Tuesday, August 28, 2012

အမတ်မင်းသိစေဖို့

Hello Hot News
Posted by Aye Chan Mon on Tuesday,August 28,2012 at 8:39 PM


““ဟယ်လို။Hot Newsကပါ။ အမိန့်ရှိပါ။””
““ဟုတ်ကဲ့။ ကျွန်မနားတစ်ရာနဲ့ ပြော ချင်လို့ပါ””
““ပြောနေပါတယ်ခင်ဗျာ။ ဘာအ ကြောင်းများပါလိမ့်””
““ဒီလိုပါ။ ကျွန်မကSky Net က လွှတ်တော်ချန်နယ်ကို အမြဲကြည့်ပါ တယ်။ ကိုယ့်အမတ်တွေ ကိုယ့်တိုင်းပြည် ကြီးပွားတိုးတက်ရေး ဘာတွေများ ပြော ဆိုဆွေးနွေးနေကြသလဲလို့ ပေါ့””
““ဟုတ်ကဲ့””
““အဲဒီမှာ တစ်ရက်။ ရက်စွဲတော့ မမှတ်မိပါဘူး။ သင်္ဃန်းကျွန်းကိုယ်စား လှယ် ဦးသိန်းညွန့်က ပုဒ်မ(၅)ည တို့ ဘာတို့ကိစ္စ အဆိုတင်တယ်။ သူ့နောက် က ကိုယ်စားလှယ်တစ်ယောက် ဒူးနန့် နေတယ်။ သူ ဒူးနန့်တာ ကျွန်မဘာလို့ သိသလဲဆိုတော့ ကိုယ်လုံးက တုန်နေ တာကိုး။ ပါးစပ်မှာလည်း တစ်ခုခုမြုံထား သလိုပဲ။ ထိုင်နေတာကလည်း လျော့ရိ လျော့ရဲနဲ့။ ဦးသိန်းညွန့် ပြောနေတာကို တခြားကိုယ်စားလှယ်တွေက လိုက်မှတ် ကြတယ်။ တချို့က သေသေချာချာ နား ထောင်နေကြတယ်။ သူကတော့ ဂရုမ စိုက်ဘူး။ အဲဒါ.. အဲဒါ””
““ကျွန်တော် ရေးပေးရမယ်ပေါ့””
““ဟုတ်ကဲ့ရှင့်။ ကျွန်မက စာကျတော့ မရေးတတ်ဘူး။ အဲဒါကြောင့် ရှင့်ဆီဖုန်း ဆက်တာ။ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တွေ ပြည်သူတွေ တကယ်ယုံကြည် အားကိုးထိုက်တာမျိုးပဲမြင်ချင်တယ်။ အဲဒါ ရေးပေးပါရှင်””
““ဟုတ်ကဲ့ပါခင်ဗျာ””
ကျိုက္ကဆံဘုရားဂေါပကသိစေဖို့
““ကျွန်မက သင်္ဃန်းကျွန်းမြို့နယ် ကပါ။ ရပ်ကွက်အုပ်ချပ်ရေးမှူးတစ်ဦး ပြည်သူအပေါ် မတော်မတည့်လုပ်နေ တာကို ရဲရဲဝံ့ဝံ့ ဖော်ပြပေးလို့ ကျေးဇူးတင် ပါတယ်””
““ဟုတ်ကဲ့””
““အမြင်မတော်တာလေး တစ်ခု လည်းပြောချင်တယ်””
““ပြောပါခင်ဗျ””
““ကျွန်မတို့ သင်္ဃန်းကျွန်းမြို့နယ်ရဲ့ ကျက်သရေဆောင် သမိုင်းဝင် ကျိုက္ကဆံ စေတီတော်ကြီးရဲ့ သာသနာပိုင်မြေထဲ မှာ ကားအရောင်းစင်တာတစ်ခုဖွင့်ဖို့ လုပ်နေတယ်ရှင့်””
““ခင်ဗျာ””
““ဟုတ်တယ်။ ဘုရားဝင်း အုတ်နံရံကို ဖြို၊ စည်းရိုးတွေအသေအချာကာ၊ ဘိလပ် မြေတွေခင်း လုပ်ထားပြီးပြီ။ စဉ်းစား ကြည့်ပါဦး။ သာသနာ့မြေမှာ သာသနာ နဲ့ မဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေလုပ် ခွင့်ပေးသင့်သလား။ မြန်မာ တစ်ပြည်လုံး က ဘယ်ဘုရားမှာမှလည်း မတွေ့ဖူးဘူး။ လူ ဒီလောက် စည်ပြီး အချက်အချာကျ တဲ့ ရွှေတိဂုံဘုရားမှာတောင် မရှိဘူး။ ကျိုက္ကဆံဘုရားကျမှ ဘာလို့ ဒီလိုလုပ်ရ မှာလဲ””
““ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော် ဂေါပက ကို မေးကြည့်ပါ့မယ်””
တည်းခိုခန်းပိုင်ရှင်သိစေဖို့
““ံHot News ကပါလား””
““ဟုတ်ကဲ့ခင်ဗျ””
““ကျွန်မက မြောက်ဒဂုံက ဆက်နေ တာပါ။ ကျွန်မတို့ မြို့ဦးစေတီအကျော် နားမှာ ရွှေ– ဆိုတဲ့ တည်းခိုခန်းတစ်ခု ရှိတယ်။ ပြောရမှာတောင် ရှက်ပါရဲ့။ မောင်နဲ့နှစ်မ၊သားနဲ့အမိ မြင်လို့မှ မတော် အောင် အတွဲတွေ ၀င်လိုက်ထွက်လိုက် နဲ့ဖြစ်ချင်သလိုဖြစ်နေတာ။ အဲဒီ တည်းခို ခန်းရှေ့မှာ တက္ကစီဂိတ်ရော၊ ဆိုက်ကား ဂိတ်ရော၊ ကွမ်းယာဆိုင်ရောရှိတယ်။ မိန်း မကောင်းတွေ၊ ကျောင်းသား၊ ကျောင်းသူ တွေဖြတ်သွားရင်တောင် ကားသမားတွေ၊ ဆိုက်ကားသမားတွေက မလေးမစား ဆက်ဆံတာ ခံနေရတယ်။ အဲ့ဒါ…””
““တည်းခိုခန်းတွေမှာ အချိန်ပိုင်း ဧည့်လက်မခံရဘူး။ မြို့တွင်း မှတ်ပုံတင် ကတ်ပြားဆိုရင် လက်မခံရဘူး စတဲ့စည်း ကမ်းချက်တွေအသေးစိတ်ကို ဥပဒေက ပြဋ္ဌာန်းထားပါတယ်။ ဥပဒေမစိုးမိုးလို့ ဒီ ကိစ္စတွေဖြစ်နေရတာပါ။ ကျွန်တော် အကောင်းဆုံးအကြံပေးလိုက်မယ်။ ရပ် ကွက်ထဲမှာ သိပ်အနှောင့်အယှက်ဖြစ် လာရင် ရဲစခန်းသွားတိုင်ဗျာ။ ဒါမှမဟုတ် လည်း ကိုယ်နဲ့ ခံစားချက်တူသူတွေစုပြီး ဆန္ဒပြခွင့်တောင်းပြီး အဲဒီတည်းခိုခန်းရှေ့ ဆန္ဒသွားပြ။ တရားဥဒေစိုးမိုးရေးဆိုတာ တာဝန်ရှိသူတွေက နေရာတိုင်းလိုက်မ လုပ်နိုင်ဘူး။ ကျွန်တော်တို့ ပြည်သူတွေ က ကိုယ့်ဆိုင်ရာဝန်းကျင်မှာ ထလုပ်မှ ဖြစ်မှာ။ တရားဥပဒေစိုးမိုးရေးမှာ ပြည်သူ တွေလည်း တာဝန်ရှိတယ်။””
တောင်ဥက္ကလာစည်ပင်သိစေဖို့
““ဟုတ်ကဲ့။ တောင်ဥက္ကလာက ဆက် နေတာပါ””
““ပြောပါခင်ဗျ””
““၁၂ ရပ်ကွက်ထိပ်က ဘုရားလမ်း ကားမှတ်တိုင်ဟာ ရတနာလမ်းမကြီးနဲ့ မာဃ လမ်းထိပ်နားမှာရှိခဲ့တဲ့ နှစ်ပေါင်း (၅၀)ကျော်ပြီ။ အရင်တုန်းကတော့ ခရီး သည်တွေထိုင်ဖို့ အမိုးတွေ၊ ခုံတွေနဲ့ပေါ့ ဗျာ။ အခုတော့ ခေတ်ကာလတွေရွေ့လျား ပြီး အဲဒါတွေလည်း မရှိတော့ပါဘူး။ ဒါပေမဲ့ ကားမှတ်တိုင်ကတော့ ရှိဆဲပေါ့ ဗျာ””
““အခု ဘာများဖြစ်လို့လဲ””
““ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ကားမှတ်တိုင်နောက်မှာ အိမ်ဆောက် ပစ္စည်းဆိုင်ကြီး တစ်ဆိုင်ဖွင့်တယ်။ အိမ် ဆောက်ပစ္စည်းဆိုကတည်းက အုတ်တွေ၊ ဘိလပ်မြေတွေက အစ အစုံပေါ့ဗျာ။ အဲဒီမှာ အများပြည်သူပိုင် စည်ပင်မြေ ပေါ် ပစ္စည်းပေါင်းစုံကျူးကျော်ချထား လိုက်တာ ခရီးသည်တွေလည်း ရပ်လို့မရ၊ ဘတ်စ်ကားတွေလည်း ကြုံသလိုရပ်ရနဲ့ ယာဉ်အန္တရာယ်များနေလို့ ခင်ဗျားဆီ ဖုန်းဆက်တာ။ အဲဒါ ရေးပေးပါဗျာ””
““ဟုတ်ကဲ့။ ရေးပေးပါ့မယ်။ ခင်ဗျား ကလည်း တောင်ဥက္ကလာ စည်ပင်ကို ပြောဦးပေါ့””

နားတစ်ရာ
news from>>http://www.hotnewsweekly.com/archives/9895

No comments: