“ မြန်မာနိုင်ငံသားဖြစ်ခွင့်နှင့် ပတ်သက်၍ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဖြေကြားချက် ”
============================== =
“ ကမ္ဘာ့ဟင်းလေးအိုးကြီးလို့ခေါ်တဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့
ယဉ်ကျေးမှုတွေအကုန်လုံး ရောကျိုချက်ပြီး အရသာရှိရှိစား
နေတဲ့ အမေရိကန်နိုင်ငံပြည်ထောင်စုတောင်မှ ဟိုဘက်
မက္ကဆီကိုနယ်စပ်မှာ ဘာကြီးနဲ့ကာထားလဲဆိုတာ အားလုံး
သိပါတယ်။
ဆိုလိုတာက ဒီလောက်ပွင့်လင်းပြီး၊ ဒီလောက်လွတ်လပ်တယ်
ဆိုတဲ့တိုင်းပြည်မှာတောင်မှ သူ့နိုင်ငံသားဖြစ်မှုကို အတိုင်း
အတာသတ်မှတ်ပြီးတော့၊ စီစစ်ပြီးတော့မှလက်ခံရပါတယ်။
- ဒီမှာ ဘယ်လောက်နေပြီးသားဖြစ်ရမယ်။
- ဘာသာစကားကအစ ဒီကဘာသာစကားကို
တက်မြောက်ရမယ်။
ကျွန်တော်တို့တိုင်းပြည်ထဲမှာ ကျွန်တော်တို့တိုင်းပြည်ရဲ့ ၁၃၅-မျိုးသော
ဘာသာစကားကို တစ်ခုမှမတတ်ပဲနဲ့၊ သူ့ဘာသာသူပြောနေတဲ့၊
သူ့ဘာသာတစ်ခုပဲတတ်တဲ့ လူမျိုးတွေအများကြီးရှိပါတယ်။နိုင်ငံသား
ဆိုပြီးတော့လည်းဖြစ်နေတယ်။ ပြီးခဲ့တဲ့ အမှောင်ခေတ်တစ်လျောက်
လုံးမှာလည်း အဲဒီလူဝင်မှုကြီးကြပ်ရေးရဲ့အကျင့်ပျက်မှုတွေကြောင့်
လူတစ်ယောက်တည်းကနေ ကဒ်-၂ကဒ်၊ ၃ ကဒ်ကိုင်ထားတဲ့သူတွေ
ရှိနေတယ်။
ဆိုတော့ နိုင်ငံသားဖြစ်မှုဆိုတဲ့ကိစ္စဟာ ပေါ့ပေါ့တန်တန်ပြီးစလွယ်
မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ အကျအနစီစစ်ဖို့လိုပါတယ်။
ဘယ်ကတည်းက စပြီးတော့ နေခဲ့တာလဲ။ မနေ့တစ်နေ့ကမှ
ခိုးဝင်လာပြီး ပိုက်ဆံပေးပြီးတော့မှ နိုင်ငံသား ခပ်တည်တည်
နဲ့ဖြစ်နေတာလား။ဘိုးဘွားလက်ထက်က တည်းက နေလာပြီးတော့
ဒီမြေ၊ ဒီရေပေါ်မှာ အေးအတူပူအမျှ တကယ်နေလာခဲ့တာလား
အဲဒီအချက်က အရေးကြီးပါတယ်။
အထူးသဖြင့် တိုက်တိုက်ဆိုင်ဆိုင်..အဲဒီမိတ္ထီလာမှာ တစ်ယောက်က
ထပြီး စပြီးတော့ ကျွန်တော့်ကိုမေးပါတယ်။မိတ္ထီလာကိစ္စတွေ
မဖြစ်ခင်မှာ အဲဒီလိုပဲ အိန္ဒိယဘက်က၊... အိန္ဒိယဖြစ်ရင်ဖြစ်မယ်၊
ပါကစ္စတန်ဖြစ်ရင်ဖြစ်မယ်၊ ဘင်္ဂလားဒေ့ရှ်က ဖြစ်ရင်ဖြစ်မယ် ပေါ့ဗျာ။
အဲဒီက သွေးရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်က ပြောပါတယ်။
“ သူတို့ဟာ အနှိမ်ခံရပါတယ်တဲ့။ နိုင်ငံသားဖြစ်ပါလျက်နဲ့ နိုင်ငံ
သားချင်းတန်းတူအခွင့်အရေးမရဘဲနဲ့  နှိမ်ချခံရတယ်၊ခွဲခြားဆက်ဆံ
ခံရပါတယ်။အဲဒါတွေဟာ တရားမျှတမှုရှိပါသလား။ ကျွန်တော်
တို့က ဘယ်လိုသဘောထားပါသလဲ စသည်ဖြင့် မေးပါတယ်။
ကောင်းပါပြီ....
တစ်အချက် - နိုင်ငံသားဖြစ်တယ်ဆိုတာ သေချာပါသလား။
ဗမာစကားပြောတတ်ရုံနဲ့(ဒီက တိုင်းရင်းသားဘာသာစကား
တစ်ခုခုပြောတတ်ရုံနဲ့ ) နိုင်ငံသားစစ်စစ်မဖြစ်သေးပါဘူး။
ကျွန်တော်တို့ဆီမှာ အားလုံးသဘောကျသည်ဖြစ်စေ၊မကျသည်
ဖြစ်စေပေါ့ နိုင်ငံသားဥပဒေတစ်ခုရှိတယ်။ အဲဒါဟာလည်း
လိုအပ်ချက်အရ...(ကျွန်တော်တို့ ဒီလောက်ဗျာ.. သန်းထောင်
နဲ့ချီတဲ့ ပြည်ကြီးနှစ်ခုကြားထဲမှာ ညပ်ပြီးတော့) ရှင်သန်
အောင်ကြိုးစားနေရသူတွေအဖို့ နိုင်ငံသားဥပဒေဟာရှိဖို့လိုပါတယ်။
အဲဒီဟာကိုသာ ဒီထက်ကောင်းအောင် ၀ိုင်းထပ်ပြီးတော့စဉ်စား
ဖို့ရှိတာပေါ့။
အဲဒီလောလောဆယ်မှာတော့နိုင်ငံသား ဥပဒေအရ နိုင်ငံသား
ဖြစ်/ မဖြစ်..။ ဘိုးဘွားလက်ထက်ကတည်းကနေထိုင်လာပြီးတော့ 
နိုင်ငံသားစစ်စစ်ဖြစ်တယ်ဆိုရင် ကျွန်တော်ရဲရဲတင်းတင်း
အာမခံပါတယ်။နိုင်ငံသားအခွင့်အရေးကို အပြည့်ရသင့်တယ်လို့
ကျွန်တော်တို့ကိုယ်တိုင် ရပ်တည်ပေးမယ်။ သူ့အခွင့်အရေးအတွက်
ကျွန်တော်တို့ကိုယ်တိုင် တိုက်ပွဲဝင်ပေးမယ်။ သို့သော်....အဲဒီ
သို့သော်ရဲ့နောက်မှာ ပိုပြီးအရေးကြီးတဲ့အချက်ရှိပါတယ်။
“ အခွင့်အရေးလိုချင်ရင်၊ တာဝန်ယူမှုရှိရမယ်။ ”ဘယ်ကိစ္စမျိုး
မဆိုပါ။
ဒီမိုကရေစီလိုချင်ရင် ၊ ဒီမိုကရေစီအခွင့်အရေးလိုချင်ရင် တာဝန်
ယူမှုရှိရမှာဘဲ။ ဘာလဲ တာဝန်ယူမှုက။ ကိုယ်နိုင်သမျှ တတပ်
တအားနဲ့ဝင်ပြီးတော့ ၀င်ရောက်ရုန်းကန်လှုပ်ရှားကြဖို့ ပါ။ ရှေ့က
လှော်တဲ့သူက လှော်၊ပဲ့ကိုင်တဲ့သူက ကိုင်၊ ကြိုးနဲ့ဆွဲတဲ့သူက ဆွဲ၊
ရွက်လွှင့်တဲ့သူ လွှင့်။ ဒါလုပ်ကိုလုပ်ရမှာပါ။
အဲဒီတော့ ကျွန်တော်တို့ပြည်သူတွေက အခုပြောနေတဲ့ ဒီမိုကရေစီနဲ့
ပတ်သက်ပြီး နိုင်ငံသားအခွင့်အရေးတွေကို ဒါဟာ ဘာသာလူမျိုး
တစ်ခုတည်းမဟုတ်ဘူး။ ကျွန်တော်ဟာ မွန်လူမျိုးတစ်ယောက် ။
ဗမာတွေအတွက်ရော၊ပြည်ထောင်စုသားတိုင်း၊နိုင်ငံသားတိုင်းမှာ
ရသင့်တဲ့အခွင့်အရေး - လွတ်လပ်စွာဟောပြောစည်းရုံးခွင့် ၊ ပြောဆိုခွင့်
ဒါတွေကို ကျွန်တော်တို့ပြောတယ်။ ပြီးတဲ့အခါ တာဝန်ယူမှုပါတွဲတယ်။
အခွင့်အရေးနဲ့တာဝန်ယူမှုဟာ တွဲကိုတွဲရမယ်။ ကျွန်တော်အစဦးဆုံး
ကလည်း ပြောပြီးပါပြီ။ တာဝန်ယူမှုဆိုတဲ့နေရာမှာ ထပ်ပြီးတော့
တိကျစွာပြောပါဆိုရင်...
“ ဟောဒီနိုင်ငံသားအဖြစ်နဲ့ အခွင့်အရေးအပြည့် လိုချင်တယ်ဆိုရင်
ဟောဒီနိုင်ငံနဲ့ အခြားတိုင်းတစ်ပါးနိုင်ငံရဲ့အကျိုးစီပွား ယှဉ်လာပြီ
ဆိုရင်(သို့မဟုတ်) စစ်တိုက်ရတာမျိုးပဲဖြစ်ဖြစ်ပေါ့ ... ရင်ဆိုင်ရပြီဆိုရင်
ပြည်တွင်းကနေပြီးတော့ အဲဒီအပြင်နိုင်ငံတစ်ခုကို လက်ယပ်ခေါ်တဲ့
သူခိုးဓားရိုးကမ်းမဖြစ်ပဲနဲ့ ငါကိုယ်တိုင် ရှေ့ဆုံးက ရင်ကော့ပြီး
တိုက်မယ်ဆိုတဲ့သစ္စာရှိမှုမျိုးရှိဖို့လိုပါတယ်။ အဲဒီလို သစ္စာရှိမှုမျိုးဆိုရင် -
ကျွန်တော်တို့ဟာ ခင်ဗျားတို့ကို အဲဒီ... နိုင်င်ငံသားစစ်စစ်ရဲ့ဘဝ
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာတွေအတွက် - ခင်ဗျားရှေ့ကနေ
တက်ပြီးတော့ ကျွန်တော်ရပ်ပါမယ့်လို့ ကတိပြုပါတယ်။
- ကိုမင်းကိုနိုင် -
(၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့အစည်း)
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ မြန်မာမိသားစုများနှင့်
တွေ့ဆုံပွဲတွင်နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်ပြီး မေးမြန်းမှုအား
ဖြေကြားချက်မှ
ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဖြေကြားချက် ”
==============================
“ ကမ္ဘာ့ဟင်းလေးအိုးကြီးလို့ခေါ်တဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့
ယဉ်ကျေးမှုတွေအကုန်လုံး ရောကျိုချက်ပြီး အရသာရှိရှိစား
နေတဲ့ အမေရိကန်နိုင်ငံပြည်ထောင်စုတောင
မက္ကဆီကိုနယ်စပ်မှာ ဘာကြီးနဲ့ကာထားလဲဆိုတာ အားလုံး
သိပါတယ်။
ဆိုလိုတာက ဒီလောက်ပွင့်လင်းပြီး၊ ဒီလောက်လွတ်လပ်တယ်
ဆိုတဲ့တိုင်းပြည်မှာတောင်မှ သူ့နိုင်ငံသားဖြစ်မှုကို အတိုင်း
အတာသတ်မှတ်ပြီးတော့၊ စီစစ်ပြီးတော့မှလက်ခံရပါတယ်။
- ဒီမှာ ဘယ်လောက်နေပြီးသားဖြစ်ရမယ်။
- ဘာသာစကားကအစ ဒီကဘာသာစကားကို
တက်မြောက်ရမယ်။
ကျွန်တော်တို့တိုင်းပြည်ထဲမှာ ကျွန်တော်တို့တိုင်းပြည်ရဲ့ ၁၃၅-မျိုးသော
ဘာသာစကားကို တစ်ခုမှမတတ်ပဲနဲ့၊ သူ့ဘာသာသူပြောနေတဲ့၊
သူ့ဘာသာတစ်ခုပဲတတ်တဲ့ လူမျိုးတွေအများကြီးရှိပါတယ်။နု
ဆိုပြီးတော့လည်းဖြစ်နေတယ်။ ပြီးခဲ့တဲ့ အမှောင်ခေတ်တစ်လျောက်
လုံးမှာလည်း အဲဒီလူဝင်မှုကြီးကြပ်ရေးရဲ့အကျင
လူတစ်ယောက်တည်းကနေ ကဒ်-၂ကဒ်၊ ၃ ကဒ်ကိုင်ထားတဲ့သူတွေ
ရှိနေတယ်။
ဆိုတော့ နိုင်ငံသားဖြစ်မှုဆိုတဲ့ကိစ္စဟာ ပေါ့ပေါ့တန်တန်ပြီးစလွယ်
မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ အကျအနစီစစ်ဖို့လိုပါတယ်။
ဘယ်ကတည်းက စပြီးတော့ နေခဲ့တာလဲ။ မနေ့တစ်နေ့ကမှ
ခိုးဝင်လာပြီး ပိုက်ဆံပေးပြီးတော့မှ နိုင်ငံသား ခပ်တည်တည်
နဲ့ဖြစ်နေတာလား။ဘိုးဘွားလက်ထက်က
ဒီမြေ၊ ဒီရေပေါ်မှာ အေးအတူပူအမျှ တကယ်နေလာခဲ့တာလား
အဲဒီအချက်က အရေးကြီးပါတယ်။
အထူးသဖြင့် တိုက်တိုက်ဆိုင်ဆိုင်..အဲဒီမိတ္ထ
ထပြီး စပြီးတော့ ကျွန်တော့်ကိုမေးပါတယ်။မိတ္ထီလာက
မဖြစ်ခင်မှာ အဲဒီလိုပဲ အိန္ဒိယဘက်က၊... အိန္ဒိယဖြစ်ရင်ဖြစ်မယ်၊
ပါကစ္စတန်ဖြစ်ရင်ဖြစ်မယ်၊ ဘင်္ဂလားဒေ့ရှ်က ဖြစ်ရင်ဖြစ်မယ် ပေါ့ဗျာ။
အဲဒီက သွေးရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်က ပြောပါတယ်။
“ သူတို့ဟာ အနှိမ်ခံရပါတယ်တဲ့။ နိုင်ငံသားဖြစ်ပါလျက်နဲ့ နိုင်ငံ
သားချင်းတန်းတူအခွင့်အရေးမရဘဲနဲ
ခံရပါတယ်။အဲဒါတွေဟာ တရားမျှတမှုရှိပါသလား။ ကျွန်တော်
တို့က ဘယ်လိုသဘောထားပါသလဲ စသည်ဖြင့် မေးပါတယ်။
ကောင်းပါပြီ....
တစ်အချက် - နိုင်ငံသားဖြစ်တယ်ဆိုတာ သေချာပါသလား။
ဗမာစကားပြောတတ်ရုံနဲ့(ဒီက တိုင်းရင်းသားဘာသာစကား
တစ်ခုခုပြောတတ်ရုံနဲ့ ) နိုင်ငံသားစစ်စစ်မဖြစ်သေးပါဘူး။
ကျွန်တော်တို့ဆီမှာ အားလုံးသဘောကျသည်ဖြစ်စေ၊မကျသည်
ဖြစ်စေပေါ့ နိုင်ငံသားဥပဒေတစ်ခုရှိတယ်။ အဲဒါဟာလည်း
လိုအပ်ချက်အရ...(ကျွန်တော်တို့ ဒီလောက်ဗျာ.. သန်းထောင်
နဲ့ချီတဲ့ ပြည်ကြီးနှစ်ခုကြားထဲမှာ ညပ်ပြီးတော့) ရှင်သန်
အောင်ကြိုးစားနေရသူတွေအဖို့ နိုင်ငံသားဥပဒေဟာရှိဖို့လိုပါတယ
အဲဒီဟာကိုသာ ဒီထက်ကောင်းအောင် ၀ိုင်းထပ်ပြီးတော့စဉ်စား
ဖို့ရှိတာပေါ့။
အဲဒီလောလောဆယ်မှာတော့နိုင်ငံသား
ဖြစ်/
နိုင်ငံသားစစ်စစ်ဖြစ်တယ်ဆိုရင် ကျွန်တော်ရဲရဲတင်းတင်း
အာမခံပါတယ်။နိုင်ငံသားအခွင့်အရေ
ကျွန်တော်တို့ကိုယ်တိုင် ရပ်တည်ပေးမယ်။ သူ့အခွင့်အရေးအတွက်
ကျွန်တော်တို့ကိုယ်တိုင် တိုက်ပွဲဝင်ပေးမယ်။ သို့သော်....အဲဒီ
သို့သော်ရဲ့နောက်မှာ ပိုပြီးအရေးကြီးတဲ့အချက်ရှိပါတယ
“ အခွင့်အရေးလိုချင်ရင်၊ တာဝန်ယူမှုရှိရမယ်။ ”ဘယ်ကိစ္စမျိုး
မဆိုပါ။
ဒီမိုကရေစီလိုချင်ရင် ၊ ဒီမိုကရေစီအခွင့်အရေးလိုချင်ရင်
ယူမှုရှိရမှာဘဲ။ ဘာလဲ တာဝန်ယူမှုက။ ကိုယ်နိုင်သမျှ တတပ်
တအားနဲ့ဝင်ပြီးတော့ ၀င်ရောက်ရုန်းကန်လှုပ်ရှားကြဖို့
လှော်တဲ့သူက လှော်၊ပဲ့ကိုင်တဲ့သူက ကိုင်၊ ကြိုးနဲ့ဆွဲတဲ့သူက ဆွဲ၊
ရွက်လွှင့်တဲ့သူ လွှင့်။ ဒါလုပ်ကိုလုပ်ရမှာပါ။
အဲဒီတော့ ကျွန်တော်တို့ပြည်သူတွေက အခုပြောနေတဲ့ ဒီမိုကရေစီနဲ့
ပတ်သက်ပြီး နိုင်ငံသားအခွင့်အရေးတွေကို ဒါဟာ ဘာသာလူမျိုး
တစ်ခုတည်းမဟုတ်ဘူး။ ကျွန်တော်ဟာ မွန်လူမျိုးတစ်ယောက် ။
ဗမာတွေအတွက်ရော၊ပြည်ထောင်စုသားတ
ရသင့်တဲ့အခွင့်အရေး - လွတ်လပ်စွာဟောပြောစည်းရုံးခွင့်
ဒါတွေကို ကျွန်တော်တို့ပြောတယ်။ ပြီးတဲ့အခါ တာဝန်ယူမှုပါတွဲတယ်။
အခွင့်အရေးနဲ့တာဝန်ယူမှုဟာ တွဲကိုတွဲရမယ်။ ကျွန်တော်အစဦးဆုံး
ကလည်း ပြောပြီးပါပြီ။ တာဝန်ယူမှုဆိုတဲ့နေရာမှာ ထပ်ပြီးတော့
တိကျစွာပြောပါဆိုရင်...
“ ဟောဒီနိုင်ငံသားအဖြစ်နဲ့ အခွင့်အရေးအပြည့် လိုချင်တယ်ဆိုရင်
ဟောဒီနိုင်ငံနဲ့ အခြားတိုင်းတစ်ပါးနိုင်ငံရဲ့အကျ
ဆိုရင်(သို့မဟုတ်) စစ်တိုက်ရတာမျိုးပဲဖြစ်ဖြစ်ပေါ့
ပြည်တွင်းကနေပြီးတော့ အဲဒီအပြင်နိုင်ငံတစ်ခုကို လက်ယပ်ခေါ်တဲ့
သူခိုးဓားရိုးကမ်းမဖြစ်ပဲနဲ့ ငါကိုယ်တိုင် ရှေ့ဆုံးက ရင်ကော့ပြီး
တိုက်မယ်ဆိုတဲ့သစ္စာရှိမှုမျိုးရှ
ကျွန်တော်တို့ဟာ ခင်ဗျားတို့ကို အဲဒီ... နိုင်င်ငံသားစစ်စစ်ရဲ့ဘဝ
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာတွေအတွက် - ခင်ဗျားရှေ့ကနေ
တက်ပြီးတော့ ကျွန်တော်ရပ်ပါမယ့်လို့ ကတိပြုပါတယ်။
- ကိုမင်းကိုနိုင် -
(၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ မြန်မာမိသားစုများနှင့်
တွေ့ဆုံပွဲတွင်နိုင်ငံသားဖြစ်မှ
ဖြေကြားချက်မှ
No comments:
Post a Comment