Thursday, May 30, 2013

ဘင်္ဂလီထံမှ ဟင်းသီးဟင်းရွက် ဝယ်ယူ စားသုံးမှု ပပျောက်ရေး

ပဋိပက္ခများဖြစ်ပွားပြီး နောက်ပိုင်း ဘင်္ဂါလီ ကုလားများထံမှ ဟင်းသီးဟင်းရွက်များကို ၀ယ်ယူစားသောက်မှု မရှိတော့သဖြင့် ကိုယ့်အားကိုကိုး စနစ်ကို အကောင်အထည်ဖော်ရန် ဆွေးနွေးပွဲ တစ်ရပ်ကို မနေ့က ၀ံလက်ဖောင်ဒေးရှင်း ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

ပဋိပက္ခကြောင့် စစ်တွေမြို့ဈေးတွင် ဟင်းသီးဟင်းရွက်များရှားပါးလာမှု၊ ဘင်္ဂလီ ကုလားတို့ထံမှ လာရောက်ရောင်းချသော ဟင်းသီးဟင်းရွက်များကို ဝယ်ယူစားသောက်မှုမပြုကြတော့သဖြင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ဆောင်ရန်လိုအပ်လာသည့်အပြင် လယ်ယာမြေမဲ့ ရခိုင် လုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်အခြေခံပြီး စိုက်ပျိုးမြေ ဧက ၅၀ ခန့်ကို ငှားရမ်းခဲ့ပါသည်။

တချို့စိုက်ပျိုးရေးလုပ်သားများကို မြေကို အခမဲ့ငှားရမ်းပေးခြင်း၊ တချို့ကို စိုက်ပျိုးစရိတ် အတိုးမဲ့ချေးငွေ ထုတ်ပေးခြင်းများပြုလုပ်ခဲ့သည်။

ယခုအခါ စပါးစိုက်ပျိုးရန်အတွက်လယ်မြေ ထွန်ယက်ပြင်ဆင်မှုများပြုလုပ်ရန် လိုအပ်သောကြောင့် ယနေ့ညနေ ၂နာရီ အချိန်တွင် စစ်တွေမြို့နယ် လယ်ယာစိုက်ပျိုးရေး မန်နေဂျာက ဝံလက်ဖောင်ဒေးရှင်း ရုံးခန်းသို့လာရောက်ပြီး စိုက်ပျိုးရန်လိုအပ်သော အထောက်အကူပြု ပစ္စည်းများ အခမဲ့ငှားရမ်းရန် စိုက်ပျိုးရေးလုပ်သားများနှင့်တွေ့ဆုံပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။

မြေဧက ၅၀ ထဲမှ ၂၅ ဧက ကို မိုးစပါးစိုက်ပျိုးမည်ဖြစ်ပြီး၊ ကျန် ၂၅ ဧက ခန့်ကို ဟင်းသီးဟင်းရွက်များ စိုက်ပျိုးမည်ဟု ဆွေးနွေးခဲ့ကြပါသည်။ ညနေ ၄:၃၀ အချိန်တွင် ဆွေးနွေးပွဲကို ရပ်နားခဲ့သည်။

သတင်းရင်းမြစ် - ၀ံလက်ဖောင်ဒေးရှင်း

No comments: