Thursday, August 23, 2012

ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီး အယောက် ၁၀၀




ကမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်း Forbes က ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီး အယောက် ၁၀၀ ဆန်ခါတင် ရွေးချယ်မှုကို မနေ့က ထုတ်ပြန်ရာမှာ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နံပါတ် ၁၉ နေရာရရှိပါတယ်။

Forbes မဂ္ဂဇင်းက နိုင်ငံရေး စီးပွားရေး လူမှုရေး နဲ့ တီထွင်ကြံဆမှုဆိုင်ရာ ကဏ္ဍအလိုက် ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတွေကို နှစ်စဉ်
ရွေးချယ်ထုတ်ပြန်နေတာ ဒီနှစ်ဆိုရင် ၉ နှစ်မြောက် ဖြစ်ပါတယ်။

ဒီနှစ် နံပါတ် ၁ ရရှိသူကတော့ ဂျာမဏီနိုင်ငံက ၀န်ကြီးချုပ် Angela Markel ဖြစ်ပါတယ်။

ဒီနှစ် ရွေးချယ်မှုမှာ ပါဝင်သူတွေကတော့ နိုင်ငံခေါင်းဆောင် အမျိုးသမီး ၈ ဦး၊ အောင်မြင်ကျော်ကြားနေတဲ့ နိုင်ငံတကာ စီးပွားရေးကုမ္ပဏီတွေကို ဦးဆောင်သူ အမျိုးသမီး CEO ၂၅ ဦး ဖြစ်ပါတယ်။ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီအကြီးအကဲတွေ ရွေးချယ်ရာမှာ အာရှတိုက်က တရုပ် ထိုင်း နဲ့ စင်္ကာပူနိုင်ငံက အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။

No comments: