Monday, June 4, 2012

အမေရိကန် တွင် လူသား စားသည့် မှုခင်းများ ဆက်လက်ပေါ်ပေါက် (Extreme Graphic)



image
 
3
 
8
 
မဲပေးပါ

မေရီလန်း ပြည်နယ် ဘော်တီ မိုး မြို့  မှာ ရှိ တဲ့ Morgan State University မှာ တက်ရောက် နေ
တဲ့ ကင်ညာ နိုင်ငံက  အသက် ၂၁ အရွယ် Alex Kinyua (အဲလက်(စ) ကီနိုင်ယူ)  ဟာ အသက်
၃၇ နှစ် အရွယ် အခန်း ဖော် သူ ငယ် ချင်း ဖြစ်သူ  Kujoe Bonsafo Agyei-Kodie ကို သတ် ဖြတ်
ပြီး သူ့  ရဲ့  အသည်း နှလုံး နဲ့  ဦးဏှောက် တို့  ကို စား သောက်ခဲ့ ကြောင်း Fox ရုပ် သံ သတင်း မှာ
ဖော် ပြထား ပါတယ်။

Kujoe Bonsafo Agyei-Kodie ဂါနာ နိုင်ငံ ဖွားဖြစ် ပြီး တက္ကသိုလ် က နေ ၂၀၀၈ ခုနှစ် မှာ မဟာ
ဝဇ္ဇာ ဘွဲ့  ကို ရရှိ ခဲ့ ကာ အဲလက်(စ) ကီနိုင်ယူ ကတော့  ဒီနှစ် မှာ ပဲ ဂျူနီယာ ပြီး မြောက် ထား သူ
တစ်ဦး ဖြစ်ပါတယ်။ Morgan State University ဟာ လူမည်း တွေ အများ ဆုံး တက်ရောက် ပညာ
သင်ကြား တဲ့ တက္ကသိုလ် ဖြစ်ပါတယ်။

ကီနိုင်ယူ ရဲ့  အကို ဖြစ်သူ က သူ့  ညီ ရဲ့  အခန်း ထဲ မှာ ကျန် ရှိ နေတဲ့ ကူဂျို ဘွန်ဆာဖို ရဲ့  ခန္တာ ကိုယ်
အပိုင်း အစ တွေ ကို တွေ့ ရှိ ပြီး နောက် သူ့  ဖခင် က ရဲတပ် ဖွဲ့  ကို အကြောင်း ကြား ခဲ့ တာ ဖြစ်ပါတယ်။
ကူဂျို ဘွန်ဆာဖို ရဲ့  ဖခင် ဖြစ်သူ ဟာ အင်္ဂါ နေ့  က တည်း ရဲ  ကို အကြောင်း ကြား ခဲ့ တာ ကြောင့် ပြီးခဲ့
တဲ့ သောကြာ နေ့  က တည်း က သူ့  ရဲ့  သား ဖြစ်သူ ဟာ အသတ် ခံ ရ နိုင် ဖွယ် ရှိ ကြောင်း သေမှုသေ
ခင်း ကျွမ်း ကျင် သူ တွေ ရဲ့  သုံး သပ် မှု ကို ကိုးကား ပြီး သတင်း တွေ မှာ ဖော် ပြ ထား ပါတယ်။

ဒီ သတင်း က တော့ အမေရိကန် နိုင်ငံ တွင်း မှာ တစ်ပတ် အတွင်း  ဒုတိယ မြောက် လူသား စား မှု
သတင်း ဖြစ်ပါတယ်။

ကီနိုင်ယူ ဟာ အခန်း ဖော် ကို ဘေစ် ဘော တုတ် တံ နဲ့  ရိုက်သတ် ပြီး နောက် ခြေလက် တွေ ဓာနဲ့ 
ဖြတ်တောက်ပြီး စား ခဲ့ ကြောင်း ကို လည်း သူ့ ရဲ့  facebook မှာ ရေးသား ထား ပါတယ်။ ကီနိုင်ယူ
ကို ရဲ တပ် ဖွဲ့  က မေရီလန် ပြည်နယ် က ဂျော်ပါတောင်း မြို့  မှာ ဖမ်းဆီး ရမိ ခဲ့ ပြီး သူသတ် ခဲ့ တဲ့ သူ
ရဲ့  ကျွင်းကျန် နေတဲ့ ခန္တာ ကိုယ် ကို တော့ အမှိုက် ပုံး ( Dunpster ) ထဲ မှာ ပစ် ထား ခဲ့ ပါတယ်။

ဒီသ တင်း လို ပဲ အခြား လူသား စား မှု ဖြစ် စဉ် တစ်ခု က တော့  ဖလော်ရီဒါ ပြည်နယ် မိုင်ယာ မီ မြို့ 
မှာ အသက် ၃၁ နှစ် အရွယ် ရူဒီ ယူဂျင်း ဆို သူက အသက် ၆၅ နှစ် အရွယ် ရှိ တဲ့ အိမ်ယာမဲ့ ရော်နယ်
ပေါ့ ပို ( ronald poppo)   ရဲ့   မျက် နှာ ကို ဟိုင်းဝေး  လမ်း မ ဘေး မှာ ကိုက် စား တဲ့ ဖြစ်စဉ် တစ်ရပ်
ပေါ်ပေါက် ခဲ့ ပါ တယ်။ အသက် ၁၆ နှစ် အရွယ် ကတည်း က ရာဇ၀တ် မှု တွေ ကျူးလွန် မှု ကြောင့်
အကြိမ် ကြိမ် အဖမ်း ခံ ရတဲ့ သူ တစ်ဦး ဖြစ်ြ့ပီး CCTV ကင်မရာ ကနေ ရူဒီ ယူဂျင်း ရဲ့  ရာဇ၀တ်မှု
ကျုးလွန် ပုံကို မှတ်တမ်း တင် နိုင်ခဲ့ ပါတယ်။

မိုင်ယာမီ ရဲ တပ် ဖွဲ့  က  ရော်နယ် ပေါ့ ပို  ရဲ့   မျက် နှာ ကို ကိုက် ဖြတ် စား သောက် နေတဲ့ ရူဒီ ယူဂျင်း
ကို သေနတ် နဲ့  ပထမ အကြိမ် ပြစ်ခတ် ပြီး ရပ် တန့်  ဖို့  ပြောခဲ့ ပေမယ့် အချက် များ စွာ ပစ်ခတ် ပြီး
ဖမ်းဆီး ခဲ့ ရပါတယ်။

ခန္တာ ကိုယ်ရဲ့  ဗီဇ ကို ပါ ပြောင်းပြစ် နိုင်တယ် လို့  ယူဆရတဲ့ မူးယစ်ဆေးဝါး တစ်မျိုး မျိုး ကိုသုံးထာ့း
ပုံ ရတဲ့ ရူဒီ ဟာ ကိုယ် လုံး တီး အနေအထား နဲ့  ရော်နယ် ရဲ့  မျက် နှာ ကို ကိုက် ဖြတ် စားသောက် ခဲ့
ပါတယ်။ မျက် နှာ တစ်ခု လုံး ရဲ့  ၈၀ ရာ ခိုင်နှုန်း ခန့်  ပျက် စီး သွား တဲ့ ရော် နယ် ဟာ မိုင်ယာမီ ဂျက်
ဆင် ဟိုတယ် မှာ တက်ရောက် ကုသ ခံ နေ ရ ပြီး သူ့ မျက် နှာ ကို ပြန်လည် ခွဲစိတ် ကုသခံ ဖို့  လိုမယ်
ဆို ပါတယ်။

ကနေဒါ နိုင်ငံ မွန်ထရီယလ် မြို မှာ တော့ အသက် ၂၉ နှစ် အရွယ် ရှိ လူကာ ရော်ကို မက်နော်တာ ဆိုတဲ့
ညစ်ညမ်း ဗီဒီယို သရုပ် ဆောင်  က တရုတ် ပြည် ၀ူဟန် မြို့  ကနေ ကျောင်းလာတက် တဲ့ အသက် ၃၂ နှစ်
အရွယ် ဂျွန်လင်း ကို သတ်ဖြတ် ပြီး ကိုယ်လက် အင်္ဂါ တွေ ကို အပိုင်း ပိုင်း ဖြတ်တောက် နှိပ်စက် ထား
မှု ကို သူ့ ရဲ့  ကိုယ် ပိုင် အင်တာနက် စာမျက် နှာ ကနေ ဖော် ပြခဲ့ ပါတယ်။

အခုတော့ ထွက် ပြေး တိမ်း ရှောင် နေတဲ့ လူကာ ရော်ကို  ကို နိုင်ငံ တကာ ရဲတပ် ဖွဲ့  အကူအညီ နဲ့  ပါ
ရှာ ဖွေ နေပါတယ်။ ဂျွန်လင်း ကို သတ်ဖြတ် ပြီး နောက် ကနေဒါ ကနေ  ဥရောပ က လေယာဉ် နဲ့ ထွက်
ပြေး တိမ်းရှောင် ခဲ့ ပါတယ်။
Luka Rocco Magnotta


No comments: