Thursday, May 30, 2013

လာရှိုးမြို့ ဈေးဆိုင်တချို့ပြန်ဖွင့်၊ လုံခြုံရေးတိုးမြှင့်

လားရှိုးမြို့ ပဋိပက္ခကြောင့် နှစ်ရက်ကြာ ပိတ်ထားတဲ့ ဈေးကို ဒီနေ့ (မေ၃၀) မနက်က စတင်ဖွင့်လှစ် ရောင်းချနေပါတယ်။ဈေးဆိုင်တိုင်းမဖွင့်ပေမယ့် နေ့စဉ်စားသောက်ကုန်တွေ လာရောက် ရောင်းချနေတာတွေ များပါတယ်။

ဈေးထဲမှာတော့ ကောလဟာလတွေနဲ့ ပြန့်နှံနေတဲ့ အတွက် သတိထားရောင်းနေရတယ်လို့ ဆိုင်ဖွင့်တဲ့ ဈေးသည် အများစုက ပြေကြပါတယ်။

လားရှိုးမြို့ မှာ ပဋိပက္ခဖြစ်ပွားပြီး သုံးရက်မြောက်နေ့မှာတော့ ဈေးဆိုင်အချို့စတင်ရောင်းချနေပြီး လုံခြုံရေးများ တိုးမြင့်ချထားတာကိုလည်း တွေ့မြင်ရပါတယ်။

သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ
— လာရှိုးမြို့ ဈေးဆိုင်တချို့ပြန်ဖွင့်၊ လုံခြုံရေးတိုးမြှင့်

No comments: