Wednesday, August 1, 2012

ရိုဟင်ဂျာသည် မြန်မာ တိုင်းရင်းသား မဟုတ်ဟု ကုလနှင့် ပူးတွဲ ရှင်းလင်းပွဲ၌ ၀န်ကြီး ဦးခင်ရီ ထပ်မံ ငြင်းဆို



KY_005938rfrယမန်နေ့၌ ပြုလုပ်သော လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီး၏ သတင်းစာ ရှင်းလင်းပွဲ၌ ရိုဟင်ဂျာသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား (၁၃၅) မျိုးထဲ၌ ဘယ်တုန်းကမှ ပါဝင်ခဲ့ခြင်း မရှိဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ပြောကြား လိုက်ပါသည်။
“ကိုလိုနီ အင်္ဂလိပ်အစိုးရ လက်ထက်က စလို့ ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ်တွေမှာ ကောက်ယူခဲ့တဲ့ သန်းခေါင်း စာရင်းတွေ အရ ရိုဟင်ဂျာ လူမျိုးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး” လို့ ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန အဆောက်အဦး ဟောင်းမှာ ယမန့်နေ့ ၌ ကျင်းပသည့် ရခိုင်ဒေသ အရေးနဲ့ ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၀န်ကြီး ဦးခင်ရီက ယခုလို ပြော ကြားခဲ့ခြင်း ဖြစ်ပါသည်။
ယင်းသတင်းစာ ရှင်းလင်းပွဲသို့ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီနှင့် အတူ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်း ဌေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင်တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ သံရုံးများမှ တာဝန်ရှိ သူများလည်း တက်ရောက် ခဲ့ကြပါသည်။
ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနှင့် ပြည်ထောင်စု ၀န်ကြီး ငါးဦးတို့သည် ခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်ပြီ့း ယမန်နေ့ နေ့လည် ပိုင်းကလည်း ရန်ကုန်မြို့မှာ တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ထပ်မံ ကျင်းပခဲ့ပါသည်။
ထိုသတင်းစာ ရှင်းလင်းပွဲ၌ ရခိုင်ပြည်နယ်၏ ပဋိပက္ခတွင် သေဆုံးသူ ၇၇ ဦး ရှိကြောင်း၊ ဤအထဲ၌ ရခိုင်လူမျိုး ၃၁ ဦးနှင့် ဘင်္ဂါလီလူမျိုး ၄၆ ဦးဖြစ်ကြောင်း၊ လက်ရှိ ဒုက္ခသည်ဦးရေသည် စုစုပေါင်း ၆ သောင်းကျော် ရှိပြီး ရခိုင် တိုင်းရင်းသား လူမျိုး ၈ ထောင်ကျော်နှင့် ဘင်္ဂါလီလူမျိုး ၅ သောင်းကျော် ရှိနေကြောင်း နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ထုတ်ပြန် ကြေညာခဲ့ပါသည်။
Quintana_02_009opကုလကိုယ်စားလှယ်ပါဝင်သော သတင်းစာရှင်းလင်းပွဲ
ထို့အပြင် အဆိုပါ အရေးအခင်း၌ ပါဝင် ပတ်သက်မှုကြောင့် အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း (INGO) များမှ ၀န်ထမ်း ၁၀ ဦးကို ဖမ်းဆီး အရေးယူခဲ့ပြီး တစ်ဦးကို စစ်ဆေးပြီးနောက် ပြန်လည် လွှတ်ပေး လိုက်ကြောင်း၊ ဖမ်းဆီးထား သူ များမှာ UNHCR မှ ငါးဦး၊ AZG မှ တစ်ဦးနှင့် WFP မှ တစ်ဦးတို့ ဖြစ်ကြောင်း AZG မှ ၀န်ထမ်းကို ဖမ်းဆီး စစ်ဆေးပြီးနောက် ပြန်လည် လွှတ်ပေး လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ပါသည်။
ဤအရေး အခင်းကြောင့် တာလီဘန် အဖွဲ့မှ မြန်မာနိုင်ငံကို ခြိမ်းခြောက်ခဲ့မှုများ ပြည်ပ မီဒီယာများတွင် ဖော်ပြမှု ရှိနေသည့် အတွက် ပြည်သူများက စိုးရိမ် ပူပန်မှုများ ရှိနေသည့်အပေါ် စိုးရိမ်စရာ မရှိကြောင်း နယ်စပ်ရေးရာနှင့် မြန်မာ့ စက်မှု ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြား ခဲ့ပါသည်။
ရိုဟင်ဂျာ နာမည်သည် မြန်မာ တိုင်းရင်းသား လူမျိုးမဟုတ်ဟု သမ္မတ ဦးသိန်းစိန် ကလည်း အခိုင်အမာ ထုတ်ပြန်ကြေညာ ထားပြီးဖြစ်ပါသည်။
သမိုင်းကြောင်းအရ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့တဲ့ ၁၈၂၄ ခုနှစ် နောက်ပိုင်း ရခိုင်ဒေသသည် အင်္ဂလိပ် ကိုလိုနီ ဘ၀ လက်အောက်ကို ရောက်ရှိသွားပြီး လယ်ယာ လုပ်သား လိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန် တဖက်နိုင်ငံ ဘင်္ဂလားဒေ့ခ်ျမှ ဘင်္ဂါလီ လူမျိုးများကို ခေါ်ယူခဲ့ရခြင်း ရှိသည်ဟုသာ ဖြစ်သည်ဟု ဦးခင်ရီက ပြောကြားခဲ့ပါသည်။

No comments: