Tuesday, May 28, 2013

" အနာဂတ် မှာ အဖြေ ရှိတယ်. "


" အနာဂတ် မှာ အဖြေ ရှိတယ်. "

 -စစ်ကိုနိုင် ၈၈၈၈
-1-March-2012


ကျနော်တို့ ပြည်ပရောက် လူငယ်တွေအတွက်တော့ မြန်မာပြည်တွင်းက နိုင်ငံရေးအပြောင်းအလဲ ရဲ့လမ်းစ လေးကို မြင်ရတွေ့ရတော့ စိတ်ထဲမှာအရင့်အရင်တွေကနဲ့စာရင် ရင်ကြပ်ရောဂါသည်တယောက် ရင်ကြပ်ပျေက်ဆေးလေးသောက်လိုက်ရလို့ ခဏတာလေး ရင်ကြပ်တာ သက်သာသလိုတော့ရှိသလို ဖြစ်ပေမဲ့ နိုင်ငံရေးရင်ကြပ်ရောဂါကြီးကတော့ ပျောက်သွားတာတော့ မဟုတ်သေးတာသေချာတယ်လေ၊
( ၂၀၀၈ ) အခြေခံဥပဒေကြီးထဲက အချက်အချို့ ကို ပြင်ပေးလိုက်လို့ လူထုကြီးအားကိုးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမှတ်ပုံပြန်တင်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ကိုင်လာနိုင်တာလေး တွေတွေ့ရ ၊ ၈၈ မျိုးဆက် ကျောင်းသားအုပ်စုတွေနဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရတဲ့ နိုင်ငံေ၇းလှုပ်ရှားသူတွေ၊ ၂၀၀၇ ရွှေဝါရောင်သံဃာတော်တွေ၊ နောက်ပြီး သတင်းဂျာနယ် မျက်နှာဖုံးတွေမှာလည်း အတိုက်အခံတွေ၊ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ဖေါ်ပြခွင့်လေးတွေရလာကြတာ တွေ့ရတော့ ရောဂါနဲနဲသက်သာသလို လေးတော့ ဖြစ်ရတာတော့အမှန်ပါ၊

နောက်ပြီး ရွေးကောက်ပွဲအကြို စည်းရုံးရေးကို အင်တိုက်အားတိုက်နဲ့ မမောနိုင်မပန်းနိုင် တိုင်းနဲ့ပြည်နယ်ကိုသွားပြီးစည်းရုံးရေးဆင်းနေတဲ့ တကမ္ဘာလုံးကချစ်တဲ့ အန်တီစုကို ရောက်တဲ့ပြည်နယ် ပြည်မက လူထုကြီးကတခဲနက်ကြိုဆိုတာတွေမြင်ရတွေ့ရတော့ နိုင်ငံရေးရင်ကြပ်နာ ရောဂါအခံရှိတဲ့ ကျနော်တို့ ရောဂါ သက်သာသလိုခံစားရတာလည်း အမှန်ပဲဗျို့ ...


နောက်..အနုပညာရှင်တွေကလည်း အန်တီစုကို တတ်နိုင်တဲ့ဖက်က နေ၀ိုင်းဝန်း ပံ့ပိုးကြမတဲ့..
.နောက်ပြီး ရုပ်ရှင်အနုပညာရှင်တွေအားလုံးကို ကိုဇာဂနာကြီးကဦးဆောင်ပြီးတော့ . အန်တီစု သိပ်ဖြစ်ချင်တဲ့ ..လူထုကလည်း သိပ်မြတ်နိုးကြည် ညိုတဲ့ လွတ်လပ်ရေး ခေါင်ဆောင်..တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အထ္တုပ္ပတိ ကို ရုပ်ရှင်ရိုက်မယ် ဆိုတော့ ..ကျနော်တို့မှာ ၀မ်းသာလိုက်တာ... မပြောပါနဲ့တော့ ..

အရပ်ဝတ်အရေခြုံ ဦးသိန်းစိန်အစိုးရကြီးကိုလည်း ..မောင်မင်းကြီးသားများ မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ဆက်လက် အကောင်အထည် ဖေါ်စရာရှိတာ တွေကို အကောင်အထည် ဖေါ်ပါစေလို့ ဆုတောင်းမိပါရဲ့..
တကယ်ပြောတာပါ..
တော်ကြာ..ခွေးမြီးကောက် ကျဉ်တောက်စွပ်သလို ..ကျဉ်တောက်လည်း ဖြုတ်လိုက်ရော ပြန်ကောက် သွားမှဖြင့် တိုင်းပြည်က ဆက်မတွေးဝံ့စရာ ..
ပည်သူလူထုကြီးနဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားများ တော့ ..သူများကျွန် ဆက်ခံ ပေအုန်းတော့.. ..

၈၈..မျိုးဆက်အုပ်စုများကလည်း ထောင်ကလွတ်လို့ မှ ဘာမှ မကြာလိုက်သေးဘူး၊
သူတို့ကလည်း သူတို့ကို သမိုင်းကပေးတဲ့ တာဝန်လို့ စိတ်ပိုင်းဖြတ်ထား တဲ့အတွက် လူထုအတွက်အကျိုးရှိမဲ့ အလုပ်တွေနဲ့အတူ အန်တီစုကို ၀န်းရံမယ်လို့ ဆိုပြီးဆုံးဖြတ် လိုက်ကြတော့ ထုံးစံအတိုင်း ပြည်ပရောက် ပရောဟိတ် ကြီးများလည်း နဲနဲတော့ အသံ တိုးသလိုနဲ့ တိတ် သွားတာတော့ သတိပြုလိုက် မိပါရဲ့ဗျာ။

အဲဒါကလည်း နိုင်ငံရေးရင်ကြပ်ရောဂါအခံရှိတဲ့ကျနော်တို့ အတွက်တော့ နဲနဲရောဂါ သက်သာသလိုဖြစ်တယ်..
နို့မဟုတ်ရင်သူတို့ကလည်း တမှောင့်လေ၊
ရဲဘော်ကိုကျော်သန်း ရေးခဲ့ဘူးတဲ့ဆောင်းပါးထဲက စကားနဲ့ပြောရရင်... သူတို့ကလည်း ဆင်နားရွက်ကြားထဲက မွှား လို လေ .၊
သူ့တို့ကြောင့်တိုင်းပြည်ခုလိုအခြေအနေလေး ဖြစ်လာတာလို့ပြောချင်ပြောအုန်းမှာကိုး ။

ဒါပေမဲ့ သူတို့ရဲ့ ပံ့ပိုးမှု့တွေ က အစိတ်အပိုင်းတခုအနေနဲ့ ပါတယ်ဆိုတာ ကိုတော့ ကျနော်ဝန်ခံပါတယ်၊
နောက်ပြီး ...သူတို့ က ဒုက္ခသည်လို့သာဆိုတယ်...တကယ်တော့ ဒုက္ခသည်နဲ့ မတူဘူး ၊
ပရောဟိတ်ကြီးတွေနဲ့ပိုတူနေလို့လေ..ထားလိုက်ပါတော့ ...

ကျနော်တို့ ခုတလောကြားရသိရတဲ့သတင်းတွေက ကျနော်တို့ အခံ အက်စမာလို့ ခေါ်တဲ့ နိုင်ငံရေး ရင်ကြပ်ေ ရာဂါကြီးက ပြန်ထလာတယ်...
ထ လာဆို ..အန်တီစု စည်းရုံးရေးခရီး ဆင်းတဲ့ ဧရာဝတီတိုင်းက စတယ်ထင်တယ်၊

ဘောလုံးကွင်းအသုံးပြုခွင့်မပေးဘူးတို့ ...နောက်..ကြပ်ပြေး ခေါ် နေပြည်တော် မှာ NLD ရဲ့စည်းရုံးရေး ဆိုင်းဘုတ်ကြီးကို ဖျက်ဆီးတာ နှစ်ခါတောင်ရှိပြီ တဲ့ဗျာ...


နောက်တခါ ကော့မှုးမြို့နယ်က ၀င်ပြီးအရွေးကောက်ခံမဲ့ ဒေါ်စုကို ပြိုင်ဖက် ဦးတင်ရီ ဆိုလား .?
စိတ်ဝင်စားစရာမကောင်းလို့ သူ့ ပါတီနံမည်ကိုတောင် မှတ်မထားလို့ မသိပါဘူး၊

ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီဘူးဆိုပြီး ..အရှက်မရှိ ကန့်ကွက်သတဲ့ဗျ...

တကယ်ဆို ကမ္ဘာ သိ ကမ္ဘာကျော်နေတဲ့ ပါတီက ခေါင်းဆောင်တဦး၊ ဗိုလ်ချုပ် အောင်ဆန်းရဲ့ အချစ်ဆုံး သမီးထွေးလေးကို စွပ်စွဲတဲ့ အချက်တွေကလည်း ကြည့်လိုက်တော့ ... တော်တော့ ကို စာမတတ်ပေ မတတ်မှန်း သိသာလွန်းတယ်၊

အင်္ဂလန်က အမြဲတမ်းနေထိုင်ခွင့် green card .ရှိသတဲ့...
အဲဒီ ဂရင်းကဒ် ဆိုတာ ဘယ်နိုင်ငံက ပေးတယ်ဆိုတာတောင် မသိတဲ့ သူက လွှတ်တော်ကိုယ်စားလှယ်လောင်း ၀င်ပြိုင်အုန်းမှာ.....

green card. က အမေရိကန်နိုင်ငံကပေးတာလား .? အင်္ဂလန်နိုင်ငံက ပေးတာလား တောင် မသိတဲ့ အသိညာဏ် ပညာလောက်နဲ့ ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ် လောင်းဝင်ပြိုင်တာ ..
သူတို့မို့ မရှက်တယ်..

ကျနော်တို့ တော့ မလုပ်ရဲပေါင်ဗျာ.. ကျနော်လည်း ဖြေတွေးလေး တွေးလိုက်ပါတယ်..
ကြံ့ဖွတ်ရဲ့အပေါင်းပါ ပါတီဆိုတော့လည်း ဒီလောက်တော့ ရှိပေမပေါ့လို့ ...

ခုတခါပူပူနွေးနွေး ဟို အရူးဆိုလား .? အနှမ်း ဆိုလား..? ငါးမင်းဆွေ ဆိုလား .ဖားမင်းဆွေ ဆိုလား ..? အဲဒီလူကတော့ အသားလွတ်ကို ၀င်လာပြီး ပုတ်ခတ်တော့တာ...
ကဲ့ရဲ့ ရှုံ့ ချတော့တာ ...
အဲဒီလူလိုစိတ်ဓါတ်မျိုးနဲ့ရေးတဲ့ဆောင်းပါးတပုဒ် ကို ဒေါက်တာ လွမ်းဆွေ ခေါ် ကိုလွမ်းဆွေ ဘလောက်ဒ်တခုမှာ ကျနော်ဖတ်ဖူးတယ်..

တာဝတိမ်သာ တုတ်ကြီး ဆိုတဲ့ ကလောင်နံမည်ဝှက်နဲ့ရေးတာ...
အဲဒီဆောင်းပါးထဲမှာလည်း ဒေါ်စုကို ပုတ်ခတ်တာ..ရှုံ့ ချတာ ..မဟုတ်မတရား ကဲ့ရဲ့တာ...
အခု ငါးမင်းဆွေ ခေါ် ဖားမင်းဆွေ ဆိုတဲ့သူ ရဲ့ စရိုက်မျိုးနဲ့ အတူတူပဲ ..

အဲဒီဆောင်းပါးကလည်း ကိုလွမ်းဆွေပဲ နံမည်ဝှက်နဲ့ရေး သလား .? ဘယ်သူရေးလဲတော့ ကိုလွမ်းဆွေမှပဲ သိမှာပဲ...
အဲဒီအချိန်ကစပြီး ကျနော်လည်း ကိုလွမ်းဆွေဘလောက်ဒ်ကို မကြည့်တော့ဘူး၊
ကိုသစ်ထူးလွင် ဘလောက်ဒ် စတင်တဲ့အချိန်နဲ့ မရှေးမနှောင်းဆိုတော့ ကိုသစ်ထူးလွင် ဆိုက်ဒ်ကိုပဲ သွားပြီးသတင်းဖတ်တယ်၊


ဒီမိုကရေစီလိုချင်ရင် ဒီမိုကရေစီဖက်ကိုတော့ အနဲနဲ့အများ ယိမ်း ရမှာပဲလေ..
အမေလူထုဒေါ်အမာတောင် ပြောဘူးသေးတယ်..
သူတို့ခေတ်ကတဲက သတင်းစာတွေတောင် သူတို့ထောက်ခံတဲ့ဖက်ကို အနဲနဲ့အများလိုက်ရေးကြတာပဲတဲ့လေ၊

ဒါလည်းမှန်တာပဲအမေလူထုဒေါ်အမာပြောတာ...
ဒီမိုကရေစီလိုချင်တဲ့သူက ကွန်မြူနစ်ဖက်လိုက်လို့ဖြစ်မလား..?
နောက် .စစ်အာဏာရှင်ဖက်ကိုရော လိုက်လို့ဖြစ်မလား..?
စဉ်းစားကြည့်စရာတောင်မလိုပဲနဲ့ သိနိုင်တာပဲလေ..

ခု ကျနော်ပြောတဲ့ ငါးမင်းဆွေက အခုတလောပြန်လှုပ်ရှားလာတာ ကြံ့ဖွတ်ရဲ့နောက်ကွယ်ကနေ ကြိုးကိုင်ပေးတဲ့ကိစ္စပါ ..
.ရှင်းရှင်းလေး ..ကြည့်တတ်ရင်မြင်တယ်၊

ရွေးကောက်ပွဲကော်မရှင်ကလည်း သိတာပဲ..ကြပ်ပြေးနေပြည်တော် NLD က စည်းရုံးရေးဆိုင်းဘုတ် ကို ဖျက်ဆီးခံရတာ နှစ်ခါတောင်ရှိပြီ၊
ကော်မရှင်က အရေးမယူဘူး...ရူးချင်ဟန်ဆောင်နေတာသာ ကြည့်တော့...

အားကစားကွင်းတွေ ကို ပါတီစည်းရုံးရေး အတွက်ခွင့်မပြုဘူးဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်က စာထုတ်ထားပြန်သတဲ့...
ကျနော် ဆုတောင်းမပြည့်တော့ဘူးဆိုတာ ရွေးကောက်ပွဲက မစသေးဘူး...မြင်နေရပြီ...

ဦးသိန်းစိန်နဲ့အပေါင်းပါများအစိုးရလူကြီးများ ဆိုသူတွေ မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ အကောင်အထည် ဖေါ်စရာရှိတာကို ဆက်လက် အကောင်အထည်ဖေါ်ပါ ဆိုတာက ဒီမိုကရေစီ လမ်းကြောင်းကို သွားဖို့ကို ဆိုလိုတာလေ.။

ခုတော့ ကြံ့ဖွတ်အစိုးရ က ခေါင်းဆောင်တွေက ကြောက်လာပြီ...
ရှင်းရှင်းပြောရရင် ဒေါ်စု ရဲ့ တိုင်းပြည်ကလူထုရဲ့ထောက်ခံမှု့ကိုကြည့်ပြီး သွေးပျက်နေကြပြီ...
သူတို့ ရှင်းရှင်းလင်းလင်းကို သိနေကြပြီ..ဆိုတော့ သူတို့ဟန်ယောင်ပြီး ခွေးမြီး ကောက်ကို စွပ်ထားတဲ့ ကျည်တောက်ကိုသူတို့ ဖာသာ ပြန်ချွတ်လာပြီလေ..

မြစ်ကြီးနားခရီးစဉ်တုန်းကလည်း အင်တာနက်လိုင်းတွေ ဖြတ်ထားတယ်....
နောက်ထပ်လာအုန်းမယ်... ဒေါ်စု မြန်မာ့ရုပ်မြင်သံကြားကနေ မဲဆွယ်စည်းရုံးဖို့ အတွက် ရုပ်သံသွင်းမယ်..တပ်ကုန်းမှာ...အဲဒီကညွန်မှုး ဆိုတဲ့လူ သိန်းအောင်ဆိုလား ..? ၀န်ထမ်းတွေကို ခေါ်ပြီး ဒေါ်စုကိုမကြိုရဘူး. စကားမပြောရဘူး တို့ အမိန့်ပေးထား သတဲ့....

ဒါကိုလည်း ရွေးကောက်ပွဲ ကော်မရှင်က ဦးတင်အေး တို့ မသိဘူးထင်သလား..?
သူတို့ စစ်အုပ်စု ကပဲ လုပ်တဲ့ကိစ္စတွေ... မပူနဲ့ ..လုံးဝကိုအရေးမယူစေရဘူး...

နောက် ပြီး ဒေါ်စု ရုပ်သံကနေ အသံလွှင့်ပြီး ပြမဲ့နေ့မှာ မီးဖြတ်လိမ့်မယ်...စိတ်သာချ .. မီးကိုကြိုတင်ပြီး တော့ကို ဖြတ် ထားလိမ့်မယ်....
စစ်ဗိုလ်ချုပ်တွေသာပြောတာ ...အကျင့်အကြံကတော့ မိန်းမပျက် မ ကတောင် လက်ဖျားခါ ရတယ်.၊

နောက်ပြီး လူထုနဲ့ အတိုက်အခံဒီမိုကရေစီပါတီတွေကပြောလာရင် ...လိမ်မယ်...ဘယ်မီးတိုင်က လဲလို့...ကြိုးတွေပြတ်လို့ ...ဘယ် အသံလွှင့်တဲ့ စက်ခန်းက ဘာဖြစ်သွားလို့ အစရှိတဲ့ ကလိမ်ကကျစ် ယုတ်ကန်းတဲ့ စိတ်ဓါတ် အပြည့်နဲ့ လိမ်ညာ တော့မယ်..


ဒီလူ ဒီအစိုးရက စစ်အာဏာရှင်က လာတာဆိုတော့ ညာဉ် က မပျောက်ဘူးလေ၊ သူခိုးနတ်က္ခ မိတဲ့သူခိုးမျိုးပေါ့...
တိုင်းပြည်နဲ့လူထု ကို မညှင်းဆဲရ ရင်...မကောက်ကျစ်ရရင် မခိုးရရင် နေကို မနေနိုင်တာ ....
မျှတတဲ့ရွေးကောက်ပွဲ ဖြစ်စေရ မယ်ဆိုတာ လိမ်တာ.ကောက်ကျစ်တာကို အကျင့်ပါနေလို့ ပြောတဲ့ စကားပဲ ဖြစ်တယ်..

စိတ်စေတနာ သန့်လို့ ..တကယ်စိတ်ရင်းစိတ်ထားအမှန်နဲ့ ဒီမိုကရေစီ တိုင်းပြည်ကို လုပ်ပေးချင်လို့ ဆိုတဲ့ စိတ်ဓါတ်မျိုး ရှိကို မရှိတာ ...
အဲ ..ခြွင်းချက်အနေနဲ့ သူတို့အုပ်စုထဲက ဆယ်ယောက်ကို သုံးယောက်လောက်ကပဲ လုပ် ပေးလိုက်ပါကွာ ...ဆိုတဲ့ မသက်မသာ စိတ်နဲ့ ပြောမဲ့သူပဲရှိမယ်...

စိတ်စေတနာသန့်တဲ့သူက ရှိကို မရှိတာ ...
စိတ်စေတနာသန့်တဲ့သူကလည်း သူတို့အုပ်စုထဲမှာ နေလို့ကို မရ ဘူး ...

ဒေါ်စုကို တိုင်းပြည်လူထုက အုန်းအုန်းကြွက်ကြွက် နဲ့ လှည်းနေလှေအောင်း မြင်းစောင်း မကျန်လူထုက ထောက်ခံတာတွေ့ရတော့ ကျနော်သတိယလိုက်မိတာလေးရှိတယ်....

ဗိုလ်ခင်ညွန့် ကောင်းစားစဉ်က ရဲချုပ်ခင်ရီကနေတဆင့်ပြောခိုင်းတဲ့စကားရှိတယ်..
ဒေါ်စုကို တိုင်းပြည်လူထုက ထောက်ခံမှု မရှိတော့ပါဘူး ..ကျဆင်းသွားပါပြီ လို့ နိုင်ငံခြားသံတမန်တွေကို မဟုတ်မဟတ် တွေပြောခဲ့တာကို သွားပြီးသတိယ မိတယ်၊

လိမ်တာ ညာတာက ကောက်ကျစ်တာက စစ်တပ်ကို ထောက်လှမ်းရေးက ဗိုလ်ခင်ညွန့်တို့က သင်ပေးလိုက်တာ...
မုဆိုးကို စိုင် သင်တာ ဆိုသလိုမျိုးပေါ့ဗျာ.. ဗိုလ်ခင်ညွန့်လည်း ခုတော့ သူသင်ပေးလိုက်တဲ့ စစ်တပ်က သူကို အပီ ကိုင် လိုက်တော့မှ ငြိမ်ကျသွားတာ...

ဒါပေမဲ့..ဗိုလ်ခင်ညွန့်ကလည်း ..နေသေးသပ ခြုံထဲက ..ဂျိုသွေး တမြမြ နဲ့ ချောင်းနေတာ နော်..လာအုန်းမယ်...
ကျနော်တို့ခင်ဗျားတို့ အားလုံးသတိထားနေကြပေတော့..... အန်တီစု ရဲ့ စွန့်စားပြီး ရင်းလိုက်တဲ့ သူ့ရဲ့သိက္ခာတွေ..သြဇာတွေ..ကျော်ကြားမှု့တွေ..ကမ္ဘာက လေးစားမှု့တွေ အရာအားလုံးကို ရင်းလိုက်ရတာ ...
ဒါကို လည်း အန်တီစုက ရိုးရိုးသားသားနဲ့ ဖွင့်ပြောပါ တယ်..
ကျမ ပြည်သူကို ယုံတဲ့အတွက်..တိုင်းပြည်လူထု အတွက် ..ကျမ စွန့်စားလိုက်ပါတယ် လို့ အန်တီ စု က ရိုးသားစွာပြောခဲ့ပြီးသားပါ..


.ဒါကြောင့် ...တိုင်းပြည်နဲ့လူထု အတွက်အကျိုးရှိမယ်ဆိုရင် ကျမ ဘယ်သူနဲ့တွေ့ရ တွေ့ရ ..တွေ့ပါ့မယ် ဆိုတဲ့ ..အန်တီစု ရဲ့ တိုင်းပြည်လူထုနဲ့ ပတ်သက်လာရင် မာန်မာန မထားတဲ့ ဖြူစင်တဲ့ စိတ်ဓါတ်ကို အထင်အရှားမြင်သိ တွေ့နေရပါတယ်.. ..

ကျနော်တို့တိုင်းပြည်ရဲ့ လွတ်လပ်ရေးခေါင်းဆောင် ..တပ်မတော်ရဲ့ ဖခင် ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ဘူးသလို... ကျုပ်တို့ဟာ ရာဇ၀င်ကိုရေးမဲ့သူလား ?..ရာဇ၀င်မှာအဆဲခံမဲ့သူလား ..?.. ဆိုတာ ခင်ဗျားတို့ကောင်းကောင်းကြီးသိပါတယ် လို့ ပြောဘူးခဲ့ သလို ...ဒီနေ့ ဗိုလ်ချုပ်သမီး ဖြစ်တဲ့ လူထု ခေါင်းဆောင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာလည်း ရာဇ၀င်ရေးမဲ့သူလား .? ရာဇ၀င်မှာအဆဲခံမဲ့သူလား..? ဆိုတာလား .. ခင်ဗျားတို့ ကျနော်တို့ ကောင်းကောင်းကြီး သိကြပြီမို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ စွန့်စားပြီး ရင်းလိုက်တဲ့ ဒီကြားဖြတ် ရွေးကောက်ပွဲဟာ အနာဂတ်မှာ အဖြေ ပေးလာမှာမို့ .. ကျနော်တို့ ခင်ဗျားတို့ ပြည်ပ ဒီမိုကရေစီ ချစ်မြတ်နိုးသူတိုင်း တက်တက် ကြွကြွနဲ့ ၀ိုင်းဝန်းပံ့ပိုး လုပ်ဆောင်ပေးကြရန် လေးစားစွာဖြင့် အနူးအညွတ် တိုက်တွန်းလိုက်ပါတယ်.။

လေးစားစွာဖြင့် အလေးပြုလျှက်
ကျနော် စစ်ကိုနိုင် ၈၈၈၈
( အိုးဝေ သတင်းဂျာနယ် )
-1-March-2012

-------------------------------------------------------------------------------


No comments: