Thursday, August 23, 2012

လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးနဲ့ သမ္မတဦးသိန်းစိန်တို့ သမ္မတ အိမ်တော်မှာ သီးသန့် တွေ့ဆုံ ဆွေးနွေး




သြဂုတ်လ ၂၃ ရက် လွှတ်တော်သတင်း -2

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ရဲ့ ဒီကနေ့ ဆွေးနွေးပွဲ အစီအစဉ်ကို ဖျက်သိမ်းပြီး လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးနဲ့ သမ္မတဦးသိန်းစိန်တို့ သမ္မတ အိမ်တော်မှာ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

လွှတ်တော်နှစ်ရပ်နဲ့ အခြေခံဥပဒေ ခုံရုံးအကြား အငြင်းပွားနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်ေ
အာင်မြင့်တို့
ဆွေးနွေးခဲ့တာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက မဇ္ဈိမ သတင်းဌာနကို ပြောပါတယ်။

လွှတ်တော်ကော်မတီတွေနဲ့ ပတ်သက်တဲ့ အခြေခံ ဥပဒေခုံရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေက မကျေနပ်တဲ့အတွက် ခုံရုံးအဖွဲ့ဝင်တွေ နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့တာပါ။ ဒီကိစ္စကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီး ဖြေရှင်းဖို့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်းထား
ပါတယ်။ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ အခြေခံ ဥပဒေခုံရုံး အပေါ် စွပ်စွဲ ပြစ်တင်မှုတွေ ဆက်လက် ရှိနေတယ်လို့ သိရပါတယ်။

No comments: