Friday, June 8, 2012

88ကကိုမြအေးနဲ့ ကိုကိုကြီးတို့ပြောတာတွေ သဘောတူထောက်ခံလို့ weeklyeleven.com ကနေကူးယူဖေါ်ပြလိုက်ပါတယ်.


ည ၇ နာရီ



မောင်တောမှ ရခိုင်တိုင်းရင်းသားတွေနေတဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ကျွန်တော်ကြားရတယ်။ ဒါနောက်ဆုံးအခြေအနေပေါ့နော်။ တစ်ဆက်တည်းပဲ အဲဒီဟာတွေနဲ့ ပတ်သတ်တဲ့ ကျွန်တော်သဘောထားတွေကို ပြောမယ်။ ကျွန်တော်တို့ အနေနဲ့က မနေ့တစ်နေ့က ဒီမှာ တစ်နေ့က ညနေထိ အစ္စလာမ်ဘာသာရေးဆိုင်ရာအဖွဲ့ ၅ ဖွဲ့နဲ့ဆွေးနွေးပြီးတော့မှ ကျွန်တော်တို့ ကြေညာချက် ထုတ်ထားတယ်။ အစ္စလာမ် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေအနေ နဲ့ကလည်း ဒီလိုအကြမ်းဖက်မှုမျိုးကို လက်မခံဘူးပြောထားပြီးသား ဒီပြသာနာ ဖြစ်လာတယ်ဆိုတဲ့ကိစ္စဟာ ကျွန်တော်တို့တားထားပါရဲ့နဲ့ မောင်တောမှာ ဒီပြသာနာဖြစ်လာတယ်။ မောင်တောလုံခြုံရေးကိစ္စကို မနေ့က ကျွန်တော်အစိုးရ တာဝန်ရှိသူတွေ နဲ့ပြောထားပါတယ်။ အလားတူပဲ အခြားဒေသတွေရဲ့ လုံခြုံရေးကိုလည်း ပြောထားပါတယ်။ အထူးသဖြင့် မောင်တောကို ကြားရတဲ့အတွက် တားထားပါတယ်။ အဲဒီတော့ ဒီလို ဖြစ်တယ်ဆိုတဲ့ကိစ္စပေါ်မှာ ရခိုင်တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည် စိမ်တွေပေါ်မှာ အစိုးရအနေနဲ့ ပြတ်ပြတ်သားသား အကာအကွယ် ပေးစေချင်ပါတယ်။ နှစ်ပတ်နှစ်အချက်က မင်းမဲ့စရိုက်ဆန်ဆန်ဒီလို ကျူးလွန်တဲ့သူတွေကို ပြစ်မှုကျူး လွန်တဲ့သူတွေကို ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် အရေးယူ ပေးစေချင်ပါတယ်။ နောက်တစ်ချက်က ရခိုင်တိုင်းရင်သားတွေ နေအိမ်တွေကို ပျက်ဆီးသွားတဲ့ အဆောက်အအုံတွေကို မူလအတိုင်းပြန်ဖြစ်လာအောင် အစိုးရက ကြပ်မတ်ပြီး ဦးစီးဆောင်ရွက် ပေးစေချင်ပါတယ်။ ဒါလက်ရှိသဘောထားပါ။

၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး



ည ၇ နာရီ ၇မိနစ်

အခု ကျွန်တော်တို့ ဖြစ်နေတဲ့ ပြဿနာဟာ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များနဲ့ ဗုဒ္ဓဘာသာဝင်များကြားမှာ ဖြစ်ပွားနေတဲ့ ပြဿနာ မဟုတ်ဘူး။ ဒါဟာလူမျိုးရေး၊ ဘာသာရေး၊ အသွင်ဖန်တီးမယ်ဆိုရင်လည်း ဒါဟာ မရိုးမသားလုပ်ဆောင်နေတဲ့ ဖန်တီးမှုမျိုးဘဲ သတ်မှတ်ရမှာဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ဝေဒနာသူတို့ ခံစားမှုကိုလည်း အလေးအနက်ထားဖို့ လိုပါလိမ့်မယ်။ ကာလရှည်ကြာစွာ ကျွန်တော်တို့ သည်းခံ နေလာခဲ့တာ ရိုဟင်ဂျာ ပြဿနာပါ။ ၈၈ မျိုးဆက်ကျောင်းသားများအနေနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးစားနေတဲ့အခါမှာ အတက်နိုင်ဆုံး အငြင်းပွားစရာ ကိစ္စတွေ၊ မပြောမဖြစ်တဲ့ကိစ္စတွေကလွဲပြီး တော်တော်များများကို သည်းခံပြီး ရှောင်ရှားနေခဲ့ပါတယ်။ အခုနေမှာတော့ ရိုဟင်ဂျာနဲ့ပတ်သတ်ပြီး အတိအလင်းပြော ပါမယ်။ ရိုဟင်ဂျာသည် ကျွန်တော်တို့ တိုင်းရင်းသားမဟုတ်ပါဘူး။

အခုဖြစ်နေတဲ့ ဘူးသီးတောင် မောင်တောကိစ္စသည် နယ်စပ်ကနေ တရားမ၀င် ဖြတ်ကျော်လာတဲ့ ၀င်ရောက်လာတဲ့ ရိုဟင်ဂျာများနဲ့ ပြည်ပသွေးထိုးလှုံဆော်မှုတွေပါ ပါနေတယ်လို့မြင်တယ်။ နိုင်ငံတကာ နိုင်ငံကြီးတွေအနေနဲ့လည်းဘဲ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေ ပြဿနာကို ကောင်းစွာနားလည်း သိကျွမ်းခြင်းမရှိဘဲနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်ပြီးတော့ ပြောဆိုနေကြတာတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို တိုက်ရိုက်ထိခိုက်တယ်လို့ဘဲ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ မျိုးရိုးဗီဇအရရော ယဉ်ကျေးမှုအရရော ဘာသာစကား ဓလေ့ထုံးတမ်းများအရရော ကျွန်တော်နိုင်ငံအတွင်းမှာ နေထိုင်နေတဲ့ တိုင်းရင်းသားမျိုးနွယ်စုများနဲ့ လုံးဝပတ်သတ်ခြင်းမရှိပါ ဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းရေး ပြဿနာတွေကြောင့်မို့လို့ အကြိမ်ကြိမ်အခါခါ အစိုးရ အဆက်ဆက်ကနေပြီးတော့ နိုင်ငံတကာနဲ့ မျက်နှာမပျက်အောင် လိုက်လျောမှုတွေပြုခဲ့ပါတယ်။ အဲဒါဟာ လူသားချင်းစာနာမှု ရှုထောင့်ကနေပြီးတော့ ဒုက္ခသည်များအဖြစ် ကျွန်တော်တို့ဘက်က လက်ခံခွင့်ပြု ခဲ့ခြင်းသာဖြစ်ပါတယ်။



ဒီရိုဟင်ဂျာ ပြဿနာကို ဘယ်ကမှ လက်ခံမယ့် နိုင်ငံမရှိသလိုမျိုး ဖြစ်နေတဲ့ ဒီဒုက္ခသည်တွေအနေနဲ့ လူသားချင်းစာနာမှုအရ ကျွန်တော်တို့ကိုယ်ချင်စာပါတယ်။ ကျွန်တော်တို့လူမျိုးတွေရဲ့ သဘောကောင်းမှု လိုက်လျောမှုကို နိုင်ငံကြီးတွေကနြေ့ပီးတော့ ဒီအားနည်းတဲ့နိုင်ငံက လက်ခံရမယ်ဆိုပြီး ဖိအားပေးနေတာမျိုးကို ကျွန်တော်တို့ လက်ခံမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ အချုပ်အခြာအာဏာကိစ္စကို ဘယ်နိုင်ငံတကာ ဘယ်နိုင်ငံကြီးကမှ ဒီဟာတွေကို ကျွန်တော် တို့ လက်ခံရမယ်လို့ ဖိအားပေးလာပြီဆိုရင် တပ်မတော်အင်အားစုနဲ့ အတူု ကျွန်တော်တို့ဒီမိုကရေစီအင်အားစုအားလုံးက ဒါအမျိုးသားရေး ပြဿနာအနေနဲ့ ရင်ဆိုင်ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အိမ်နီးခြင်းနိုင်ငံတွေနဲ့ ဆက် စပ်နေတဲ့အားလျော်စွာ တရုတ်ရှိတယ်၊ အိန္ဒိယန်းလူမျိုး မျိုးနွယ်စုတွေရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဘိုးဘွားဘီဘင် အဆက်ဆက်လာနေလို့ နိုင်ငံသားခံယူခွင့်ပြုထားတဲ့သူတွေလည်း အဲဒါဟာ နိုင်ငံသားခံယူခွင့်ပြုတယ် ဆိုတဲ့ ကိစ္စ။ဒီင်္ဘဂါလီတွေပဲဖြစ်ဖြစ် ကျွန်တော်တို့မှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ပုဂိုလ်တွေကိုတော့ နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေး နိုင်ငံသားတစ်ယောက်ရဲ့ ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ကို ကျွန်တော်တို့ အပြည့်အ၀လက်ခံမှာပါ။သို့သော် ဒါကို တိုင်းရင်းသားအဖြစ်နဲ့ လက်ခံရမယ်လို့ အတင်အကျပ် ဖိအားပေးလာတာမျိုးဆိုရင်တော့ သည်းခံမှာမဟုတ်ပါဘူး။

အမေရိကန်မှာ နိုင်ငံသားဖြစ်ဖို့အတွက် အင်္ဂလိပ် စကားကျွမ်းကျင်ဖို့အတွက် အစစ်ဆေးခံရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံသားဖြစ်ဖို့အတွက် တိုင်းရင်းဘာသာစကား တက်ကျွမ်းဖို့လိုပါ တယ်။ မိရိုးဖလာ အစဉ်အဆက် ဒီနိုင်ငံမှာ နေထိုင်ခဲ့တာဖြစ်တယ်။ ဒီနိုင်ငံရဲ့ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတွေကို တီးမိခေါက်မိတယ် ဖြစ်တယ်ဆိုတာ အမေရိကန်လိုနိုင်ငံမျိုးမှာတောင်မှ အင်တာဗျူး စစ်ဆေးပြီးခွင့်ြ့ပုတာဖြစ်တယ်။ ဒါကိုဒီမှာလာပြီးတော့ ပေါက်လွတ်ပဲစားလာပြီးတော့ ဒါကို လက်ခံပေးရမယ်ဆိုပြီး ဖိအားပေးတာမျိုးကို လုံးဝသည်းခံမှာ မဟုတ်ဘူး။ ရိုဟင်ဂျာပြဿနာသည် မူဆလင်ပြဿနာ မဟုတ်ဘူး။ အဲဒါကိုခွဲခြားပြီးတော့ ဖြေရှင်းဖို့လိုတယ်။ ကျွန်တော်တို့နိုင်ငံသား မူဆလင်များ အစ္စလာမ်ဘာသာဝင်များ ချိတ်ဆက်ပြီး လုပ်နေတဲ့ ကိုယ်၌ကိုယ်က သွေးရိုးသားရိုးမဟုတ်ဘူးလို့မြင်တယ်။ ဒီမှာဘိုးဘွားဘီဘင်နေလာလို့ ကျွန်တော်တို့ကသူတိုကို နိုင်ငံသားပြုမှုဆိုင်ရာ ဥပဒေအရ စိစစ်ပြီးတော့ ခွင့်ပြုရတဲ့သူတွေရှိပါတယ်။အဲဒါကို နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးရပိုင်ခွင့် သူတာဝန်ယူရမယ့် နိုင်ငံသား တာဝန်ကို နိုင်ငံသားအတိုင်း သူကျင့်ကြံဖို့လိုပါတယ်။ ဒုက္ခသည်တွေကို အတင်းအဓမ္မ လက်ခံခိုင်းနေတဲ့ ကိစ္စကတော့ ကျွန်တော့တို့ အချုပ်အခြာအာဏာကို ထိခိုက်နေတယ်။ ထိပါးနေတယ်လို့ ပြတ် ပြတ်သားသား ပြောရပါလိမ့်မယ်။ ကျွန်တော်ထပ်ပြီး ရှင်းရှင်းလင်းလင်း ပြောချင်တာက မောင်တောမှာနေတဲ့ အစ္စဘာသာဝင်တွေကို နယ်စပ်ဖြတ်ကျော်ပြီး ၀င်လာတဲ့ င်္ဘဂါလီမူဆလင်တွေက ဖြတ်စီးနှိပ်စပ်ရင်လည်း ကျွန်တော်တို့  နိုင်ငံသားတွေကို ကျူးလွန်တဲ့ပြစ်မှု အဖြစ်ပဲ သတ်မှတ်မယ်။ ရခိုင် ပြည်သူကိုလုပ်လို့ မဟုတ်ဘူး။ ကျွန်တော်တို့ရှိမှာရှိပြီးသား နိုင်ငံသား မူဆလင်တွေကို ထိခိုက်ရင်လည်း ကျွန်တော်တို့နိုင်ငံသားကို ထိပါးတယ်လို့ သတ်မှတ်မယ်။



၈၈ မျိုးဆက်ကျောင်းသာခေါင်းဆောင် ဦးကိုကိုကြီး

ည ၇ နာရီ ၄၀ မိနစ်

မောင်တောမြို့နယ် ဒက်ရွာ၌ ဒေသခံ ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများအကြား ယနေ့ ည ၆ နာရီဝန်းကျင်က ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရစာရင်းကို မသိရှိရသေးပါ။

ည ၇ နာရီ ၄၁ မိနစ်

မောင်တောဒေသကို ထိန်းချုပ်နိုင်ရန်အတွက် မာရှယ်လော (ရာဇ၀တ် ကျင့်ထုံး ကိုဓ ဥပဒေ ပုဒ်မ ၁၄၄) ထုတ်ပြန်လိုက်ကြောင်း သိရသည်။

No comments: