Sunday, August 25, 2013

၁၀ နှစ်တာ ကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သက်ငယ် မုဒိမ်း ဖြစ်ပွားမှု

၁၀ နှစ်တာ ကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သက်ငယ် မုဒိမ်း ဖြစ်ပွားမှုမှာ နေပြည်တော်တွင် ၅၈ မှု၊ ကချင်ပြည်နယ်တွင် ၁၀၃ မှု၊ ကယားပြည်နယ်တွင် ၁၀ မှု၊ ကရင်ပြည်နယ် တွင် ၅၂ မှု၊ ချင်းပြည်နယ်တွင် ၁၆ မှု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၅၁ မှု၊ တနင်္သာရီတိုင်းဒေသကြီး တွင် ၉၄ မှု၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၃၂ မှု၊ မကွေးတိုင်းဒေသကြီးတွင် ၁၁၄ မှု၊ မန္တလေးတိုင်း ဒေသကြီးတွင် ၂၄၉ မှု၊ မွန်ပြည်နယ်တွင် ၁၀၀ မှု၊ ရခိုင်ပြည်နယ်တွင် ၉၀ မှု၊ ရန်ကုန်တိုင်းဒေသကြီး တွင် ၄၉၉ မှုနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၃၈၆ မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

မုဒိမ်းမှု ကျူးလွန်ခံရသည့် အသက်အရွယ်များမှာ
နှစ်နှစ်မှ ငါးနှစ်ထိ ၁၆၇ ဦး၊
ခြောက်နှစ်မှ ၁၀ နှစ် အထိ ၅၃၁ ဦး၊
၁၁ နှစ်မှ ၁၃ နှစ်အထိ ၇၃၇ ဦး၊
၁၄နှစ် အထက် ၈၆၇ ဦး

ကျူးလွန်သူများတွင်
အရပ်သား (သူစိမ်း) ၁၉၄၈ ဦး၊
ဝန်ထမ်း ၁၄ ဦး၊
တပ်မတော်သား ၂၉ ဦး၊
သံဃာ ၃၄ ဦး၊
ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊
ကျောင်းသား ၁၁ ဦး၊
ဖခင် ၈၅ ဦး၊
ပထွေး ၁၁၇ ဦးနှင့်
ဆွေမျိုး ၁၂၂ ဦးတို့ ဖြစ်ကာ အဆိုပါ ကျူးလွန်သူများထဲတွင် အသက် ၁၆ နှစ်အောက် ကလေးသူငယ် ၇၆ ဦး ပါဝင်ခဲ့ကြောင်း အဆိုပါ ရုံးမှတ်တမ်း များအရ ထပ်မံ သိရသည်။

Source : The Voice Weekly

No comments: