Wednesday, May 29, 2013

ဝိပဿနာမရှုခင် သိစေချင်။

ဝိပဿနာမရှုခင် သိစေချင်။

်ဝိပဿနာဆိုတာအနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော လက္ခဏာရေးသုံးပါးကို အခြင်းအရာအမျိုးမျိုးနဲ့ ရှုတတ်တဲ့အတွက်ကြောင့် သို့မဟုတ် ခန္ဓာ၊ အာယတန၊ ဓါတ်၊ သစ္စာ၊ ဣနြေ္ဒ၊ ရုပ်၊ နာမ်၊ သင်္ခါရတရားများကို အနိစ္စစသည်ဖြင့် အထူးထူး ရှုတတ်သောကြောင့် သို့မဟုတ် ပညတ်ကို ပယ်ခွာပြီး ပရမတ်ကို အထူးထူး ရှုတတ်သောကြောင့် ၀ိပဿနာ- ဟု ခေါ်သည်။ ၀ိပဿနာကို အရကောက်လျင် မဟာကုသိုလ် မဟာကြိယာစိတ်၌ယှဉ်သော ပညာကိုယူရမည်။(အဘိ၊ဋ္ဌ၊၁၊၁၇၅။ ပရမတ္ထသရူပဘေဒနီ၊၂၊၄၅၃။ ပရမတ္ထစက္ခု၊၃၀၁)

မိမိ ဘယ်ပုဂ္ဂိုလ်အမျိုးစားထဲ ပါသလဲဝိပဿနာအားထုတ်တော့မယ်ဆိုရင် ပထမဦးဆုံး သိထားရမှာရှိပါတယ်။ အဲလိုသိမှပဲ မိမိကိုယ်ကိုမိမိ ချင့်ချိန်နိုင်မှာပါ။ မဟုတ်ရင် အားထုတ်လို့မရတိုင်း ဟိုပစ်မှား ဒီပစ်မှား ဖြစ်နိုင်ပါတယ်။ အဲဒါတွေကတော့ ...

၁။ဥဂ္ဃဋိတညူ = ဘုရားဟော ပါဠိတော်များကိုတစ်ကြောင်းတစ်ဂါထာ တစ်ပါဒမျှ နာကြားရုံနှင့်ပင် သုတမယဥာဏ်၊ စိန္တာမယဥာဏ်ဖြင့် ၀ိပဿနာအားထုတ်သောကြောင့် မဂ်၊ဖိုလ်ရသူ။
၂။ဝိပဉ္စိတညူ = ဘုရားဟောပါဠိတော်များကို အဓိပ္ပာယ်အကျယ်တ၀င့် ရှင်းပြခံရတဲ့အတွက် သုတမယဥာဏ်ဖြင့် ၀ိပဿနာအားထုတ်သောကြောင့် မဂ်ဖိုလ်ရနိုင်သောသူ။
၃။နေယျ = သုတမယဥာဏ်၊စိန္တာမယဥာဏ်ဖြင့် မရနိုင်ပဲ ပါဠိတော်၏အနက်အဓိပ္ပါယ်နှင့်တကွ နည်းစနစ်များကိုပါ စနစ်တကျသင်ယူ၍ ၀ီရိယကြီးစွာထားကာ ဘာဝနာမယဥာဏ်ဖြင့် အားထုတ်သောကြောင့် မဂ်ဖိုလ်ရသူ။
၎။ပဒပရမ = သုတမယဥာဏ်၊ စိန္တာမယဥာဏ်၊ ဘာဝနာမယဥာဏ်တို့ဖြင့် အားထုတ်သော်လည်း မဂ်ဖိုလ်မရနိုင်ပဲ ပါရမီမျှသာဖြစ်မည့်သူ (အံ၊၁၊၄၅၂။ ဘိ၊၃၊၁၄၇)

ကာယာနုပဿနာသတိပဋ္ဌာန်ဖြင့်ရှုမှတ်နည်း

ကာယာနုပဿနာသတိပဋ္ဌာန်ဟူသည် မိမိခန္ဓာကိုယ်ရှိ ရုပ်တို့ကို အဖန်ဖန်အထပ်ထပ် ရှုမှတ်ခြင်းဖြစ်သည်။ 
ထိုသို့ရှုမှတ်ရာတွင်
 အာနာပါနဖြင့် ရှုမှတ်နည်း
 ဣရိယာပထဖြင့် ရှုမှတ်နည်း 
သမ္ပဇညဖြင့် ရှုမှတ်နည်း
 ပဋိကူလ မနသိကာရဖြင့် ရှုမှတ်နည်း ဓာတုမနသိကာရဖြင့် ရှုမှတ်နည်း န၀သိဂတိကဖြင့် ရှုမှတ်နည်းဟူ၍ အမျိုးမျိုးရှိသည်။

ဝေဒနာနုပဿနာသတိပဋ္ဌာန်ဖြင့်ရှုမှတ်နည်း

ဝေဒနာနုပဿနာသတိပဋ္ဌာန်ဟူသည် ခံစားမှုဝေဒနာ အပေါင်းကို ရှုမှတ်ခြင်းပင်ဖြစ်သည်။ ထိုသို့ရှုရာတွင် သုခ၊ ဒုက္ခ၊အဒုက္ခမသုခ(ဥပေက္ခာ)ဝေဒနာတို့ကို ရှုမှတ်ခြင်းကို ဆိုလိုသည်။

စိတ္တာနုပဿနာသတိပဋ္ဌာန်ဖြင့်ရှုမှတ်နည်း

စိတ္တာနုပဿနာသတိပဋ္ဌာန်ဟူသည် စိတ်ကိုအဖန်ဖန် ရှုမှတ်ခြင်းပင်ဖြစ်သည်။ ထိုသို့ရှုမှတ်ရာတွင် သရာဂစိတ်၊ သဒေါသစိတ်၊ သမောဟစိတ်ဟူသော ရာဂ၊ဒေါသ၊မောဟ တို့နှင့်တကွသောစိတ်ကိုကို ရှုမှတ်ခြင်းကို ဆိုလိုသည်။

ဓမ္မာနုပဿနာသတိပဋ္ဌာန်ဖြင့်ရှုမှတ်နည်း

ဓမ္မာနုပဿနာသတိပဋ္ဌာန်ဟူသည် ပရမတ္ထတရားတို့ကို အဖန်ဖန်အထပ်ထပ် ရှုမှတ်ခြင်းပင်ဖြစ်သည်။ ထိုသို့ရှုမှတ်ရာတွင် နီဝရဏတို့ကို ရှုမှတ်နည်း
 ဥပါဒါနက္ခန္ဓာတို့ကို ရှုမှတ်နည်း အာယတနတို့ကို ရှုမှတ်နည်း ဗောဇ္ဈင်တို့ကို ရှုမှတ်နည်း 
သစ္စာလေးပါးကို ရှုမှတ်နည်းဟူ၍ အမျိုးမျိုးရှိသည်။ (မ၊၁၊၇၀-၉၀)

ကာယာနုပဿနာသတိပဋ္ဌာန်မရှုခင် သိစေချင်

၁။စစရှုချိန်တွင် နှုတ်ဖြင့်ရွတ်ဖတ်ရမည်။
၂။နှုတ်ဖြင့်ရွတ်သကဲ့သို့ မဂ်ဖိုလ်အထောက်ပံ့ဖြစ်စေရန် စိတ်ဖြင့်ပိုင်းခြားဆင်ခြင်ရမည်။
၃။ဆံပင်စသည့်အဆင်းအားဖြင့် ပိုင်းခြားရှုမှတ်ရမည်။
၎။သဏ္ဍာန်အားဖြင့် ဆင်ခြင်ရမည်။
်၅။ခန္ဓာကိုယ် အထက်အောက်စသော အရပ်အားဖြင့် ဆင်ခြင်ရမည်။
၆။ မည့်သည့်ကေဋ္ဌာသ၌ဖြစ်သည်ကို သိရန် ဖြစ်ရာအရပ်အားဖြင့် ဆင်ခြင်ရမည်။
၇။သဘာဂ၊၀ိသဘာဂတို့ဖြင့် ပိုင်းခြားဆင်ခြင်ရမည်။ (ဘိ၊ဋ္ဌ၊၂၊၂၁၄)

နှုတ်ဖြင့်ဆီးဖြန်းရာတွင် သိထားစရာများ

၁။အစဉ်အတိုင်းပွားရမည်။
၂။မမြန်လွန်းစေရ။
၃။မနှေးလွန်းစေရ။
၎။ပျံ့လွင့်မှုမရှိအောင် တားဆီးရမည်။
၅။ပညတ်အဆင့်ကို လွန်မြောက်ရမည်။
၆။ဥာဏ်၌မထင်သော ကောဋ္ဌာသကို ပယ်ချထားရမည်။
၇။ထင်ရှားသောကောဋ္ဌာသကို အပ္ပနာဈာန်ရသည်အထိ ဆက်လက်ရှုရမည်။
၈။အဓိစိတ္တသုတ်၊ သီတိဘာဝသုတ်၊ ဗောဇ္ဈင်္ဂကောသလ္လသုတ်တို့အတိုင်း ရှုမှတ်မှု ပြုရမည်။ (ဘိ၊ဋ္ဌ၊၂၊၂၁၆)

ဝေဒနာနုပဿနာသတိပဋ္ဌာန်ရှုရာတွင် သိစေချင်။

အရှုခံဝေဒနာကိုးမျိုးကို ဘုရားရှင်ဟောတော်မူထားသည်။
 ယင်းတို့မှာ 
၁။သုခဝေဒနာ = ချမ်းသာသောဝေဒနာ
၂။ဒုက္ခဝေဒနာ = ဆင်းရဲသောဝေဒနာ
၃။အဒုက္ခမသုခဝေဒနာ = ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သော
ဝေဒနာ
၎။သာမိသသုခဝေဒနာ = ကာမဂုဏ်ငါးပါးနှင့်စပ်သော သုခဝေဒနာ
၅။နိရာမိသသုခဝေဒနာ = ကာမဂုဏ်ငါးပါးနှင့်မစပ်သော သုခဝေဒနာ
၆။သာမိသဒုက္ခဝေဒနာ = ကာမဂုဏ်ငါးပါးနှင့်စပ်သော ဒုက္ခဝေဒနာ
၇။နိရာမိသဒုက္ခဝေဒနာ = ကာမဂုဏ်ငါးပါးနှင့်မစပ်သော ဒုက္ခဝေဒနာ
၈။သာမိသအဒုက္ခမသုခဝေဒနာ = ကာမဂုဏ်ငါးပါးနှင့်စပ်သော ဥပေက္ခာဝေဒနာ
၉။နိရာမိသအဒုက္ခမသုခဝေဒနာ = ကာမဂုဏ်ငါးပါးနှင့်မစပ်သော ဥပေက္ခာဝေဒနာ (ဘိ၊၂၊၂၀၂)

စိတ္တာနုပဿနာသတိပဋ္ဌာန်ရှုရာတွင် သိစေချင်။

အရှုခံစိတ် ၁၆မျိုးကို ဘုရားရှင်ဟောတော်မူထားသည်။ ယင်းတို့မှာ =
၁။သရာဂစိတ် = တပ်မက်သည့်စိတ်
၂။ဝီတရာဂစိတ် = ရာဂကင်းသည့်စိတ်
၃။သဒေါသစိတ် = ဒေါသစိတ
်၎။ဝီတဒေါသစိတ် = ဒေါသကင်းသည့်စိတ
်၅။သမောဟစိတ် = တွေဝေသိမှားသည့်စိတ်
၆။ဝီတမောဟစိတ် = တွေဝေသိမှားမှု မရှိသည့်စိတ်
၇။သံခိတ္တစိတ် = တွန့်ဆုတ်ပျင်းရိသည့်စိတ
်၈။ဝိက္ခိတ္တစိတ် = ပျံ့လွင့်သည့်စိတ
်၉။မဟဂ္ဂတစိတ် = မဟဂ္ဂုတ်ဈာန်စိတ
်၁၀။အမဟဂ္ဂတစိတ် = မဟဂ္ဂုတ်မဟုတ်သော ကာမစိတ
်၁၁။သဥတ္တရစိတ် = မိမိထက်လွန်သောတရားရှိသည့် ကာမစိတ်၊ရူပစိတ
်၁၂။အနုတ္တရစိတ် = မိမိထက်လွန်သောတရားမရှိသည့် အရူပစိတ
်၁၃။သမာဟိတစိတ် = ဥပစာရသမာဓိ၊အပ္ပနာသမာဓိတို့ဖြင့်တည်ကြည်သောစိတ်
၁၄။အသမာဟိတစိတ် = ဥပစာရသမာဓိ၊အပ္ပနာသမာဓိတို့ဖြင့်ဖြင့် မတည်ကြည်သောစိတ
်၁၅။ဝိမုတ္တစိတ် = တဒင်္ဂ၀ိမုတ္တိ၊၀ိက္ခမ္ဘန၀ိမုတ္တိတို့ဖြင့် ကိလေသာမှလွတ်သောစိတ်၁၆။အ၀ိမုတ္တစိတ် = တဒင်္ဂ၀ိမုတ္တိ၊၀ိက္ခမ္ဘန၀ိမုတ္တိတို့ဖြင့် ကိလေသာမှမလွတ်သောစိတ် (ဘိ၊၂၊၂၀၄)

သတိပဋ္ဌာန်ပွားရကျိုး

၁။ကိလေသာမြူအညစ်မှ ဝေးလွင့်ခြင်း
၂။စိုးရိမ်ပူဆွေးမှု ကင်းဝေးခြင်း
၃။ငိုကြွေရမှုကို ကြော်လွှားနိုင်ခြင်း
၎။ကိုယ်ဆင်းရဲမှု ချုပ်ငြိမ်းခြင်း
၅။စိတ်ဆင်းရဲမှု ချုပ်ငြိမ်းခြင်း
၆။မဂ်ဖိုလ်များကို ရနိုင်ခြင်း
၇။နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း (ဒီ၊၂၊၂၃၂)

ဝိပဿနာသမားတို့ မရှိသင့်သည့်အရာများ

၁။ကမ္မန္တရာယ် = ပဉ္စာနန္တရိယကံငါးပါး (မဂ်ဖိုလ်နတ်ပြည်အန္တရာယ်ပေးနိုင်)
၂။ကိလေသန္တရာယ် = နိတမိစ္ဆာဒိဋ္ဌိ (မဂ်ဖိုလ်နတ်ပြည်အန္တရာယ်ပေးနိုင်)
၃။ဝိပါကန္တရာယ် = အဟိတ်၊ဒွိဟိတ်ပဋိသန္ဓေ (မဂ်ဖိုလ်သာတား၊နတ်ပြည်မတားနိုင်)
၎။အရိယူပ၀ါဒန္တရာယ် = အရိယာပုဂ္ဂိုလ်တို့ကို စွပ်စွဲခြင်း (မဂ်ဖိုလ်နတ်ပြည်အန္တရာယ်ပေးနိုင်၊သို့သော တောင်းပန်လျင် လွတ်သည်)
၅။အာဏာဝီတိက္ကမန္တရာယ် = စေတနာဖြင့်အာပတ်ခုနစ်ဖုံတွင် တစ်ပါးပါးကို ကျူးလွန်ထားခြင်း (မဂ်ဖိုလ်နတ်ပြည်အန္တရာယ်ပေးနိုင်၊ သို့သော ၀ိနည်းနှင့်အညီကုစားလျင် လွတ်နိုင်)(၀ိ၊၂၊၁၇၅၊ဋ္ဌ၊၁၃၈။ ၀ိ၊ဋ္ဌ၊၂၊၁၀၃။ မ၊ဋ္ဌ၊၂၊၉)

သမထမှဝိပဿနာသို့ပြောင်းသူများသိထားရန်

၁။အာရုံမှတ်စိတ်နှစ်မျိုးကို ဦးစွာသိထားရမည်။
၂။ဒုတိယအနေဖြင့် အာရုံနှင့်မှတ်စိတ် တည့်နေအောင် မှတ်ရမည်။
၃။တတိအနေဖြင့် အာရုံထဲမှ စိတ်ထွက်မသွားအောင် သတိပြုနေရမည်။
၎။စတုတ္ထအနေဖြင့် ကမ္မဋ္ဌာန်းအလုပ်ကို လုပ်ပြီဟု ဆုံးဖြတ်ချက်ချထားပြီးသည့်အချိန်မှစကာ ဘာမျှစဉ်းစားမနေပါနှင့်။ (၀ိပဿနာဘာသာအလင်းပြ၊၄၉-၅၀)

ယနေ့မြန်မာနိုင်ငံအတွက် ဗုဒ္ဓ၏၀ိပဿနာညွှန်ကြားချက်

တစ်ခါတုန်းက ရဟန်းတစ်ပါးက ရဟန်းတော်လေးပါးကို မဂ်ဖိုလ်ရဖို့အတွက် ဘယ်တရားအားထုတ်ရမလဲ-လို့ မေးပါတယ်။ ပထမရဟန်းက အာယတနခြောက်ပါးတို့၏ ဖြစ်ခြင်းပျက်ခြင်းကို သိအောင်လုပ်ပါလို့ မိန့်တယ်။ 

ဒုတိယရဟန်းက ဥပါဒါနက္ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းပျက်ခြင်းကို သိအောင်လုပ်ပါလို့ မိန့်တယ်။ 

တတိယရဟန်းက မဟာဘုတ်လေးပါးတို့၏ ဖြစ်ခြင်းပျက်ခြင်းကို သိအောင်လုပ်ပါလို့ မိန့်တယ်။ 

စတုတ္ထရဟန်းက ဖြစ်ခြင်းသဘော ရှိတဲ့တရားတွေကို ချုပ်ခြင်း၊ ပျက်ခြင်းသဘောရှိတယ်ဆိုတာ သိအောင်လုပ်ပါလို့ မိန့်ပြန်တယ်။ 

အဖြေတစ်မျိုးစီ ဖြစ်နေလို့ မြတ်စွာဘုရားကိုမေးတဲ့အခါရဟန်း ပေါက်ပင်ကိုမြင်ဖူးတဲ့သူတွေဟာ သူအချိန်နဲ့သူ တူကြမှာမဟုတ်ဘူး။ မီးလောင်နေတဲ့သစ်ငုတ်တိုကို မြင်ရတဲ့အတွက် ပေါက်ပင်ဟာ မီးလောင်နေတဲ့သစ်ငုတ်တိုလို့ မြင်ပါမယ်။ ပွင့်တဲ့အချိန်ကိုမြင်ရတဲ့အခါ နီရဲတဲ့ သားတစ်ကိုမြင်ရသလို နီနီရဲရဲမြင်ရတာလဲ ဖြစ်ပါမယ်။ အသီးတွေအပွင့်တွေကြွေလို့ ရွက်သစ်ဝေတာကို မြင်ရ တဲ့အချိန် ပညောင်ပင်လိုအရိပ်ဝဲအုပ်ဆိုင်း တာကို မြင်ရတာလဲရှိမယ်။ ဘယ်လိုပဲမြင်မြင် ပေါက်ပင်ကိုပဲမြင်ရတာပါ။ ဘယ်နည်းနဲ့ပဲရှုရှု ဖြစ်ပျက်မြင်ရတဲ့ တစ်ခုတည်းသော အနှစ်သာရသာရှိတယ်၊ မဂ်ဖိုလ်နိဗ္ဗာန်သာ ပန်းတိုင်ဖြစ်တယ်လို့ မိန့်ပါတယ်။

 သို့သော် ၀ိပဿနာမဟုတ်တဲ့ နည်းအလွဲတွေကိုတော့ ဒီစကားတော်နဲ့ ပြန်လည်မကိုးကားစေချင်ပါဘူး။ အကာကိုပစ်ပြီး အနှစ်ကိုရှာနိုင်ပါစေသတည်း။ (သံ၊၂၊၃၆
၉)

Thinpyant Shwekyar ၏ ဓမ္မ Post အား ထပ်ဆင့် ဖြန့်ဝေပူဇော်ပါသည်။

၂။နှုတ်ဖြင့်ရွတ်သကဲ့သို့ မဂ်ဖိုလ်အထောက်ပံ့ဖြစ်စေရန် စိတ်ဖြင့်ပိုင်းခြားဆင်ခြင်ရမည်

No comments: