မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
စာရင်းမရှိ သမိုင်းမတွင်တဲ့ ကြံ့ ဖွတ်ပါတီနဲ့  အရူး ဖွတ်ဌေးဦး။
ကြံ့ ဖွတ် ဌေးဦးက ပြောတယ် - “ကြံ့ ဖွတ်ပါတီဟာ လက်ရှိပါတီစုံဒီမိုကရေစီစနစ်ရောက်အောင် နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့တဲ့ အနိုင်ရပါတီဖြစ်တယ်” လို့  ပြောဆိုခဲ့ပါတယ်။
ကြည့်ရတာ ဌေးဦး သမိုင်းမကြေသေးဖူးထင်ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာ
- အာဏာရှင်ကြီးနေ၀င်းရဲ့  တစ်ပါတီအာဏာရှင်စနစ်နဲ့  တိုင်းပြည်ကို
ဖိနှိပ်အုပ်ချူပ်နေတာ နှစ်ပေါင်း (၂၆) နှစ်ကျော်ရောက်ရှိလာချိန်
တိုင်းပြည်တစ်ပြည်လုံးလည်း ချွတ်ခြုံကျ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်း ၀င်ခဲ့ချိန် ပြည်သူလူထုက ရှစ်လေးလုံးအရေးတော်ပုံကြီးကို
ဆင်နွဲပြီး တစ်ပါတီအာဏာရှင်စနစ် အလိုမရှိ - တစ်ပါတီအာဏာရှင်စနစ် အလိုမရှိ -
တစ်ပါတီအာဏာရှင်စနစ် အလိုမရှိ ဆိုပြီး အုံးအုံးကျက်ကျက်
တခဲနက်တောင်းဆိုခဲ့ကြလို့  နောက်ဆုံး နေ၀င်းရဲ့  အုပ်ချူပ်မှုယန္တယားကြီး
ပြိုလဲကျခါနီး အခြေအနေမဟန်တော့တာကို သိတဲ့ နေ၀င်းက “တစ်ပါတီစနစ်နဲ့ 
ဆက်သွားမလား၊ ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းရင် ကောင်းမလား” ဆိုပြီး
မီးစာကုန်ခါနီး ဂယောက်ခြောက်ခြားနဲ့  အသက်ဆက်လို့  ရနိုး မျှော်ကိုးပြီး
ပြည်သူလူထုရဲ့  တောင်းဆိုချက်တွေအပေါ် လိုက်လျောပြတဲ့
နောက်ဆုံးနည်းလမ်းအနေနဲ့  ပြောဆိုခဲ့တာက စပြီး ဒီ
ပါတီစုံဒီမိုကရေစီစနစ်ဆိုပြီး ဖြစ်ပေါ်လာခဲ့တာပါ။ ပြည်သူလူထုက တစ်ပါတီအာဏာရှင်စနစ်အုပ်ချူပ်မှုကို ခါးသီးလွန်းလို့  ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ အတွက် ပါတီစုံဒီမိုကရေစီစနစ်ကို ရွေးချယ်ခဲ့ကြတာပါ။
ဒီ ၁၉၈၈ ခုနှစ်အချိန်ကာလမှာ ကြံ့ ဖွတ်ပါတီဆိုတာ အာဏာရှင်ပေါက်စတွေရဲ့ 
ဖင်ပေါက်ဝမှာတောင် မရှိသေးပါဖူး။ ကြံ့ ဖွတ်ပါတီမပြောနဲ့  တစညပါတီတောင်
မပေါ်ပေါက်သေးပါဖူး။
၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပတဲ့အခါကျမှ အာဏာရှင် စောမောင်တို့  သန်းရွှေတို့ ရဲ့  အာဏာရှင်ပါတီဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစညပါတီ) ဆိုပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး
အသံကောင်းဟတ်ကြွေးပြီး လက်တွေ့ မှာ အာဏာရှင်ပါတီဆိုတာ ပြည်သူတွေ
သဘောပေါက်သိရှိကြတဲ့ တစညပါတီ ပေါ်ပေါက်ခဲ့တာပါ။ ဒီတစည အာဏာရှင်ပါတီကို
ပြည်သူလူထုက မဲမပေးခဲ့ဘဲ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (National League for Democracy – NLD)
ကို မဲအပြတ်အသတ်ပေးခဲ့ကြလို့  အနိုင်ရပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ
့ချူပ် (National League for Democracy – NLD) ဆိုတာ ဌေးဦးတစ်ယောက်
ဂေါက်ကြောင်ပြီး မေ့နေတယ် ထင်ပါရဲ့ ။
စာရင်းမရှိ သမိုင်းမတွင်တဲ့ ကြံ့ ဖွတ်ပါတီကနေ လက်ရှိပါတီစုံဒီမိုကရေစီစနစ်ရောက်အောင်
နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့တဲ့ အနိုင်ရပါတီဖြစ်တယ်လို့  ပြောတာ
ရှက်ဖို့  အလွန်ကောင်းလှပါတယ်။ ၀ဲပေါက်နေတဲ့ ပါးစပ်ကနေ ပြောထွက်ပါပေတယ်။
ယနေ့  လက်ရှိဟာ ဖွဲ့ စည်းပုံအခြေခံဥပဒေအတု ပါတီစုံဒီမိုကရေစီစနစ်အတု
နိုင်ငံရေးပါတီအတု အရပ်သားအစိုးရအတု အတုတွေများလွန်းလို့  တုတဲ့နေရာမှာ
စံတင်တယ်ဆိုတဲ့ တရုတ်တောင် သိန်းစိန်တို့  ဌေးဦးတို့ အတုတွေကို မမှီလို့ 
သြချနေလေရဲ့ ။
No comments:
Post a Comment