Wednesday, May 29, 2013

"ဃဋိကာရ "

*(မြတ်စွာဘုရားက ဘာဖြစ်လို့  "ဃဋိကာရ"ကိုစောင့်ရှောက်
ရတာလဲ)*

*သဒ္ဒါဆိုတာ ယုံကြည်တဲ့ စိတ်*
ရတနာ(၃)ပါး အပေါ်မှာ တကယ့်နှစ်နှစ်ခြိုက်ခြိုက်ကြည်ညိုသွားတာ။
ဘုရား...မဟုတ်ပါဘူးလို့  မပြောတော့ဘူး။
တရား...မဟုတ်ပါဘူးလို့  မပြောတော့ဘူး။
သံဃာ...မဟုတ်ပါဘူးလို့  မပြောတော့ဘူး။
(ဘုရား၊တရား၊သံဃာ) အပေါ်မှာ တည်နိုင်တဲ့ သတ္တိတွေ
ကိုယ့်မှာရှိနေပြီဆိုရင် ဘာမှပြောစရာမရှိတော့ပါဘူး။
လုံလောက်ပါပြီ။

*(ကိုယ့်မှာ ရှိတာ မရှိတာ အရေးမကြီးပါဘူး။)*

"ဃဋိကာရ "က အိုးလုပ်တဲ့သူပါ။အိုးလုပ်ရောင်းပြီး မျက်မမြင် မိဘ(၂)ပါးကို လုပ်ကျွေးနေတာပါ။
အိုးရောင်းတာကလည်း လမ်းဆုံမှာ "တန်ဈေးကို ပေးခဲ့ပါဗျာ "ဟု အိုးတွေကို ချထားခဲ့ပြီး ညနေချိန် ကျမှ သွားသိမ်းပါတယ်။ ဒီမှာ
ဝယ်တဲ့သူများက ဆီလေးလည်း ထားပေးခဲ့တယ်။ဂျုံလေး ဘာလေးလည်း ချထားပေးခဲ့ တာလည်းရှိတာကိုး။
အဲဒါကို နည်းတယ်လည်း မပြောဘူး။ များတယ်လည်း
မပြောဘူး။ပေးတဲ့ဟာ လေးယူလာ။မနက်ဖြန် အဲဒီမှာပြန် သွားထား ။အေးချမ်းလိုက်တဲ့ လုပ်ငန်းလေးပါ ။
အဲဒီက ရတဲ့ဟာလေးနဲ့ မြတ်စွာ ဘုရားကိုလည်း "တစ်ဝါတွင်းလုံး ဆွမ်းကပ်နိုင်သတဲ့ "ဗျာ။
*(သာသနာတော်နှင့် ရင်းနှီးကျွမ်းဝင် တယ်ဆိုတာ အင်မတန် ကောင်းတဲ့ အလုပ်တွေကိုးကွဲ့ )*
ဘုရားကလည်း သူ့ တပည့်ကို တအားကြီး ချီးမြောက် တာပါဘဲ့။
တစ်နေ့ တော့ "ဃဋိကာရ" ဟာ ဘုရားရှင်ကို ကပ်ဖို့ မုန့်  တွေ လုပ်ထားခဲ့ပါတယ်။ပြီးတော့ အိုးလုပ်ဖို့ မြေကြီးတွေ သွားယူနေတုန်းမှာ မြတ်စွာဘုရားရှင်က ကြွလာတယ်။
ဒီမှာ မျက်မမြင်မိဘ(၂)ပါးက မြတ်စွာဘုရားကြွလာတယ်
ဆိုတော့ သားလေးက မုန့် တွေ လုပ်ထားခဲ့ပါတယ် တပည့်တော်တို့  က မမြင်ရတော့ဘယ်နား ထားမှန်းလည်းမသိပါဘူးဆိုတော့ မြတ်စွာဘုရားနှင့်သံဃာတော်များက တစ်ခါတည်း ခုံတွေချ၊ပန်ကန်တွေရှာ မုန့် တွေ ထည့်ကာ ဘုန်းပေးတော်မှုခဲ့ပါတယ်။ တစက်လေးမျှတောင် မထားဘူးတဲ့ အကုန်လုံးဘုန်းပေး သွားတာဗျာ့။ "ဃဋိကာရ" ပြန်လာတဲ့အခါ မိဘ(၂)ပါး ကို မေးသတဲ့။
မုန့် တွေဘယ်ရောက် ကုန်ပြီလဲပေါ့။ မြတ်စွာဘုရား ဘုန်းပေးသွားတယ် ဆိုတော့
အိုး...........ဝမ်းသာလိုက်တာ...ဝမ်းသာလိုက်တာ ။
ဝမ်းသာပီတိ ဖြစ်ပြီးတော့ (၁၅)ရက်တောင် ထမင်းမစားဘဲ
နေတာ။ သူ့ မိဘတွေကလည်း သူ့  လိုဘဲ့ ဝမ်းသာပြီး ထမင်းမစားဘဲ(၇) ရက်လောက်နေနိုင် သတဲ့ဗျာ။
ဒီလောက် တရားဓာတ်အခံ ကောင်းကြတဲ့သူတွေကိုး ။
မြတ်စွာဘုရားက ဘာဖြစ်လို့  ဃဋိကာရ ကို စောင့်ရှောက်
ရတာလဲ။ကဲ ဆွမ်းလဲ မကပ်ဘဲနှင့် ဘယ်ဖြစ်လို့  မြတ်စွာဘုရားက ယူစားသွားသလဲဆိုရင် "အင်မတန်မှ စင်ကြယ်တဲ့ ပစ္စည်း တွေကိုး".... သူ အိုးလုပ်ဖို့  မြေကြီးတွေကလည်း လျှောက်တူးပြီးတော့ ယူတာမဟုတ်ဘူးကွဲ့ ။
ကြွက်ယက်ထားတဲ့ မလိုတော့တဲ့ မြေကြီးတွေကို ယူပြီးတော့မှ အိုးလုပ်တာဗျာ့။အိုးလုပ်ပြီး ရတဲ့ သူ့  ပစ္စည်းကလည်း တအားကြီးဘဲ့ စင်ကြယ်နေတာတဲ့။
ပြီးတော့ သူက သောတာပန် ၊သကဒါဂါမ်၊ အနာဂါမ် ဖြစ်ပြီးသားတဲ့။ သြော် ဒါ့ကြောင့် မြတ်စွာဘုရားကလည်း ကပ်လည်းမကပ် ဘယ်သူမှ ဘာမှ မလုပ်ပေးဘဲ့နှင့် သူ့  ဟာသူ ဘုန်းပေးတော်မှုသွားတာဟာ သူ့  ပစ္စည်းက အင်မတန် စင်ကြယ်တာကိုး။ သူကလည်း(၁၅)ရက်၊
တစ်လခွဲ နီးပါး ထမင်းမစားဘဲ့ ဘာကြောင့် နေနိုင်တာလဲ
ဆိုရင် ပီတိ ကြောင့်ပါ။အဲဒီ ပီတီ ဆိုတဲ့ အရာက ဗြဟ္မာ
တွေ စားပြီးနေတာဗျာ့။ ဗြဟ္မာတွေက တခြားဟာတွေ စားပြီး နေတာ မဟုတ်ဘူး အဲဒီ ပီတိစားပြီး နေတာပါ။
(သက်တော်(၉၉)နှစ်ရှိပြီ ဖြစ်တဲ့ ဘုန်းဘုန်း၏ဆုံးမစကား
မှ ကောက်နှုတ် ပူဇော်ပါသည်။)

No comments: