မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
လားရှိုးမြို့ နောက်ဆုံးအခြေအနေ
လားရှိုးမြို့
နောက်ဆုံးအခြေအနေကို ယနေ့ည ၉း၃၀ နာရီ နှင့် နောက်ပိုင်း ၉း၄၅ အထိ
လားရှိုးမြို့ခံများကို ဆက်သွယ်မေးမြန်းရသမျှမှာ လားရှိုးမြို့ကို
စစ်တပ်နှင့် ရဲ တို့မှ အခြေအနေတည်ငြိမ်စေရန်
ထိန်းသိမ်းနေပြီဖြစ်ကြောင်းနှင့်
ယခု အချိန်အထိ ပလီတစ်လုံး နှင့် အစ္စလမ် စာသင်ကျောင်း တစ်ခု
မီးလောင်ပျက်စီး၊ ဆိုင်ခန်း ၄ - ၅ခန်းခန့် မီးလောင်ဆဲ ၊ (အမျိုးသမီး
မီးရှို့ခံရပြီးနောက်) လူသူထိခိုက်မှု မရှိသေး ဟု သိရပါသည်။ ယခု ၉း ၅၀
နာရီအထိ မီးများလောင်ဆဲဟုလဲ သိရပါသည်။Ant Bwe Kyaw
29 minutes ago
လားရှိုးမြို့မှ ယနေ့ည ၁၀း၃၀ နာရီ အထိ ရရှိသည့် သတင်းများအရ
လားရှိုးမြို့ပေါ်တွင် အခြေအနေအနေတည်ငြိမ်နိုင်စေရန် စစ်တပ်နှင့် ရဲတို့က
ထိန်းသိမ်းနေသော်လည်း ယခု ည ၁၀း ၃၀ တွင် လုံခြုံရေး အလှမ်းဝေးသည့်
လားရှိုးမြို့၊ ရပ်ကွက် အမှတ် ၉ တွင် လူအင်အား ၂၀၀ ခန့်က အိမ်များကို
ရိုက်နှက်ဖျက်စီးနေကြောင်း ကြားသိရပါသည်။ အိမ် ၃ အိမ် ပျက်စီးပြီး
ဆက်လက်ဖျက်စီးနေကြဆဲ ဟု ယနေ့ ည ၁၀း ၃၀ နာရီတွင် လားရှိုးမြို့မှ ဖုန်းသတင်း
ကြားသိရပါသည်။Ant Bwe Kyaw
7 minutes ago
လားရှိုးမြို့နှင့်
ယခု ၁၀း ၅၀ နာရီဆက်သွယ် ရရှိမှုအရ နယ်မြေ ၂၊ ရပ်ကွက် ၉ သို့ စစ်တပ်နှင့်
ရဲကားများ ရောက်ရှိလာပြီးနောက် ဖျက်ဆီးလှုပ်ရှားသူများ ရှောင်ထွက်သွားပြီး
အခြေအနေအေးချမ်းစပြုဟန်ရှိသည်ဟု သိရပါသည်။
No comments:
Post a Comment