Tuesday, May 28, 2013

လက်နက်ခဲယမ်းများစိမ့်ဝင်လာမှုမှာပြည်သူများသတိထားစရာ

ယနေ့  မေလ ၂၇ရက် ည ၈နာရီ မြန်မာ့ရုပ်သံနှင့် မြ၀တီ သတင်းတစ်ရပ်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန်းနီမြို့နယ်၊ နား ဆော့ကျေးရွာအတွင်း မသင်္ကာ ဖွယ်ယာဉ်တစ်စီးကို လုံခြုံရေး တပ်ဖွဲ့ဝင်များ ရပ်တန့်ခိုင်းသည်။ ရပ်မပေးဘဲ တိုးဂိတ်မောင်းတံကို အတင်းတိုက်ပြေးမောင်းနှင်သွား ခဲ့ကြောင်း၊ အဆိုပါယာဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်လံ ပိတ်ဆို့ရှာဖွေရာ နားဆော့ကျေး ရွာဘုန်းကြီးကျောင်းရှေ့၌ အဆို ပါယာဉ်ကို တွေ့ရှိသော်လည်း ယာဉ်ပေါ်တွင် လူတစ်ဦးတစ် ယောက်မှမတွေ့တော့ဘဲ လက် နက်ခဲယမ်းများကို သိမ်းဆည်းရမိ ခဲ့ကြောင်း စိုးရိမ်မကင်းဖွယ်ကြား သိရသည်။ ဖမ်းဆီးရရှိသည့် လက်နက်ခဲယမ်းများမှာ-
(၁) အမ် ၂၂မောင်းပြန်ရိုင်ဖယ် (ခေါက်ဒင်ပါ) ၁၁လက်
(၂) ၎င်းရိုင်ဖယ် (ခေါက်ဒင်မပါ) ၃လက်
(၃) ၄၀မီလီမီတာ ဒုံးပစ်လောင် ချာ ၃ လက်၊
(၄) အမ်-၁၆ ချေမှုန်းရေးရိုင် ဖယ် ၄လက်၊
(၅) ၎င်းကျည် (၅.၅၆ မမ) ၂၅၅၉တောင့်၊
(၆) ၉ မမ ပစ္စတို ၁ လက်၊
(၇) ၎င်းကျည်အတောင့် ၅၀၊
(၈) ကျည်အိမ်မျိုးစုံ ၆ ခုကို သိမ်းဆည်းရမိသည်။
ဆက်လက်ရှာဖွေဖော်ထုတ် မှုအရ နားဆော့ဘုန်းကြီးကျောင်း ၏ခြံစည်းရိုး အပြင်ဘက်တွင် အမ်-၂၂မောင်းပြန်ရိုင်ဖယ် ၁၀ လက်နှင့် ၎င်းသေနတ်ကျည် အတောင့် ၁၃၀တို့ကို ထပ်မံ သိမ်း ဆည်းရမိသဖြင့် စုစုပေါင်း လက် နက်မျိုးစုံ၃၂လက်နှင့် ကျည်မျိုးစုံ ၂၇၃၉တောင့် ဖြစ်သည်။
အလားတူ မေလ ၂၀ရက် နေ့ ညနေ ၄ နာရီခန့်ကလည်း ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးအရှေ့ရပ်ကွက် ဗိုလ်သူရ လမ်းနှင့် ပိတောက်ပင်လမ်းတွင် သန့်ရှင်းရေးဆောင်ရွက်နေသော မြို့နယ်စည်ပင်မှ သန့်ရှင်းရေး အလုပ်သမ မသင်းမြတ်စိုးသည် သန့်ရှင်းရေးပြုလုပ်နေစဉ် အမှိုက် ပုံးအတွင်းမှ ပလပ်စတစ်အိပ်ဖြင့် ထုတ်ပိုးထားသော စတီးလ် ပစ္စတို ၁လက်၊ အမ်-၁၆ (၅.၅၆ မမ)ကျည် ၁၁ တောင့်၊ ၉မီလီ မီတာ ပစ္စတိုကျည်ဆံ ၂၂တောင့်၊ ဒသမ ၃၈ လက်မ(point 38) ခြောက်လုံးပြူးကျည်ဆံ ၁၃ တောင့်တို့ကို တွေ့ရှိပြီး တာဝန်ရှိ သူများအားသွားရောက် သတင်း ပို့အပ်နှံခဲ့ကြောင်း သိရသည်။ အဆိုပါလက်နက်ခဲယမ်းများမှာ အသင့်ပစ်ခတ်တိုက်ပွဲဝင်နိုင်သည့် ခဲယမ်း (Live rounds of ammunition)များ ဖြစ်ကြောင်း မေလ ၂၂ရက်ထုတ် နိုင်ငံပိုင်သတင်းစာ များတွင် ဖတ်ရှုရသည်။
သို့ပါ၍ အဆိုပါ လက်နက် ခဲယမ်းများမှာ အများပြည်သူတို့ အားဒုက္ခရောက်စေသဖြင့် လက် နက်ခဲယမ်း စိမ့်ဝင်ထိုးဖောက်မှု များအား မရှိစေရန် လုံခြုံရေး တပ်ဖွဲ့ဝင်များသာမက ပြည်သူ များပါသတိရှိရှိဖြင့် ပူးပေါင်းပါဝင် တားဆီးကာကွယ်ကြရမည်ဖြစ် သည်။

မောင်ကျော်
Hot News

No comments: