Thursday, May 30, 2013

မြစ်ချောင်းသည် နိုင်ငံ၏ အသက်

မြစ်ချောင်းသည် နိုင်ငံ၏ အသက်
ကြာသပတေးနေ့၊ မေလ 30 ရက် 2013 ခုနှစ်  ဆောင်းပါး - သျှမ်းသံတော်ဆင့်သတင်း

မြစ်ချောင်းပိုင်တဲ့လူဟာ နယ်မြေကိုပိုင်ဆိုင်တယ်။ မြစ်ချောင်း မပိုင်ရင်တော့ အဲဒီနယ်မြေဟာ အလကားဘဲ။ သုံးလို့မရတော့ဘူး ။ Who holds the water holds the range. Without water, the range is useless .  ဒီလိုဆိုရင် No water, No country မြစ်ချောင်းမရှိရင် နိုင်ငံမရှိတာနဲ့အတူတူဘဲပေါ့။

water summit

ရေထိန်းသိမ်းစောင့်ရှောက်ရေး ထိပ်သီးအစည်းအဝေး  Water Summit   ကိုမေလ ၁၄ ရက်မှ ၂၂ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့ပါတယ်။

ချင်းမိုင်ကြေငြာချက် Chiangmai Declaration ကို တက်ရောက် လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံ ၉ နိုင်ငံရှိရာ အာဆီယံနိုင်ငံထဲမှာဆိုရင် မြန်မာနိုင်ငံ၊ ဘရူနိုင်း၊ လာအို၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံအပြင် အာဆီယံမဟုတ်တဲ့နိုင်ငံတွေဖြစ်တဲ့ တောင်ကိုးရီးယား၊ ဂျော်ဂျီယာနိုင်ငံ၊ တာဂျစ် ကစ်စတန်နဲ့ ဗန်နိုအာထူ နိုင်ငံတွေဖြစ်ပါတယ်။

စီးပွါးရေးနဲ့  လူမှုရေး စောင့်ရှောက်ရေး၊ ရေလွှမ်းမိုးမှု သို့မဟုတ် ရေခန်းခြောက်မှု တို့မှ လွတ်ကင်းရေးတို့အတွက် ဆွေးနွေး ခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါဆွေးနွေးပွဲကနေ  အမျိုးသားလုံခြုံရေးနဲ့သက်ဆိုင်တဲ့အချက်တချက်ကိုတွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းဖြစ်အဓိက မြစ်ကြောင်းဆိုလို့ ဧရာဝတီတခုတည်းသာရှိပါတယ်။ ကျန်မြစ်ချောင်းတွေဖြစ်တဲ့ သံလွင်မြစ် နဲ့ မဲခေါင်မြစ်ဆိုရင်   တရုတ်နိုင်ငံ မှာ မြစ်ဖျားခံပါတယ်။

တရုတ်နိုင်ငံမှာမြစ်ဖျားခံလာရင် တရုတ်နှင့်မြန်မာ ဆက်ဆံရေးကောင်းမွန်နေရင် အကြောင်း မဟုတ် ဘူး။  တရုတ်-မြန်မာ ဆက်ဆံရေးမကောင်းပါက အဆိုပါ မြစ်ရေအပေါ် ကျနော်တို့ အားထားနေရတဲ့ အတွက် တရုတ်နိုင်ငံရဲ့ လွမ်းမိုး အကျပ်ကိုင် မှု ခံရိမှာအမှန်ဘဲ ဖြစ်ပါ တယ်။

လက်ရှိအခြေအနေမှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံထဲ သံလွင်မြစ်သာမက ဧရာဝတီမြစ်ကိုပါ အပိုင်သိမ်းဖို့ ကြိုးစားနေ တာတွေ့ရပါတယ်။

သံလွင်မြစ်နဲ့ မဲခေါင်မြစ် ပြတ်တောက်ခဲ့ရင်  မြန်မာနိုင်ငံသားတွေအတွက် ပြဿနာမဟုတ်သေးပေမယ့်  ဧရာဝတီမြစ်ကြီး ပြတ်တောက်ခဲ့ရင် မြန်မာနိုင်ငံ ပျက်စီးဖို့ဘဲလိုတော့တယ်။

ဘာကြောင့်လဲဆိုတော့ စာအုပ်တွေထဲမှာဖတ်ခဲ့ရဖူးတယ်။ အနောက်နိုင်ငံမှာ မြစ်ချောင်းရေတွေကို လုယက်ကြတယ်။ တချို့ ဆိုရင် စားကျက်ကအကျယ်ကြီးပိုင်ပြီး ကျွဲနွားတွေကသိန်းနဲ့ ချီရှိပါတယ်။ သို့ပေမယ့် ချောင်း၊ မြစ် ပိုင်ဆိုင်တဲ့ သူက တယောက်ဆိုပေမဲ့ နောက်ဆုံးတော့ သူကဘဲ အနိုင်ရ ဒါတွေကို ဖတ်ရှုရပါတယ်။

အင်္ဂလိပ်စကားပုံဆိုရင် - မြစ်ချောင်းပိုင်တဲ့လူဟာ နယ်မြေတွေကိုပါပိုင်ဆိုင်တယ်။ မြစ်ချောင်း မပိုင်ဆိုင် ရင်တော့ အဲဒီနယ်မြေဟာ အလကားဘဲ။ သုံးလို့မရတော့ဘူး တဲ့ Who holds the water holds the range. Without water, the range is useless .  ဒီလိုဆိုရင် No water, No country မြစ်ချောင်းမရှိရင် နိုင်ငံမရှိတာနဲ့အတူတူဘဲပေါ့။ အာရပ် နိုင်ငံလို ရေနံ ထွက်ရင်တော့မပြောတတ် ဘူးလေ။

ဒါကြောင့် သမ္မတကြီးဦးသိန်းစိန်ကနေ ဧရာဝတီမြစ်အပေါ် တရုတ်နိုင်ငံက ဆည်တည်ဆောက်မယ့်စီမံကိန်း ဆန့် ကျင် တဲ့အပေါ် ထောက်ခံသင့်တယ်။ အားပေးသင့်တယ်။ ရေတိုမဟုတ်ဘဲ ရေရှည်ရပ်ဆိုင်းဖို့ ထာဝရ ရပ်ဆိုင်းသွားအောင် ကြိုးစား သင့် တယ်။

သျှမ်းလူမျိုးတွေအဖို့ကတော့ ရှေ့ဆက်ပြီးတော့ တရုတ်နိုင်ငံမှာမြစ်ဖျားခံလာတဲ့ သံလွင်မြစ်ကို အမွှမ်းတင် သီချင်းစပ်ဆို  မှီခိုအားထားနေမယ့်အစား သျှမ်းပြည်ထဲမှာဘဲ မွေး ဖွားပြီး မြစ်ဖျားခံစီးဆင်းတဲ့ မြစ်ချောင်းတွေကိုသာ ပိုပြီးအမွှမ်းတင်ကြရင်မကောင်း ဘူး လားလို့တွေးမိတယ်။ ဒါမှ တခြား နိုင်ငံကြီးရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်နိုင်မှာမဟုတ် ပါလား။

No comments: