Friday, June 1, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့်ထိုင်း နိုင်ငံ ခရီစဉ်

အလုပ်အကိုင်ပေါ်မယ့် ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ ဒေါ်စု တိုက်တွန်း
မြန်မာနိုင်ငံတွင်း အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးမယ့် ရင်းနှီးမြုပ်နှံမှုတွေကိုပဲ လိုလားတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁ ရက် ကမ္ဘာ့စီးပွားရေးဖိုရမ်မှ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံထဲ မညီမျှမှုတွေ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်သွားဖို့ လိုအပ်နေတာမို့၊ မညီမျှမှုတွေနဲ့ အဂတိလိုက်စားမှုတွေ ပိုဖြစ်စေမယ့် ရင်းနှီးမြုပ်နှံမှုမျိုးကိုတော့ မလိုလားဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာနိုင်ငံတွင်း အထူးသဖြင့် လူငယ်တွေအကြား အလုပ်လက်မဲ့နှုန်းမြင့်မားနေပြီး၊ ဒါဟာ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အခြေအနေတရပ်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံတွင်းမှာ အဆင့်မြင့်ပညာရေးထက်ကို အခြေခံပညာရေးနဲ့ သက်မွေးဝမ်းကျောင်းပညာရပ်တွေ အခြေခံ ကျွမ်းကျင်မှုတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။ ဒီအတွက် ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ မိမိတို့ အကျိုးအမြတ်တခုတည်းကို မကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းတာပါ။ မြန်မာလူငယ်တွေ အလုပ်အကိုင်တွေရရှိစေဖို့နဲ့ အခြေခံကျွမ်းကျင်မှုတွေ ရရှိစေမယ့် ရင်းနှီးမြုပ်နှံမှုကို လိုလားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။
အခု စီးပွားရေးဖော်ရမ်မှ ပြောတဲ့ မိန့်ခွန်းဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ၂၄ နှစ်အတွင်း နိုင်ငံပြည်ပမှာ ပထမဆုံးအကြိမ် နိုင်ငံတကာပရိသတ်ကို ပြောဆိုခြင်းဖြစ်ပါတယ်။ နှစ်ရက်ကြာပြုလုပ်တဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာစီးပွားရေးဖော်ရမ်ကို တတ်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိစဉ်အတွင်း ဘန်ကောက်အနီး မြန်မာအလုပ်သမားတွေ အများစုရှိတဲ့ မဟာချိုင်အရပ်ကို နှစ်ကြိမ်သွားရောက်ခဲ့ပါတယ်။ ထိုင်း ဒုဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ပါတယ်။
မနက်ဖြန်မှတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းမြန်မာနယ်စပ်က မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေ ရှိတဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ဖို့လည်း စီစဉ်ထားပါတယ်။

By ဗွီအိုအေ မြန်မာပိုင်း 



ဒေါ်အောင်ဆန်းစုကြည် မြန်မာ့ရွှေ့ပြောင်း အလုပ်သမားအရေး အလေးပေး ဆွေးနွေး

2012-05-31
မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရကို မေတ္တာရပ်ခံ ပြောဆိုခဲ့ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် မေလ ၃၁ ရက်က စမွတ်ဆာခွန်ခရိုင် မဟာချိုင်ရှိ မြန်မာရွေ့ပြောင်းအလုပ်သမားများ ယာယီပတ်စ်ပို့ ထုတ်ပေးရေးရုံးတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။
မနေ့က စမွတ်ဆာခွန်ခရိုင် မဟာချိုင်က မြန်မာရွေ့ပြောင်းအလုပ်သမားများ ယာယီပတ်စ်ပို့ ထုတ်ပေးရေးရုံးမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။
"ဒုတိယ ဝန်ကြီးချုပ်နဲ့လည်း တွေ့ခဲ့ပါတယ်။ တွေ့ခဲ့တဲ့ အကြောင်းအရင်းကလည်းပဲ ကျွန်မတို့ရဲ့ ရွေ့ပြောင်း အလုပ်သမားတွေရဲ့အခြေအနေကို ကောင်းလာအောင်လို့ ဘယ်လို ပေးနိုင်မလဲ ဆိုတာကို ဆွေးနွေးတာပါ။ အဲဒီဆွေးနွေးချက် အရတော့ အတတ်နိုင်ဆုံး ကျွန်မတို့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပြေလည်ရေးအတွက်ပေါ့။ ဥပမာအားဖြင့် ဆိုလို့ရှိရင် သားသမီးတွေကို ဒေသခံထားကျောင်းတွေမှာ စာသင်ရေး စသည်ဖြင့်ပေါ့နော်၊ ပြေလည်နိုင်မဲ့ ကိစ္စတွေကို လုပ်ပေးပါမယ် ဆိုပြီးတော့ ကျွန်မတို့ ပြောပါတယ်"
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ထိုင်း ဒုတိယ ၀န်ကြီးချုပ်နဲ့ တွေ့ဆုံစဉ် မြန်မာ့ရွှေ့ပြောင်း အလုပ်သမားတွေရဲ့အရေးကို အလေးပေး ဆွေးနွေးခဲ့ပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးပွဲ အပြီးမှာ မဟာချိုင်က အလုပ်သမားတွေရဲ့အခြေအနေကို ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယမြောက်နေ့အဖြစ် သွားရောက်လေ့လာခဲ့ပြီး မဟာချိုင်က နိုင်ငံသား စိစစ်ရေးရုံးမှာ ထိုင်း၊ မြန်မာ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

စီးပွားရေးဖိုရမ်တွင် ၁၅ မိနစ်ကြာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြား
Photo - AFP
" စီးပွားရေးဖိုရမ်တွင် ၁၅ မိနစ်ကြာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြား၊ တိုင်းပြည်တွင်း တရား ဥပဒေစိုးမိုးခိုင်မာမှုအတွက် ချက်ချင်း လုပ်ဆောင်ရန် လိုအပ်ကြောင်း တိုက်တွန်း"

မြန်မာအစိုးရအနေဖြင့် လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် တရား ဥပဒေစိုးမိုးခိုင်မာမှုအတွက် ချက်ချင်းလုပ်ဆောင်ရန်နှင့် တိုင်းပြည် တွင်း အကျိုးဖြစ်ထွန်းစေမည့်ရင်းနှီးမြုပ်နှံမှုများကို အားပေးဖော်ဆောင် သွားရန် လိုအပ်ကြောင်း ဇွန်လ ၁ ရက်က ဘန်ကောက်မြို့တွင်ပြုလုပ်သည့် အရှေ့အာရှကမ္ဘာ့စီးပွားရေးဖိုရမ်၌ ပြောကြားသည့် မိန့်ခွန်းတွင် တိုက်တွန်း ပြောကြားခဲ့သည်။ အဆိုပါ မိန့်ခွန်းတွင် မြန်မာနိုင်ငံသည် တရားဥပဒေစိုးမှု အပြင် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် လုံခြုံစိတ်ချရသောအာမခံချက် လိုအပ်ကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။“ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမြုပ်သူတွေ အနေနဲ့ အင်မတန်မှကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဥပဒေတွေ ရှိနေခဲ့ရင်တောင်မှ ဒီဥပဒေကို သန့်ရှင်းလွတ်လပ်စွာ အသုံးပြုခွင့် ရတယ် မရဘူးဆိုတာကို သတိထားစေချင်ပါတယ် ” မြန်မာ နိုင်ငံမှာ ဥပဒေကောင်းတွေ ရှိနေပြီး ယင်းဥပဒေကို အဓိကကျောရိုးဖြစ်တဲ့ တရားစီရင်ရေးဆိုင်ရာတွင် သန့ှ်ရှင်းလွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ၊ ကမ္ဘာပေါ်တွင် မည်မျှ ကောင်းသောဥပဒေပင်ဖြစ်ပါစေ လက်တွေ့အသုံးချမှုမရှိလျှင် အသုံးဝင်သည့် ဥပဒေတစ်ရပ် ဖြစ်လာမည် မဟုတ်ကြောင်း ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။ ၄င်းအပြင် မြန်မာနိုင်ငံ တွင်းအလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေသည့် ရင်းနှီးမြုပ်နှံမှုများ ဖန်တီးပေးရန် တောင်းဆိုခဲ့သည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား စီးပွားရေး ကွာဟမှုသည် များစွာကြီးမားကြောင်း ၄င်းကဆိုသည်။ “ စီးပွားရေးကွာဟမှု ကျဉ်းမြောင်းသွားအောင် ကျွန်မတို့လုပ်ရမယ်။ ထိုင်းနိုင်ငံထဲကို များပြား တဲ့ရွေ့ပြောင်းလုပ်သားတွေ ရောက်ရှိနေတယ် ဆိုတာကျွန်မတို့နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိပဲဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။ အဆိုပါ ကမ္ဘာ့ စီးပွားရေး ဖိုရမ် ဆွေးနွေးပွဲတွင် ၄င်းအနေဖြင့် အထပ်ထပ်အခါခါပြောကြားခဲ့သည့် ကိစ္စရပ်သည် အကျင့်ပျက်ခြစားမှုနှင့် မျှတမှုမရှိသည်များအား အမြစ်ပြတ်ချေမှုန်းရန် လိုအပ်သည့် အကြောင်းဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် အရှေ့ အာရှစီးပွားရေးဖိုရမ်တွင် ၁၅ မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့သည်။
By: Popular Myanmar News Journal 

ဒေါ်အောင်ဆန်းစုကြည်နှင့်ထိုင်းဒုဝန်ကြီးချုပ်တို့ မြန်မာလုပ်သားများအရေး အကြိတ်အနယ်ဆွေးနွေး
အလုပ်သမားမှတ်ပုံတင် နှင့်ယာယီပတ်စပို့မရသေးသူများ အမြန်ဆုံရရေးနှင့် အလုပ်သမားအခွင့် အရေးများရရှိရေး အတွက်ထိုင်း ဒုဝန်ကြီးချုပ်က   ကူညီပေးမည်ဟုကတိပေး

ဗန်ကောက်။မေ ၃၁။


အလုပ်သမားမှတ်ပုံတင် နှင့်ယာယီပတ်စပို့မရသေးသူများ အမြန်ဆုံရရေးနှင့်အလုပ်သမားအခွင့်အရေးများ ရရှိရေးအတွက် ထိုင်းဒုဝန်ကြီးချုပ်ကကူညီပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောကြားသည်။


ထိုင်းနိုင်ဗန်ကောက်မြို့တွင်ပြုလုပ်သည့်ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့တက်ရောက်လာသောဒေါ်အောင်ဆန်းစုကြည် သည်မေ၃၁ ရက် မွန်းလွဲံပိုင်းက ထိုင်းနိုင်ငံဒုတိယ၀န်ကြီးချုပ်နှင့် အစိုးရရုံးတွင်တွေ့ဆုံ ခဲ့ပြီ့းမြန်မာလုပ်သားများ အရေးအကြိတ် အနယ်ဆွေးနွေး  ခဲ့ခြင်းဖြစ်သည်။

    ``ကျမနေ့လည်းလောက်ကထိုင်း ဒုတိယ၀န်ကြီးချုပ်နဲ့ေ တွ့ခဲ့ပါတယ် ။တွေ့ရတဲ့အကြောင်းရင်းကလည်း ကျမတို့ရွှေ့ပြောင်းလုပ်သားတွေရဲ့အခြေအနေကိုကောင်းအောင်လို့ ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာ ကိုဆွေးနွေးတာပါ။ အဲဒီဆွေးနွေးချက်အရတော့ အတတ်နိုင်ဆုံးကျမတို့ရဲ့ရွှေ့ပြောင်းလုပ်သားတွေရဲ့ အရေးပြေလည်ရေး အတွက်လုပ်ပေးပါ့မယ် လို့ကျမ ကိုပြော ပါတယ်´´ဒေါ်အောင်ဆန်းစုကြည်က စမွတ်စခွန်ရှိ ယာယီပတ်စပိုစ်ထုတ်ပေးရေး ရုံးသို့လာရောက်စဉ်မြန်မာလုပ်သား များကို ယင်းကဲ့ သို့ထုတ်ဖော်ပြောကြားခဲ့သည်။
    ``တခြားနိုင်ငံမှာေ၇ာက်နေတဲ့ကျမတို့ရဲ့အလုပ်သမားတွေပြန်လာပြီးတော့အလုပ်ရနိုင်အောင်လုပ်ဖို့ဆိုတာ
    ဟာမြန်မြန်ဆန်ဆန်ကြီးတော့မဖြစ်နိုင်သေး ပါဘူး။ ဒီအချိန်ကာလမှာဒီနိုင်ငံမှာရှိနေ သရွေတော့အတတ်နိုင်ဆုံး အဆင်ပြေအောင်လို့ ကျမတို့အတတ်နိုင်ဆုံးကြိုးစား ပါ့မယ်လို့ပြောပါရစေ´´ဟုဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

``မြန်မာလုပ်သားတွေကိုမြန်မြန်လေးပတ်စပို့လုပ်ပေးစေချင်တယ်။သူတို့ကအလုပ်ကနေဖျက်ပြီးလာရတာ။  ၃ရက် ပျက်ရင် အလုပ်ထုတ်ခံ  ကျရတယ်။`` ဟု     Burma Democarcy Network မှဒုဥက္ကဋ္ဌက ဖလားဝါးနယူး(စ်)သို့ပြောသည်။

    "ကျွန်တော်တို့အရင်လ(ဧပြီ)၂၃ရက်ကစပြီးယာယီပတ်စပို့စ လုပ်ပေးပတယ်။ စလုပ်ပေးခါစက တနေ့၄၀၀လောက် လုပ်ပေးပါတယ်။ ခုဆို၁၀၀၀လောက် လုပ်ပေးနေပါတယ်။ ကိုယ့်မြန်မာတွေအေးအေးဆေးဆေး အလုပ်လုပ်ကိုင်နိုင်ရေး အတွက်ကျနော်တို့ လုပ်ပေးနေပါတယ်"   ဟု စမွတ်စခွန်ရှိ ယာယီပတ်စပိုစ်ထုတ်ပေးရေးရုံး  မှဒုရဲမှုးစန်းလွင်     ကရှင်းပြသည်။

ယခုအခါ ထိုင်းနိုင်ငံတွင်မြန်မာလုပ်သား၂သန်းကျော်ရှိပြီးစမွတ်စခွန်ဒေသတွင်၂သိန်းကျော်ရှိသည်။


D-မင်း (ဗန်ကောက်မှ တိုက်ရိုက်ပေးပို့သည်)

by Yangon Media Group 

ဒေါ်စုနှင့်ခေါင်းဆောင်တချို့ WEF ညီလာခံမှာ သီးခြားတွေ့ဆုံမည်
Bangkok National Verification Centre သို့ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာစဉ်(AFP Photo)
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ အရှေ့အာရှ ကမ္ဘာ့စီးပွားရေးညီလာခံကို တတ်ရောက်မှာဖြစ်ပါတယ်။ ညနေပိုင်းမှာ အရှေ့အာရှ စီးပွားရေးညီလာခံ ကျင်းပရာနေရာကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာ တာဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ မြန်မာအလုပ်သမားတွေ အများအပြားရှိနေတဲ့ မဟာချိုင်ကို သွားရောက်ပြီး မြန်မာအလုပ်သမားတွေကို တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်နဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့တော့ ကိုသားညွန့်ဦးက စုစည်းတင်ဆက်ပေးထား ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေးညီလာခံအတွင်းမှာပဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံ ဖွယ်ရှိပါတယ်။ ဒီနေ့ မွန်းလွဲပိုင်းမှာတော့ ကမ္ဘာ့စီးပွားရေးညီလာခံ တရားဝင်ဖွင့်ပွဲ အခမ်းအနား ပြုလုပ် မှာဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်အပါအ၀င် ခေါင်းဆောင်အတော်များများက အရှေ့အာရှ အနာဂတ်အပေါ် အမြင်တွေကို မိန့်ခွန်း ပြောဆိုကြဖို့ရှိပါတယ်။ မနက်ဖြန် ဇွန်လ တစ်ရက်နေ့ မနက်ပိုင်း ကမ္ဘာ့စီးပွားရေး ညီလာခံမှာတော့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောဖို့ရှိပြီး မွန်းလွဲပိုင်းမှာတော့ မြန်မာနိုင်ငံ အတွင်း ပြုပြင်ပြောင်းလဲမှုတွေဟာ ဒေသနဲ့ကမ္ဘာကြီးအတွက် ဘယ်လို သက်ရောက်နိုင်သလဲ ဆိုတဲ့ အပေါ် မြန်မာနိုင်ငံရေးအနာဂတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ ရှိပါတယ်။
မနေ့ကတော့ ကမ္ဘာ့စီးပွားရေးညီလာခံကို မရောက်ခင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ အလုပ်သမားတွေ အများအပြားရှိတဲ့ ဘန်ကောက်မြို့အနီး မဟာချိုင်အရပ်ကို သွားရောက်ရာမှာ ထောင်နဲ့ ချီတဲ့ မြန်မာတိုင်းရင်းသားလူမျိုးတွေရော ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့ ထိုင်းလူမျိုးတွေပါ စုဝေးရောက်ခဲ့ကြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်လို့ ကျနော်တို့မှာ အလုပ်နားလို့ရှိရင် ၁၀ ရက်၊ ၁၅ ရက် ဖိုင်း (fine) တပ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဂရုမစိုက်ပါဘူး။ အမေစုဆိုတာ တွေ့ရဖို့ ခဲယဉ်းပါတယ်။ တသက်မှာ တခါပဲ တွေ့ရပါတယ်။ သူများတွေ တွေ့ချင်လို့တောင် မတွေ့ရပါဘူး။ ကျနော်ဆိုရင် မနက် ၆ နာရီ ကတည်းက လာပါတယ်။ ထမင်းလည်းမစား-ဘာမှ မစားဘူး။ အမေစုကိုတွေ့ချင်တဲ့စိတ်နဲ့။ အခု တွေ့ လိုက်ရတော့ စိတ်ထဲမှာ အရမ်းကို ပီတိဖြစ်ပါတယ်။”
“အရမ်းကိုချစ်တဲ့အတွက်ကြောင့် လာကြိုတာ- ဘာမှ မျှော်လင့်ချက်ထားပြီး လာကြိုတာတော့ မဟုတ်ပါ ဘူး။ အရမ်းကိုချစ်လွန်းလို့၊ အရမ်းကို တွေ့ချင်လွန်းလို့ အပင်ပန်းခံပြီး လာကြိုတာပါ။ ဒီနေ့က အလုပ်မပိတ် ဘူး။ ဒါပေမယ့် သဌေးဆီမှာခွင့်တောင်းပြီးတော့ ကြိုးစားပမ်းစားနဲ့ လာကြိုရတာ၊ သူတို့လည်း အကုန်လုံး ကို ခွင့်မပေးနိုင်ဘူး။”
“မေမေ ဒေါ်အောင်ဆန်းစုကြည် အချုပ်ထဲမှာနေတာ ကြာပြီ။ ဘာမှ မသိဘဲနဲ့ - တိုင်းသူပြည်သား အားလုံး က ဒုက္ခရောက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ - ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်နေတယ်။ မေမေဘာမှ မသိဘူး။ ဒါကြောင့်မို့လို့ မေမေသိအောင် ဒီထိုင်းနိုင်ငံမှာ လာလို့ရှိရင် သမီး မေမေ့ကို ကြိုနေမှာပါ။”
ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အားပေးစကားပြောပြီး တိုင်းပြည် အခြေအနေ မြင့်တက်လာတာနဲ့ အမျှ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေ တန်ဖိုး မြင့်တက်လာစေရမယ် လို့ ပြောဆိုသွားပါတယ်။
“ကျမတို့ဟာ မျက်နှာငယ်စရာ၊ အားငယ်စရာ ဘာမှ မလိုဘူး။ အမြဲတမ်းပြောင်းလဲနေမှာပဲ။ အဲဒီတော့ ဒီတကြိမ်တခါမှာ ကျမတို့နိုင်ငံသားတွေက ဒီမှာလာပြီး လုပ်နေရတယ်ဆိုပေမယ့် ကျမတို့နိုင်ငံရဲ့ အခြေအနေတွေ ပြောင်းလာတာနဲ့အမျှ ကျမတို့နိုင်ငံသားတွေရဲ့ အခြေအနေနဲ့တန်ဖိုးကလည်း တက်လာမှာပဲဆိုတာကို သိကြပါ။”
ထိုင်းနိုင်ငံအတွင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်တဲ့ ခရီးစဉ်တွေမှာ ထိုင်းအာဏာပိုင်တွေက လုံခြုံရေး အပြည့်ယူထားပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၂ ရက်နေ့မှာတော့ မြန်မာ တိုင်းရင်းသားဒုက္ခသည်တွေရှိနေတဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ဖို့ ရှိပါတယ်။ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်အချို့ကိုလည်း တွေ့ဆုံဖို့ရှိသလို မဲဆောက်က ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကိုလည်း သွားရောက် လေ့လာဖွယ် ရှိပါတယ်။

By ကိုသားညွန့်ဦး (ဗွီအိုအေ-မြန်မာပိုင်း)
 
 
 
ပြုပြင်ပြောင်းလဲရေးဆိုတာ တနိုင်ငံလုံး အတိုင်း အတာနဲ့ ဖြစ်ဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

မြန်မာနိုင်ငံကအပြောင်းအလဲတွေဟာ နောက်ကြောင်းပြန်မလှည့်နိုင်တော့ဘူးဆိုတာမဟုတ် ကြောင်း၊လက်ရှိအပြောင်းအလဲတွေကိုစစ်တပ်ကမထောက်ခံရင်အချိန်မရွေး နောက်
ကြောင်း ပြန်လှည့်သွားနိုင်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက် ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးညီလာခံဒုတိယနေ့ကျင်းပစဉ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်း ပြောခဲ့တာပါ။ ညီလာခံ တက်ရောက်ကြသူ ကမ္ဘာ့ခေါင်းဆောင်တွေက မြန်မာနိုင်ငံ အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးကြတဲ့အတွက်မိန့်ခွန်းပြောကြားစဉ်မှာအခုလိုထည့်သွင်းပြောခဲ့တာပါ။

"မြန်မာနိုင်ငံကအပြောင်းအလဲတွေဟာ နောက်ကြောင်းပြန်မလှည့်တော့ဘူးဆိုတာဟုတ်ပါသလားဆိုတာကျမကို မေးလေ့ရှိတဲ့ မေးခွန်းဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုလို့ အများက ပြောတဲ့ အခါမှာ မိမိတို့အားလုံး အနေနဲ့ ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေကို ဆိုလိုသလဲဆိုတာ မေးခွန်းထုတ်ဖို့လိုပါတယ်။ကျမနေအိမ်အကျယ်ချုပ်ကလွတ်မြောက်စ၂၀၁၀နှစ်ကုန်ပိုင်း လောက်က ပြုပြင်ပြောင်းလဲမှုလို့ ပြောကြရင် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုကို ရည်ညွှန်းကြတာ များပါတယ်။

အဲဒီအချိန်က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခဲ့တာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပြန်လည်မှတ်ပုံတင်ခဲ့တာ စတာတွေကိုရည်ညွှန်းပြောဆိုခဲ့ကြပါတယ်။ဒါပေမယ့် နောက်ပိုင်းမှာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ပြောကြရာမှာ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုဖက်ကိုဦးတည်ပြောဆိုလာကြတာသတိထားမိပါတယ်။

လူတိုင်းလူတိုင်းမှာ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးမတူညီတဲ့ချဉ်းကပ်မှုမတူတဲ့အမြင်တွေနဲ့ ပြောဆိုကြတာတွေရှိပါတယ်။ကျမမြင်တဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာကျမတို့မြန်မာနိုင်ငံသားအားလုံးရဲ့ဘ၀အခြေအနေတိုးတက်မှုကိုဆိုလိုတာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

No comments: