ရွန်းလဲ့နေတာလား ..?
ကြောက်ရွံ့နေတာလား ..?
အားမာန်တက်နေတာလား ..?
အားကိုးဖို့ရှာနေတာလား ..?
ကြောက်ရွံ့တဲ့မျက်ဝန်းနဲ့
ပြေးလိုက်ရတဲ့ခြေ
အရှေ့စီမှာဘာရှိလို့လဲ
အနောက်ကလိုက်တဲ့
သေနတ်တွေကြောင့်လား
အသက်ကိုဖက်နဲ့ထုတ်
ခြေဖ၀ါးက စုတ်နဲ့
သွေးတွေရဲရဲစီးနေပြီ.....။
ဘ၀ခြားပြီမိနဲ့ဖ
တောင်းဆုတွေခြွေ
ကောင်းရာဘုံစီ
သစ်ငုတ်တိုလို
အလွမ်းပုံပြင်
ဇွဲကပင်မြေပေါ်
ထင်ကျန်ရစ်ခဲ့ပြီ.....။
အားကိုးခြင်းနဲ့ဒီမျက်ဝန်း
အားမာန်ကိုသွင်း
အံကိုကြိတ်ကာ
သူ့ကျွန် မခံလိုတဲ့
ငါတို့စိတ်ဓာတ်
ဌာနေပြည်စီ
လွမ်းစိတ်မပြယ်နိုင်ဘူး.....။
ဇွဲကပင်မှိုင်းငွေ့
လွင့်ပြယ်မယ့်နေ့
ဖားစည်သံတွေဂျိမ်းဂျိမ်း
ကျွဲဂျိုသံက တအူအူနဲ့
တလူလူလွင့်ထူထားတဲ့
ကရင့်အမျိုးသားအလံကို
ရွန်းလဲ့မျက်ဝန်းနဲ့
ဂုဏ်ယူစွာအလေးပြုချင်တယ်.....။
ကြောက်ရွံ့တဲ့မျက်ဝန်းနဲ့
ပြေးလိုက်ရတဲ့ခြေ
အရှေ့စီမှာဘာရှိလို့လဲ
အနောက်ကလိုက်တဲ့
သေနတ်တွေကြောင့်လား
အသက်ကိုဖက်နဲ့ထုတ်
ခြေဖ၀ါးက စုတ်နဲ့
သွေးတွေရဲရဲစီးနေပြီ.....။
ဘ၀ခြားပြီမိနဲ့ဖ
တောင်းဆုတွေခြွေ
ကောင်းရာဘုံစီ
သစ်ငုတ်တိုလို
အလွမ်းပုံပြင်
ဇွဲကပင်မြေပေါ်
ထင်ကျန်ရစ်ခဲ့ပြီ.....။
အားကိုးခြင်းနဲ့ဒီမျက်ဝန်း
အားမာန်ကိုသွင်း
အံကိုကြိတ်ကာ
သူ့ကျွန် မခံလိုတဲ့
ငါတို့စိတ်ဓာတ်
ဌာနေပြည်စီ
လွမ်းစိတ်မပြယ်နိုင်ဘူး....
ဇွဲကပင်မှိုင်းငွေ့
လွင့်ပြယ်မယ့်နေ့
ဖားစည်သံတွေဂျိမ်းဂျိမ်း
ကျွဲဂျိုသံက တအူအူနဲ့
တလူလူလွင့်ထူထားတဲ့
ကရင့်အမျိုးသားအလံကို
ရွန်းလဲ့မျက်ဝန်းနဲ့
ဂုဏ်ယူစွာအလေးပြုချင်တယ်...
No comments:
Post a Comment