတယ် ။

ညနေ ၆း၁၅ မှာ အိမ်မဲမြို့သို့ ရောက်ရှိကာ ၊ အိမ်မဲ - ဒါးက လမ်းမပေါ်ရှိ မဏ္ဍပ်မှာ လူထု ပရိသတ် ၂၀၀ ခန့်အား စည်းရုံးဟောပြောပြီး ဆက်လက်ထွက်ခွာ ခဲ့ရာ ရေကြည်မြို့သို့ ည ၈း၀၀ နာရီမှာ ရောက်ရှိပြီး ညအိပ် ရပ်နားပါတယ် ။

သတင်း-ဓါတ်ပုံ ။ ။ ဘားမားဗီဂျေ
နာယကကြီး ဦးတင်ဦး ဟောပြောပွဲကိုလာရောက်တဲ့ ဒေသခံတဦး
စစ်ကိုင်း NLD အောင်နိုင်ရေး ဟောပြောပွဲများ စစ်ကိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အောင်နိုင်ရေး ဟောပြောပွဲများ
ရပ်ရွာအနှံ့ ပြုလုပ် လျှက် ရှိရာ ၂၄-၃-၂၀၁၂ နေ့က ဘော်ဂါရပ်ကွက်နှင့်
ကနားတော်ကျေးရွာတို့တွင် အားပေးတက်ရောက်သူ အထူးများပြားခဲ့ပါတယ်။

 
စေတနာရှင်ပြည်သူများကလည်း ဟောပြောပွဲသို့ လာရောက်သူများကို
စားဖွယ်ရာထမင်း၊ဟင်းများအပြင် အချိုရည်မျိုးစုံတို့ဖြင့် ကျွေးမွေးဧည့်ခံ
ကြသည်မှာ မေတ္တာဆိုတာ အဓမ္မလုပ်ယူလို့ ရသောအရာ မဟုတ်ဘူးဆိုတာကို

 သက်သေပြနေသလားလို့တောင် ထင်မြင်မိပါတော့တယ်။

သတင်း-ဓါတ်ပုံ ။ ။ သားစု (စစ်ကိုင်း)







 
  

No comments: