Monday, August 27, 2012

အနောက်ဘက်တံတိုင်းသို့ လှမ်းကြည့်ခြင်း (၄)


by ငြိမ်းအေးအိမ် on Friday, August 3, 2012 at 12:53am ·
(၄)
ရခိုင်ဒေသသို့ ဘာသာခြား တိုင်းတပါးသားများ မည်သည့်အချိန်က မည်သို့ရောက်ရှိလာကြကြောင်း ခြေရာ ကောက်မိသည်။
ဗုဒ္ဓဘာသာ သက်ဦးဆံပိုင် ရခိုင်ဘုရင့်နိုင်ငံတော်အဖြစ် တစ်ထီးတစ်နန်းဖြင့် ဖွံ့ဖြိုးစည်ပင်စွာနေထိုင်ခဲ့ကြသော ရခိုင်ဒေသသို့ စစ်တကောင်းသားများ ၀င်ရောက်လာမှုသည် ရခိုင်အင်ပါယာကြီးကို စစ်တကောင်းနယ်အပါအ၀င်အထိ အင်အားချဲ့ထွင်အုပ်ချုပ်နိုင်ခဲ့ခြင်းဖြင့် စတင်ခဲ့သည်ဟု ဆိုနိုင်မည်။ ရခိုင်ဘုရင်တို့ ဒက္ကာနှင့် စစ်တကောင်းကို လက်လွှတ် ဆုံးရှုံး လိုက်ရသော 1666 စစ်ပွဲမတိုင်မီအထိ ထိုအရပ် ဒေသ(ဒက္ကာ၊စစ်တကောင်း)တို့သည် ရခိုင်တို့ ပိုင်မြေဖြစ်ခဲ့သည်။

(၁၅)ရာစုတွင် စစ်နိုင်ရခိုင်ဘုရင်တို့က သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသော  မွတ်ဆလင်များကို ရခိုင်မြေရှိ လယ်ယာလုပ်ငန်းများ၊ အခြားအမှုထမ်းလုပ်ငန်းများတွင် ခိုင်းစေခြင်းဖြင့် ဘင်္ဂေါနယ်သားများ ရခိုင်တွင် စတင် အခြေချ နေထိုင်ခဲ့ကြသည်။ မွတ်ဆလင်ဘာသာဝင်များကို ကျေးကျွန်များအဖြစ် အများဆုံးပို့ခဲ့သောအချိန်မှာ ရခိုင်ဘုရင် မင်းရာဇာကြီး၏ ဆန်ဒွပ်ကျွန်းသို့ ရောက်ရှိစဉ်တွင် ဖြစ်ကြောင်းသိရပါသည်။
 ထိုနှစ်ကာလရှည်တစ်လျှောက်လုံးတွင် ရခိုင်တို့က အုပ်ချုပ်သူအရှင်သခင်ဖြစ်ပြီး ဘင်္ဂေါသားတို့က စစ်ရှုံးသူ/ သုံ့ပန်း/ ကျေးကျွန်များဖြစ်ကြသည်။ ရာစုနှစ်နှင့်ချီကာ ထိုဆက်ဆံရေးသည် မပြောင်းမလဲဖြစ်ခဲ့သည်။ နောင်တွင်မူ တိုင်းတပါးမှ ကျူးကျော်ဝင်ရောက်လာသူများက လူအင်အား၊ ကွန်ယက်အင်အား၊ နောက်ကွယ်မှ စီမံကိန်းရှိရှိ ထောက်ပံ့မှု အင်အား များကိုအသုံးပြုကာ ဇာတိသားရခိုင်များအား နိုင့်ထက်စီးနင်းပြုကာ သတ်ဖြတ်ညှင်းဆဲ မောင်းထုတ်သည်အထိ အခြေအနေများက ပြောင်းပြန်ဖြစ်သွားခဲ့သည်။

(၁၇)ရာစုတွင်မူ အနောက်ဘက်မှလာသော ပေါ်တူဂီများနှင့် ရခိုင်တို့သည် ကျွန်ရောင်းကျွန်ဝယ်လုပ်ငန်းများ ဆောင်ရွက်နေကြပြီဖြစ်သည်။ ကျွန်ဈေးကွက်သို့ တင်ပို့ရောင်းချရန် ဖမ်းဆီးခြင်းခံရသော ဘင်္ဂေါနယ်သားမွတ်ဆလင်များ သည် ရခိုင်လယ်ယာများ၊ လက်မှုလုပ်ငန်းများ၊ အမှုထမ်းခြင်းများတွင် ကျွန်များအဖြစ်လုပ်ကိုင်ကြရင်း အခြေကျလာကြ ပြန်သည်။
ဤသို့ဖြင့် ဗုဒ္ဓဘာသာကိုးကွယ်သူ ရခိုင်တိုင်းရင်းသားများကြားတွင် မွတ်ဆလင်ဘာသာ ကိုးကွယ်သူ တိုင်းတပါး သားတို့ရောနှောနေထိုင်လာကြ၏။ သို့သော် မွတ်ဆလင်ဘာသာကိုးကွယ်သော ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတစ်ခုလည်း ရှိသေးကြောင်းကို ၀ီကီစာမျက်နှာတစ်ခုတွင် အောက်ပါအတိုင်းဖေါ်ပြထားသည်ကို တွေ့ရသည်။

အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့တည်၍ မြောက်ဦးခေတ်ကို စတင် တည်ထောင်ခဲ့ပါသည်။ မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရပ်မှစစ်သည်တော်များ၊ ဥရောပမှ ပေါ်တူဂီများနှင့် ဂျပန် တို့ပါအမှုတော်တမ်းခဲ့သည်ကိုတွေ့ရှိရသည်။ ယင်းအာရပ်မှစစ်သည်တော် မျိုးဆက်အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ပတ်ဝန်းကျင်တွင် နေထိုင်ကြပါသည်။ ယင်းတို့ကိုရခိုင်တို့က “ကမန်”ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌တိုင်းရင်းသားမျိုးနွယ်စုအဖြစ် အသိအမှတ်ပြုထားပါသည်။ ရှေးရခိုင်တွင် လေးသည်တော်ကို “ကမန်” ဟုခေါ်သည်။ ၁၆၆၀ ပြည့်နှစ်က ဘင်္ဂလားဘုရင် “ရှာရှုဂျာ” မြောက်ဦးသို့ ခိုဝင်လာစဉ်က နောက်ပါအချို့ကိုလည်း ခေါ်သည်။ အာဖဂန် အနွယ်စပ် မူဆလင်များ ဖြစ်ကြပြီး ရခိုင်စကားနှင့် အမည်တို့ကို သုံးစွဲကြသည်။ လူဦးရေသုံးထောင်လောက် ရှိသည်။ သီးခြားရွာရှိပြီး လူမျိုး ရောနှောမှု နည်းပါးသည်။ ယင်းမူဆလင်ဘာသာဝင် ကမန်လူမျိုး တို့သည် ရခိုင်ပြည်၌ ပြဿနာ ဖန်တီးခြင်း၊ ရခိုင်တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေး အဓိကရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြုလုပ်ခြင်းမရှိဘဲ၊ ရခိုင်ပြည်နှင့်ရခိုင် လူမျိုး အပေါ် သစ္စာ ရှိရှိဖြင့် ရခိုင်တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြသောလူမျိုး တမျိုးဖြစ်သောကြောင့် ရခိုင်ပြည်၌ ဤကဲ့သို့ မူဆလင်ဘာသာ ကိုးကွယ်သော ရခိုင်တိုင်းရင်းသား“ကမန်”လူမျိုး ရှိသည်ကိုပင် သတိပြု မိကြဖူးမည် မဟုတ်ပေ။

`          ဤအချက်သည် “ရိုဟင်ဂျာ”ဟု အမည်တပ်သူတို့က ၎င်းတို့ကိုယ်၎င်းတို့ ရခိုင်တိုင်းရင်းသား မွတ်ဆလင်များ ဖြစ်ကြောင်း ပုံဖျက်ပြောဆိုနေမှုသည်မှားယွင်းကြောင်း၊ ရခိုင်မွတ်ဆလင်ဆိုသည်မှာ ကမန်လူမျိုးများသာဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း ကွဲပြားစေခဲ့သည်။ ရခိုင်တိုင်းရင်းသားတို့သာ ရှေးယခင်ကတည်းက မွတ်ဆလင်ဘာသာကို မုန်းတီးသူ၊ လက်မခံသူများ ဖြစ်နေခဲ့ကြမည်ဆိုလျှင် “ကမန်”တို့သည် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များ ဖြစ်လာဖွယ် အကြောင်း မရှိပါ။ ဗုဒ္ဓဘာသာ ထွန်းကားလွန်းသော ရခိုင်မြေ၊ ရခိုင်ရေတွင် မွတ်ဆလင်တို့ ခြေချရှင်သန်ဖွံ့ဖြိုးခွင့်ရှိခဲ့မည်မဟုတ်။

1824တွင် မြန်မာတို့စစ်ရှုံးသောအခါ၊ အင်္ဂလိပ်တို့က ရခိုင်နှင် တနင်္သာရီကို သိမ်းပိုက်လိုက်ခြင်းဖြင့် အင်္ဂလိပ်ပိုင် ဘင်္ဂလားဒေသသည် ရခိုင်ဒေသနှင် တစ်ပေါင်းတစ်စည်းတည်းဖြစ်သွားခဲ့၏။

1839တွင် အင်္ဂလိပ်တို့၏ မြေရိုင်းများတိုးချဲ့လုပ်ကိုင်ရေးအစီအမံအရ မြေပိုင်ရှင်များသည် မြေယာအမြောက် အများ ကိုပိုင်ဆိုင်ခဲ့ကြသည်။ ထိုမြေယာများအတွက်လိုအပ်သော လုပ်သားအင်အားအများအပြားကို စစ်တကောင်းမှ ဘင်္ဂါလီများ၊ မဒရပ်မှ ဆူရတီများဖြင့်ဖြည့်ဆည်းခဲ့ကြသည်။ ပြည်သူ့ကျန်းမာရေးဝန်၏ 1930-31 အစီရင်ခံစာအရ၊ သာမာန်အားဖြင့် စစ်တကောင်းသားကူလီပေါင်း တစ်နှစ်လျှင် လေးသောင်းကျော်ဝင်လေ့ရှိကြောင်းသိရသည်။ ထိုခုနှစ်များ က စစ်တွေခရိုင်အတွင်း အိန္ဒယတိုင်းရင်းသား(ယောက်ျား)ပေါင်း နှစ်သိန်းငါးသောင်းကျော်ရှိသည့်အနက် ရှစ်ဆယ် ရာခိုင် နှုန်းမှာ စစ်တကောင်းသားများ ဖြစ်ကြသည်။
ရခိုင်မြေကို ဗြိတိသျှတို့ သိမ်းပိုက်ခဲ့ပြီးနောက် ၁၈၃၁-ခုနှစ်တွင် စစ်တွေခရိုင် (ရခိုင်တောင်တန်းနယ်နှင့် မြေပုံမြို့နယ် တစိတ်တဒေသ အပါအဝင်) တွင် လူဦးရေ (၉၅၀၉၀) ဦးသာ ရှိခဲ့သည်။ ၁၈၃၂-ခုနှစ်တွင် (၁၀၉၆၄၅) ဦးရှိလာခဲ့ပြီး၊ ၁၈၂၉-၃၀ ခုနှစ်တွင် ထွန်ယက်စိုက်ပျိုးသော လယ်မြေဧရိယာမှာ ၄၅၇၇၁ ဧက ရှိခဲ့သည်။ ထွန်ယက်စိုက်ပျိုး နိုင်သော မြေလွတ် မြေရိုင်းများမှာ ၁၀၀၀၄၇၇ ဧက ရှိခဲ့သည်။ မြေလွတ်မြေရိုင်း လယ်မြေ ဧရိယာသည် လူဦးရေထက် များစွာ ပိုနေပါသည်။

1869 တွင် စူးအက်တူးမြောင်းဖေါက်လုပ်ပြီးနောက်ပိုင်း ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးလာသဖြင့် အင်္ဂလိပ်တို့က သုံးနှစ် အတွင်း မြေခွန်မပေးရသောမူတစ်ခုကျင့်သုံးခဲ့သည်။ ထိုမူအောက်တွင် တိုင်းရင်းသားနှင့် နိုင်ငံခြားသားအရင်းရှင်များက စိုက်ပျိုးမြေများ တိုးချဲ့လုပ်ကိုင်လာ၏။ ဘင်္ဂေါဒေသတွင် လူဦးရေထူထပ်ပြီး လုပ်ကိုင်စားသောက်ရန်မြေလွတ်နည်းပါး သဖြင့် လယ်ယာလုပ်ငန်းတိုးတက်ကောင်းမွန်နေသော ရခိုင်သို့ ဘင်္ဂလားနှင့် စစ်တကောင်းမှ မွတ်ဆလင်များ၊ ဘင်္ဂါလီ များ မြောက်များစွာ လှိမ့်ဝင်လာတော့သည်။ ဒေသရင်းသား ရခိုင်တို့ပိုင်ဆိုင်သော လယ်ယာမြေများ တဖြည်းဖြည်း ဆုံးရှုံး လာခဲ့သည်။

No comments: