15.08.2012
၂၀၁၀ ခုနှစ် တိဘက်ဒေသမှာ ငလျင်ကြီးလှုပ်ခဲ့တုံးက ငလျင်ကြောင့် သေဆုံးသူ
အလောင်းတွေကြားမှာ အကူအညီတွေ ပေးနေတဲ့ တိဘက်ဘုန်းတော်ကြီးတွေရဲ့
ဓါတ်ပုံတွေကို မြန်မာနိုင်ငံမှာ အသတ်ခံကြရလို့ သေဆုံးနေကြတဲ့ မူဆလင်တွေကြား
မှာ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေကို တွေ့နေရတဲ့ ဓါတ်ပုံပုံစံမျိုးနဲ့
အင်တာနက် ၀ဘ်ဆိုက်ဒ်တချို့မှာ တင်ထားကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့
အိန္ဒိယနိုင်ငံ ဒါရမ်းဆလား (Dharamsla) မြို့မှာ အခြေစိုက်တဲ့
တိဘက်လူမျိုးများ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ (Central Tibetan Administration)
ကနေ၊ သြဂုတ်လ (၁၄)ရက်နေ့က သတင်းကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ဒီအကြောင်းကိုတော့ ကိုရော်နီညိမ်းက ဆက်ပြီးတော့ တင်ပြမှာပါရှင်။
ဟုတ်ပါတယ်။ အိန္ဒိယနိုင်ငံ ဒါရမ်းဆလား (Dharamsla) မြို့က တိဘက်လူမျိုးများ အုပ်ချုပ်ရေးဗဟိုအဖွဲ့က ဒီ့အတွက်နဲ့ အလွန်အမင်းပဲ စိတ်အနှောင့်အယှက် ဖြစ်ရပြီးတော့ ဒီလိုနားလည်မူ လွဲမှားစေတဲ့ ဓာတ်ပုံကို အင်တာနက်ပေါ်မှာ ဖြန့်ဝေနေတာအတွက် စိတ်ပူပန်နေရတယ်လို့ ပြောပါတယ်။ တကယ်တော့ ဒီဓါတ်ပုံဟာ ၂၀၁၀ခုနှစ် ဧပြီလ ၁၄ရက်နေ့က တိဘက်ဒေသအရှေ့ခြမ်း ခိုင်ဂုဒို တရုတ်လို ယူရူးမြို့ Kyegudo (in Chinese = Yushul) မှာ လူပေါင်းများစွာ သေဆုံးခဲ့ရတဲ့ ငလျင်ကြီး လူပ်ခတ်အပြီးမှာ အလောင်းတွေကြားမှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေကြတဲ့ တိဘက်ဘုန်းတော်ကြီးတွေ ဖြစ်ပါတယ်လို့ ဒီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဗွီအိုအေ တိဘက်ဘာသာ အစီအစဉ်ကနေ တိဘက်အုပ်ချုပ်ရေးဗဟိုအဖွဲ့က ပြန်ကြားရေးဌာနရဲ့ အတွင်းရေးမှူး မစ္စတာတာရှီ Mr. Tashi ကို ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆက်သွယ် မေးမြန်းတာမှာတော့ အခုလိုပြောပါတယ်။
“မြန်မာနိုင်ငံမှာ ဆက်ပြီးဖြစ်နေတဲ့ ပဋိပက္ခနဲ့ ပတ်သတ်ပြီးတော့ အင်တာနက်ပေါ်က ဝဘ်ဆိုက်ဒ်တွေပေါ်မှာ ဓာတ်ပုံတစ်ပုံကို အကြီးအကျယ် လွဲမှားစွာ အသုံးပြု ထားပါတယ်။ ၂၀၁၀ခုနှစ်တုန်းက တိဘက်ဒေသမှာ ငလျင်ကြီး လူပ်ခဲ့တုန်းက ငလျင်ကြောင့် သေဆုံးသူ အလောင်းတွေကြားမှာ အကူအညီတွေပေးနေတဲ့ တိဘက် ဘုန်းတော်ကြီးတွေရဲ့ ဓါတ်ပုံတွေဟာ၊ အခုတော့ WEBSITES တွေပေါ်မှာ၊ မြန်မာနိုင်ငံမှာ အသတ်ခံကြရလို့ သေဆုံးနေကြတဲ့ မူဆလင်တွေကြားမှာ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေကို တွေ့နေရတဲ့ ဓါတ်ပုံအဖြစ် တင်ထားကြပါတယ်။ ကျနော်တို့က ဒီ WEBSITES တွေကို ဆက်သွယ်ပြီးတော့၊ ဒါ မဟုတ်ဘူး ဆိုတာ ရှင်းပြခဲ့တာကြောင့်၊ ဒီ WEBSITES တွေက ဒီဓါတ်ပုံတွေကို ဖယ်ရှားပစ်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်တခါ ထပ်ပြီး ဒီဓါတ်ပုံတွေ Pakistan အခြေစိုက် WEBSITE တစ်ခုပေါ်မှာ ပေါ်လာပြန် ပါတယ်။ ဒါဟာ တစ်စုံတဦး တစ်ဖွဲ့တစ်သင်းက မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကြားမှာ ရန်လိုမုန်းတီးမှုတွေ ဖြစ်ပေါ်အောင်၊ ဒီဓါတ်ပုံတွေကို ရည်ရွယ်ချက် ရှိရှိနဲ့ တလွဲ အသုံးချ နေတာပဲလို့၊ ကျနော်တို့က စဉ်းစားလာရပါတော့တယ်။”
Urdu Current Affairs Portal အမည်ရှိတဲ့ ပါကစ္စတန်က www.columpk.com တိဘက်လူမျိုးများ အုပ်ချုပ်ရေးဗဟိုအဖွဲ့က ဇူလိုင်လ ၃၀ရက်နေ့က သူတို့ရဲ့ ဒီဝဘ်ဆိုက်ပေါ်က ဒီဓာတ်ပုံကို ဖယ်ရှားပေးဖို့ စာရေးအကြောင်းကြားခဲ့ တာကြောင့် နောက်တစ်နေ့မှာပဲ ဒီဓာတ်ပုံကို ဖယ်ရှားပေးခဲ့တယ်။ ဒါပေမယ့်လည်း ဒီဓာတ်ပုံဟာ ဖြန့်ဝေနေမြဲ ပြန့်နှံ့နေမြဲ ဖြစ်တယ်။ သြဂုတ်လ၁၂ရက်နေ့က လူအသေအပျောက်တွေ ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ Mumbai က မူဆလင်တွေရဲ့ ဆန္ဒပြပွဲကနေ အကြမ်းဖက် အဓိကရုဏ်းအဖြစ် ပြောင်းလဲသွားစဉ်မှာ ဒီဓာတ်ပုံကို ဆန္ဒပြသူတွေက ကိုင်ဆောင်ထားတာကို အိန္ဒိယရဲ့ လူကြည့်များတဲ့ Zee News ရုပ်မြင်သံကြားမှာ တွေ့ခဲ့ရတယ်လို့ အခုသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာသမ္မတဦးသိန်းစိန်နဲ့ ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းတို့ရဲ့ နေပြည်တော်မှာ သြဂုတ်လ၁၃ရက်နေ့က သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာလည်း သမ္မတဦးသိန်းစိန်က ဓာတ်ပုံနဲ့ပတ်သတ်ပြီး အခုလိုပြောဆိုခဲ့ပါတယ်။
“လူမျိုးရေးအရ ကျနော်တို့ ဖိနှိပ်တာတွေလဲ မဟုတ်ပါဘူး။ ဒီကနေ့ သူတို့ စွပ်စွဲနေသလို လူမျိုးတုန်း သတ်ဖြတ်တာတို့ ဘာတို့ ဒါတွေနဲ့ပတ်သတ်ပြီးတော့ ကျနော်တို့နဲ့ပတ်သတ်ပြီးတော့ ကြားရတော့ တော်တော်လေး စိတ်မကောင်း ဖြစ်ပါတယ်။ အင်တာနက်တွေထဲမှာလဲ ကျနော်တို့ ပုံတွေ တွေ့ပါတယ်။ အလောင်းတွေဆိုရင် တစ်ပုံတစ်ပင်ကြီး အမှန်တော့ ဒါတွေဟာ တစ်ခြားနိုင်ငံမှာ ဖြစ်ပျက်တဲ့ဟာတွေကို သက်သက် လုပ်ကြံပြီးတော့ ဒါ ချဲ့ကားပြီးတော့ လုပ်တာတွေဖြစ်ပါတယ်။ ဒါ ဒီမှာဖြစ်တဲ့ အဖြစ်အပျက်တွေ မဟုတ်ပါဘူး။”
တိဘက်လူမျိုးများ အုပ်ချုပ်ရေးဗဟိုအဖွဲ့က ပြန်ကြားရေးဌာနရဲ့ အတွင်းရေးမှူး မစ္စတာတာရှီးကပဲ အခုလို သတင်းကြေငြာချက် ထုတ်ပြန်ချက်ထုတ်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြခဲ့ပါတယ်။
“သူတို့တွေရဲ့ ဒီဓါတ်ပုံတွေကို တလွဲ အသုံးချနေမှုကြောင့်၊ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကြားမှာ နားလည်မှု လွဲမှားတာတွေ နဲ့ ပဋိပက္ခ တွေ ဖြစ်နေတာတွေကို ရပ်ဆိုင်းသွားစေဖို့ ရည်ရွယ်ပြီးတော့၊ ဒီဓါတ်ပုံတွေထဲက တကယ့် အဖြစ်မှန် အကြောင်းအရာကို ကျနော်တို့က ရှင်းလင်း တင်ပြလိုက်ပါတယ်လို့ သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်ခင်ဗျား”
ဒီသတင်းထုတ်ပြန်ချက်ရဲ့ အဆုံးမှာတော့ ကမ္ဘာတဝှမ်းက မီဒီယာအားလုံးကို တိဘက်လူမျိုးများ အုပ်ချုပ်ရေးဗဟိုအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။ အခုလို မြန်မာနိုင်ငံက မတူညီတဲ့ လူမျိုးနှစ်မျိုး မတူညီတဲ့ ဘာသာဝင်တွေကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ ကို ရပ်ဆိုင်းသွားစေဖို့ ဒီဓာတ်ပုံကို ဆက်ပြီး အသုံးမပြုဖို့ လေးနက်စွာ ပန်ကြား အပ်ပါတယ် လို့ အိန္ဒိယနိုင်ငံ ဒါရမ်းဆာလာမြို့မှာ အခြေစိုက်တဲ့ တိဘက်လူမျိုးများ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ Central Tibetan Administration) ရဲ့ သြဂုတ်လ (၁၄)ရက်နေ့နဲ့ သတင်းထုတ်ပြန်ကြေငြာချက်မှာ ဖော်ပြထားပါတယ်ခင်ဗျာ။
ဖန်တီးလုပ်ကြံထားတဲ့ ဓါတ်ပုံတွေ အသုံးပြုပြီး
သတင်းအမှား ထုတ်လွှင့်ခြင်း မပြုရန် ပြည်ပ
အခြေစိုက် တိဗက်ဘုန်းတော်ကြီးများအုပ်ချုပ်
ရေးအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဗုဒဘာသာနဲ့ မူဆလင် အုပ်စုတွေအကြား ပဋိပက္ခတွေ ပိုမိုကြီးမား လာအောင် တိဗက်
ဘုန်းတော်ကြီးတွေ ပါဝင်နေတဲ့ ဓါတ်ပုံတွေကို တစ်လွဲအသုံးချပြီး ဆောင်ရွက်နေတာတွေ
မပြုလုပ်ဖို့၊ ဒီဓါတ်ပုံတွေကို ကမ္ဘာ တစ်ဝှမ်းရှိ သတင်းမီဒီယာများအနေနဲက အသုံး
မပြုကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
တိဗက် ဘုန်းကြီးတွေ ပါဝင်နေတဲ့ ဒီဓါတ်ပုံတွေကို မူဆလင်နိုင်ငံတွေက ၀က်ဘ်ဆိုက်တွေမှာ
ဖြန့်ဖြူးနေတာ ဖြစ်ပြီး အဓိကအားဖြင့် ပါကစ္စတန်နိုင်ငံဟာ မြန်မာနိုင်ငံက ဖြစ်စဉ်တွေကို
သတင်းတင်ပြရာမှာ လူသေအလောင်းတွေရှေ့မှာ တိဗက် ဘုန်းကြီးတွေ မတ်တပ်ရပ်နေတဲ့
ဓါတ်ပုံတွေ အသုံးပြု ဖော်ပြနေကြကြောင်း၊
ယင်းဓါတ်ပုံများမှာ ၂၀၁၀ ပြည့်နှစ် ဧပြီလ ၁၄ ရက်နေ့က တိဗက်အရှေ့ပိုင်း Kyegudo (Yushul) မှာ မြေငလျင်လှုပ်ခတ်ခဲ့စဉ်က ရိုက်ကူးထားတဲ့ ဓါတ်ပုံများသာ ဖြစ်ကြောင်း Central Tibetan Administration က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ မဟုတ်တဲ့ အခြားနိုင်ငံက ဖြစ်စဉ်တွေ ဓါတ်ပုံတွေကို အသုံးပြုပြီး ပုံကြီးချဲ့ သတင်းဖြန့်
Central Tibetan Administration ရဲ့ ထုတ်ပြန်ကြေညာချက်ရဲ့ ကြေညာချက်ဟာ ဒီဆောင်ရွက်ချက်တွေ ဖြစ်ပေါ်နေတာ မှန်ကန်နေကြောင်း သက်သေပြနေတာ ဖြစ်ပါတယ်။
The exile Tibetan administration has expressed concerns over the misuse of photographs showing Tibetans to provoke conflict between the Buddhist and Muslim communities.
Following reports of recent clashes between Buddhists and Rohingya Muslims in Myanmar, certain sections of the media as well as social websites have portrayed photographs involving Tibetans to misinform the public and to lead a hate campaign.
The recent ethnic clashes in the Indian northeastern state of Assam have raised further tensions.
The Dharamshala based Central Tibetan Administration in a release yesterday said it was “deeply disturbed and concerned” over the circulation of a misleading photograph in some section of the media showing Tibetan monks.
The release noted that many websites in the Muslim countries, especially Pakistan have used a photograph of Tibetan monks standing in front of a pile of dead bodies in their reports on the clashes in Myanmar.
“This photo of Tibetan monks was actually taken during their relief work in Kyegudo (Yushul), eastern Tibet, after a devastating earthquake hit the region on 14 April 2010,” CTA clarified. “The Tibetan monks extended remarkable service in the rescue and relief operations at the time.”
http://www.phayul.com/news/article.aspx?article=%27Don%27t+misuse+pictures+to+provoke+tension%2C%27+CTA+appeals&id=31906
14 August 2012
The Central Tibetan Administration based in Dharamsala is deeply disturbed and concerned over the circulation of a misleading photograph in some section of the media showing Tibetan monks in their reports on the recent violence in Myanmar involving Buddhists and Rohingya Muslims.
A photograph of Tibetan monks standing in front of a pile of dead bodies appeared in many websites in the Muslim countries, especially Pakistan. This photo of Tibetan monks was actually taken during their relief work in Kyegudo (Yushul), eastern Tibet, after a devastating earthquake hit the region on 14 April 2010. The Tibetan monks extended remarkable service in the rescue and relief operations at the time.
The relevant department of the Central Tibetan Administration wrote a letter to a website in Pakistan (ColumPk.com, Urdu Current Affairs Portal) on 30 July to remove the photo from its website, which it did so the next day. But the photo is still in circulation, as some Muslims carrying the photo during their recent protest in Mumbai on 11 August 2012, appeared in Zee News, a leading news channel in India.
We strongly appeal to the media across the world not to use this photo, which is being circulated by miscreants to provoke conflict between the Buddhist and Muslim communities.
Media contacts:
Tashi, Secretary for Information
+91 9816843798
Lobsang Choedak, Press Officer
+91 98822 32476

သတင်းအမှား ထုတ်လွှင့်ခြင်း မပြုရန် ပြည်ပအခြေစိုက် တိဗက်ဘုန်းတော်ကြီးများအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာ
ဖန်တီးလုပ်ကြံထားတဲ့ ဓါတ်ပုံတွေ အသုံးပြုပြီးသတင်းအမှား ထုတ်လွှင့်ခြင်း မပြုရန် ပြည်ပ
အခြေစိုက် တိဗက်ဘုန်းတော်ကြီးများအုပ်ချုပ်
ရေးအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဗုဒဘာသာနဲ့ မူဆလင် အုပ်စုတွေအကြား ပဋိပက္ခတွေ ပိုမိုကြီးမား လာအောင် တိဗက်
ဘုန်းတော်ကြီးတွေ ပါဝင်နေတဲ့ ဓါတ်ပုံတွေကို တစ်လွဲအသုံးချပြီး ဆောင်ရွက်နေတာတွေ
မပြုလုပ်ဖို့၊ ဒီဓါတ်ပုံတွေကို ကမ္ဘာ တစ်ဝှမ်းရှိ သတင်းမီဒီယာများအနေနဲက အသုံး
မပြုကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
တိဗက် ဘုန်းကြီးတွေ ပါဝင်နေတဲ့ ဒီဓါတ်ပုံတွေကို မူဆလင်နိုင်ငံတွေက ၀က်ဘ်ဆိုက်တွေမှာ
ဖြန့်ဖြူးနေတာ ဖြစ်ပြီး အဓိကအားဖြင့် ပါကစ္စတန်နိုင်ငံဟာ မြန်မာနိုင်ငံက ဖြစ်စဉ်တွေကို
သတင်းတင်ပြရာမှာ လူသေအလောင်းတွေရှေ့မှာ တိဗက် ဘုန်းကြီးတွေ မတ်တပ်ရပ်နေတဲ့
ဓါတ်ပုံတွေ အသုံးပြု ဖော်ပြနေကြကြောင်း၊
ယင်းဓါတ်ပုံများမှာ ၂၀၁၀ ပြည့်နှစ် ဧပြီလ ၁၄ ရက်နေ့က တိဗက်အရှေ့ပိုင်း Kyegudo (Yushul) မှာ မြေငလျင်လှုပ်ခတ်ခဲ့စဉ်က ရိုက်ကူးထားတဲ့ ဓါတ်ပုံများသာ ဖြစ်ကြောင်း Central Tibetan Administration က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ မဟုတ်တဲ့ အခြားနိုင်ငံက ဖြစ်စဉ်တွေ ဓါတ်ပုံတွေကို အသုံးပြုပြီး ပုံကြီးချဲ့ သတင်းဖြန့်
နေတဲ့ အင်တာနက်သတင်းတွေ အကြောင်းကို တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ
Central Tibetan Administration ရဲ့ ထုတ်ပြန်ကြေညာချက်ရဲ့ ကြေညာချက်ဟာ ဒီဆောင်ရွက်ချက်တွေ ဖြစ်ပေါ်နေတာ မှန်ကန်နေကြောင်း သက်သေပြနေတာ ဖြစ်ပါတယ်။
The exile Tibetan administration has expressed concerns over the misuse of photographs showing Tibetans to provoke conflict between the Buddhist and Muslim communities.
Following reports of recent clashes between Buddhists and Rohingya Muslims in Myanmar, certain sections of the media as well as social websites have portrayed photographs involving Tibetans to misinform the public and to lead a hate campaign.
The recent ethnic clashes in the Indian northeastern state of Assam have raised further tensions.
The Dharamshala based Central Tibetan Administration in a release yesterday said it was “deeply disturbed and concerned” over the circulation of a misleading photograph in some section of the media showing Tibetan monks.
The release noted that many websites in the Muslim countries, especially Pakistan have used a photograph of Tibetan monks standing in front of a pile of dead bodies in their reports on the clashes in Myanmar.
“This photo of Tibetan monks was actually taken during their relief work in Kyegudo (Yushul), eastern Tibet, after a devastating earthquake hit the region on 14 April 2010,” CTA clarified. “The Tibetan monks extended remarkable service in the rescue and relief operations at the time.”
http://www.phayul.com/news/article.aspx?article=%27Don%27t+misuse+pictures+to+provoke+tension%2C%27+CTA+appeals&id=31906
Press Release on usage of misleading photos of Tibetan monks in media reports on Myanmar conflict
August 14, 2012 2:46 pm
Press Release14 August 2012
The Central Tibetan Administration based in Dharamsala is deeply disturbed and concerned over the circulation of a misleading photograph in some section of the media showing Tibetan monks in their reports on the recent violence in Myanmar involving Buddhists and Rohingya Muslims.
A photograph of Tibetan monks standing in front of a pile of dead bodies appeared in many websites in the Muslim countries, especially Pakistan. This photo of Tibetan monks was actually taken during their relief work in Kyegudo (Yushul), eastern Tibet, after a devastating earthquake hit the region on 14 April 2010. The Tibetan monks extended remarkable service in the rescue and relief operations at the time.
The relevant department of the Central Tibetan Administration wrote a letter to a website in Pakistan (ColumPk.com, Urdu Current Affairs Portal) on 30 July to remove the photo from its website, which it did so the next day. But the photo is still in circulation, as some Muslims carrying the photo during their recent protest in Mumbai on 11 August 2012, appeared in Zee News, a leading news channel in India.
We strongly appeal to the media across the world not to use this photo, which is being circulated by miscreants to provoke conflict between the Buddhist and Muslim communities.
Media contacts:
Tashi, Secretary for Information
+91 9816843798
Lobsang Choedak, Press Officer
+91 98822 32476

No comments:
Post a Comment