ရှစ်လေးလုံး
ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား ကျင်းပရေး ဒုတိယအကြိမ်
အဖွဲ့ပေါင်းစုံ အစည်းအဝေးကို မေလ၊ ၃၀ ရက် မွန်းလွဲ ၂း၀၀ နာရီမှ ညနေ
၎း၀၀နာရီထိ ရန်ကုန်မြို့ရှိ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လ င်းလူ့အဖွဲ့အစည်း)ရုံး၌
ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် တက်ရောက်သူများက အောက်ပါအချက်များကို
သဘောတူဆုံးဖြတ်ခဲ့ကြသည်။ ၁။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ
ငွေရတုအခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီအား
၁၅ဦး ဖြင့်စတင်ဖွဲ့စည်း၍ လိုအပ်လျှင်
တိုးချဲ့ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြသည်။ ၂။ အခမ်းအနားဖြစ်မြောက်ရေး
ဆပ်ကော်မတီများအား အောက်ပါအတိုင်း ဖွဲ့စည်းရန်ဆုံးဖြတ်ခဲ့ကြသည်။
(၁) ဖိတ်ကြားရေး ဆပ်ကော်မတီ (၂) သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီ
(၃) ဧည့်ခံကြိုဆိုရေးနှင့် နေရာချထားရေး ဆပ်ကော်မတီ (၄)
လုံခြုံရေးနှင့် စည်းကမ်းထိမ်းသိမ်းရေး ဆပ်ကော်မတီ (၅) အခမ်းအနား
ပြင်ဆင်ရေး ဆပ်ကော်မတီ (၆) ရန်ပုံငွေ ရှာဖွေရေးနှင့် ဘဏ္ဍာရေး ဆပ်ကော်မတီ
(၇) အခမ်းအနားအစီအစဉ် ဖော်ဆောင်ရေး ဆပ်ကော်မတီ (၈)
နိုင်ငံတကာဆက်ဆံရေး ဆပ်ကော်မတီ (၉) မှတ်တမ်း၊ ပြခန်းနှင့် သုတေသန
ဆပ်ကော်မတီ (၁၀) ငွေရတုအထိမ်းအမှတ် ပုံနှိပ်ထုတ်ဝေရေး ဆပ်ကော်မတီ ၃။
တတိယအကြိမ် အဖွဲ့ပေါင်းစုံ အစည်းအဝေးအား ၂၀၁၃ခုနှစ်၊ ဇွန်လ (၁)ရက် (စနေနေ့)
နံနက်(၁၀)နာရီ၌ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
ရုံး၌ ပြန်လည်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့
ပထမအကြိမ်နှင့် ဒုတိယအကြိမ် အစည်းအဝေးသို့ မတက်ရောက်နိုင်ခဲ့ကြသူများလ ည်း တက်ရောက်နိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။




No comments:
Post a Comment