Tuesday, August 7, 2012

8888



ငါ့ခေါင်းကို
မိုးကြိုးပစ်လိုက်သလိုပဲ
ငါက အရွယ်မရောက်သေးပေမယ့်
နှလုံးသားအရင်းခံနဲ့လူတစ်ယောက်ပဲလေ
အတုံးအရုံးလဲကုန်သတဲ့၊
အမေကပြောတယ်
သားကြီးအပြင်မထွက်ရဘူးတဲ့။

အရပ်ထဲလဲ လူတွေစုနေကြတာ
ရုပ်ရုပ်သဲသဲ
မှတ်မှတ်ရရ
အဲဒါ ၈.၈.၈၈
စိတ်ထဲမှာ ချစ်ချစ် ချစ်ချစ်လို့
အလွယ်ရအောင်မှတ်ထားမိတယ်
ကျောင်းလဲမသွားရတော့ဘူး
ကျောက်သင်ပုန်းက စာလေးတွေ
အလိုလျောက်ပျက်တဲ့နေ့တွေပဲလေ။

ကြာခဲ့ပြီပြောလို့ရသလို
မနေ့ကဖြစ်သွားသလိုရှိနေတာက
ရင်ထဲကတရားပဲ
အမုန်းတရားတွေမထားခဲ့ပဲနဲ့
အမုန်းခံခဲ့ရတာက ရှေ့မှာလဲကုန်တဲ့
သူတွေ....၊

မလဲပဲ ပွဲတိုင်းနွှဲနေတဲ့သူတွေကိုတော့
ရင်ထဲကဦးညွတ်နေရင်းလေ
အခုတော့နှစ်တွေ
အရေအတွက်တွေကများလာတယ်
ငါလဲလူလားမြောက်ပြီ
ဒါပေမယ့်
အသိဥာဏ်ကကြီးလာလေလေ
ဒါမတရားတဲ့ ပွဲကြီးဆိုတာသိလာလေပဲ
ရှစ်ဆယ့်ရှစ် ရှစ်ဆယ့်ရှစ်
၈ရက်၈လ ရှစ်ဆယ့်ရှစ်
ဘယ်တော့မှ မဟောင်းညစ်တဲ့
ရှစ်ဆယ့်ရှစ်။

မင်းကြည်ညို
‎8888

No comments: