Monday, June 4, 2012

ကိုကျော်ကျော်ထွေး(ခ) ကိုမာကီနဲ့ မစုစုနွေး(ခ) မနွယ်နွယ်ဝင်းတို့ရဲ့ မင်္ဂလာ ဧည့်ခံပွဲ အခမ်းအနား....



ကိုကျော်ကျော်ထွေး(ခ) ကိုမာကီ နှင့် မစုစုနွေး(ခ) မနွယ်နွယ်ဝင်းတို့ရဲ့ မင်္ဂလာ ဧည့်ခံပွဲ အခမ်းအနားအား ယနေ့ ၃-၆-၁၂ ညနေ့ ၅း၀၀မှ ၇း၀၀အထိ ရန်ကုန်၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမှာ ပြုလုပ်ခဲ့ပါတယ်..။

နိုင်ငံရေးနယ်ပယ်မှ ဇနီးမောင်နှံရဲ့ မင်္ဂလာဧည့်ခံပွဲ ဖြစ်တဲ့အတွက် နိုင်ငံရေးနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ တတ်ရောက်ကြပါတယ်..။ အဖွဲ့ချုပ်နာယက ဘဘတင်ဦးနဲ့ ဘဘ၀င်းတင်တို့ တက်ရောက်ကြပြီး ကိုမင်းကိုနိုင်နှင့် ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင်များ အားလုံး တက်ရောက်ကြပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်များ၊ NLD(BG) အဖွဲ့ဝင်များ၊ မဇ္ဈိမလှိုင်း ကိုရဲလွင်နှင့် အဖွဲ့ဝင်များ လူမှုရေးနယ်ပယ်က မဖြူဖြူသင်းတို့ အမေသီတာဝင်းအောင်တို့နှင့် အဖွဲ့ချုပ် လွှတ်တော်အမတ်များလည်း တက်ရောက်ခဲ့ကြပါသည်..။ မင်္ဂလာခန်းမ ပြည့်လျှံသည့်အထိ နိုင်ငံရေး၊ လူမှုရေးနယ်ပယ်မှ မိတ်ဆွေ သင်္ဂဟများ တက်ရောက်ခဲ့ကြပါသည်။

သတင်း၊ ဓာတ်ပုံ ညီငယ် လင်းဆက်
ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် ထမ်းဆောင်နေကြတဲ့ ကိုကျော်ကျော်ထွေး(ခ)ကိုမာကီနဲ့ မစုစုနွေး(ခ)မနွယ်နွယ်ဝင်းတို့ မင်္ဂလာနှစ်တရာတိုင်ပြီး တိုင်းပြည်အကျိုး ဆက်လက် သယ်ပိုး ထမ်းရွက်နိုင်ပါစေ.. 
ဒီမိုဝေယံ

No comments: