Wednesday, May 29, 2013

မင်းလာမယ်ဆိုတာ ငါသိတယ်

တခါတုန်းက စစ်သားတစ်ယောက်ဟာ စစ်မြေပြင်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတဲ့ ရဲဘော်သူငယ်ချင်းကို စစ်မြေပြင်မှ ထမ်းပိုးသယ်ဆောင်သွားဖို့ ကြိုးစားခဲ့တယ်။ အဲဒီ့အချိန်မှာ
ဗိုလ်ကြီးဖြစ်သူက လှမ်းအော်ပြီး တားတယ်။
“ သူ့ကိုမင်း သွားသယ်လည်း အလကားပဲ... သူ အဲဒီဒဏ်ရာနဲ့ သေမှာပဲ... ”
ဒါပေမဲ့ အဲဒီ့စစ်သားက ကျည်ဆန်မိုးတွေရွာနေတဲ့ကြားက တဟုန်ထိုးပြေးသွားပြီး ဒဏ်ရာရ ရဲဘော်ကို စွန့်စွန့်စားစား ထမ်းပိုးသယ်ဆောင်လာခဲ့တယ်။
လှုပ်ရှားမှုတစ်စုံတစ်ရာမှ မရှိတော့တဲ့ ဒဏ်ရာရရဲဘော်ကို ဗိုလ်ကြီးကမြင်တော့ သူ့စကားနားမထောင်တဲ့ စစ်သားကို ဆူပါတယ်။
“ ငါမင်းကို ပြောတယ်... သူ့ကို သွားကယ်တာ မတန်ဘူးလို့...သူသေသွားပြီ.....အသက်မရှိတော့ဘူး ”
စစ်သားက စိုစွတ်နေတဲ့ မျက်လုံးများနဲ့ ပြန်ပြောပါတယ်။
“ မဟုတ်ဘူး ဗိုလ်ကြီး... ဒါဟာ တကယ်ကိုတန်ပါတယ်.. သူ့ဆီကို ကျနော် ရောက်တော့ သူက နောက်ဆုံးစကားကို ပြုံးပြီးပြောသွားပါတယ်..မင်းလာမယ်ဆိုတာ ငါသိတယ်တဲ့.."

ရှားပါးထိုက်တန်ပြီး ယုံကြည်ထိုက်တဲ့ မိတ်ဆွေစစ် မိတ်ဆွေမှန်တွေဟာ သူတို့ကို သင်အလိုအပ်ဆုံးအချိန်တွေတိုင်း အမြဲတမ်းရောက်လာစမြဲပါ..။
ဒီဖြစ်ရပ်လေးက သင့်ရင်ကိုထိရှစေတယ်လို့ ဝန်ခံရင် သင့်ရဲ့ ရဲဘော်ရဲဘက်မိတ်ဆွေတွေဆီ မျှဝေပေးလိုက်ပါ။

စူးရှနေ

( Friendship Story ကို မျှဝေခံစား ဘာသာပြန်ဆိုသည်။ )

Suesha Nay

No comments: