Thursday, August 9, 2012

တံတား

*** တံတား မောင်စိန်ဝင်း (ပုတီးကုန်း) ***

နေရာသစ်ကိုသွားဖို့

တံတားတစ်ခုလိုနေစဉ် ..........

သူရဲကောင်းတို့ရဲ့သွေး

မီးသတ်ပိုက်နဲ့ပက်ပြီးဆေးလည်း

မစင်
ဝိညဉ်တွေပူးကပ်
စိတ်ဓာတ်တွေရင့်ကျက်
တစ်ယောက်ကျလျှင် တစ်ယောက်တက်
ဘက်နက်နဲ့အထိုးခံ
ကျည်ဆံကိုအံတု
ပြည်သူတွေနဲ့ပြည်သူ့ရင်သွေး
အသက်များစွာစတေးခံ
သွေးလျှံတဲ့အဖြစ်အပျက်
ခေတ်အဆက်ဆက်မမေ့နိုင်စရာ....

အဲဒီလက်တွေနဲ့တည်ဆောက်ထားတဲ့

မရဏတံတားပေါ်ကိုနင်း
အလင်းရှိတဲ့နေရာသစ်
ကျန်ရစ်သူတွေဦးတည်လျှောက်
ပန်းတိုင်ရှိရာမရောက်မချင်း

No comments: