by Soe Lynn on Wednesday, August 1, 2012
မန္တလေးမြို့၊ ရဟန်းရှင်လူ၊ ပြည်သူလူထု၊မိဘ၊ ကျောင်းသား အပေါင်းတို့ရှင့် -------
မန္တလေးမြို့ကြီး၌ ပြည်သူလူထုအပေါင်းသည် ငြိမ်းချမ်းစွာဆန္ဒပြနေသည် ဟု ကြားရသောကြောင့် မန်းသူ/သားများ အား အထူးလေးစားမိပါသည်။ ကျွန်မတို့နိုင်ငံတွင် စည်းကမ်းရှိရန်၊ ညီညွှတ်ရန် လိုအပ်နေပါသည်။ ပြည်သူလူထုအပေါင်း ညီညီညွတ်ညွတ်၊ စည်းကမ်းရှိရှိနှင့် အမှန်တရားနှင့် ညီသောစွမ်းအား မွေးမြူမည်ဆိုလျှင် နိုင်ငံအတွက် လွန်စွာအကျိုးရှိပါလိမ့်မည်။ ယခုပြည်သူလူထုအများစုကြီးလိုအပ်နေသည့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ (ပါတီစုံ ဒီမိုကရေစီ စံနစ်)ကို အမှန်တရားနှင့်ညီသော စွမ်းအားဖြင့်ရနိုင်မည် ဟု ယုံကြည်ပါသည်။
ကျွန်မအထူးသတိပေးလိုသည့်အချက် တစ်ခုရှိပါသည်။ ပြည်သူလူထုနှင့် တပ်မတော်စိတ်ဝမ်းမကွဲ ဖို့ရန် နှစ်ဘက်စလုံးက ဂရုစိုက်ရန်လိုပါသည်။ ဖေဖေပြုစုပျိုးထောင်ခဲ့သော တပ်မတော်ကြီးဟာ တိုင်းပြည်ဂုဏ် စောင့်ထိန်းရန်နှင့် ပြည်သူလူထုကြီးကို ကာကွယ်ရန်ဖြစ်ပါသည်။ လူထုဘက်က တပ်မတော်အပေါ်တွင် မေတ္တာမပျက်၊ တပ်မတော်က လူထုအပေါ်တွင် သစ္စာမပျက်ဖြစ်ဖို့ ရန်လိုအပ်ပါသည်။
မြန်မာနိုင်ငံသူ/ သားအားလုံးညီညွတ်ကြပါစေ၊ စည်းကမ်းထိန်းသိမ်းနိုင်ကြပါစေ၊ ငြိမ်းချမ်းသောနည်းလမ်းဖြင့် လိုရာဆန္ဒများ ဖြည့်နိုင်ကြပါစေ။
အောင်ဆန်းစုကြည်
၂၄-၈-၁၉၈၈။

ကချင်ပြည်နယ် မိုးကောင်းမြို့







ကချင်ပြည်နယ် မိုးကောင်းမြို့




No comments:
Post a Comment