မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
  
 
 
 
          
        
          
        
သူများ ပါစပ့်ပြောမှာ ကိုယ့်သမိုင်း ကို မမြုပ့်နံလိုက်ပါနဲ့ ။
 
 သူငယ်ချင်း၊ 
 တော်လှန်ရေး၊ နိုင်ငံရေး မှာ
 ခွဲခြားမှု လုပ့်၊  ခွက်စောင်းခုတ် တွေ ကြောင့်
 မနာလို
 သဝန်တို
 ငါမှ ငါ ကွ
 သွေးနထင်ရောက်နေတဲ့
 ထိုထို ပုဂ္ဂိုလ်တွေကြောင့်.....မင်းပင်ပမ်း၊ စိတ်လေနေပြီလား?
 
 ရင်ထဲ၊
 အသဲထဲ၊
 နှလုံးသားထဲ၊ကထွက်ပေါ်
 ဖြူစင်၊ စိတ်ဓါတ်
 ရိုးသား၊ ပကတိ 
 စေတနာ မှန်၊ များစွာနဲ့ 
 ပြည်သူတွေအတွက်၊
 သစ္စာဆိုတဲ့အမှန်တရားအတွက်၊                                                                                   
 သရုပ့်ဆောင်  မဟုတ်၊
 အဟုတ်၊(လုပ်) ဆောင် ခဲ့ တဲ့ 
 မင်း ကိုငါ
 
 လေးစားသမှု့  နဲ့ ပန်ကြားချင်တာ
 
 နွမ်း လျှ ထွေ ပြား
 စိတ်မထားနဲ့ 
 ငါတို့ တိုက်ပွဲ၊ မပြီးသေး။
 
 လမ်းဆုံးရင်၊ ရွာတွေ့ 
 ငုပ့်နေတဲ့ အမှန်တရား
 တနေ့ နေ့ 
 တချိန်ချိန်မှာ  
 တစုံတခုသော အကြောင်းကြောင်းတွေကြောင့်ပေါ်လာကြရစမြဲပါဘဲ့။
 
 ဘာတွေ 
 ဘယ်လောက်
 ဘယ်သူ့ အကျိုး
 ဘယ်လို ပိုးလို့ 
 ဘာတွေပြောပြော
 ပြောဆို သတ်မှတ်
 ဝန်းကျင် မြတ်က
 ကာယကံရှင် မင်း ထက်(ကို)
 ပိုသိနိုင် ပါ့မလား...ကွာ။
 ဒါကြောင့်
 သူများ အပြော
 လေပေါလောမှာ
 ငါတို့  သမိုင်း ကို မမြုပ့်နံလိုက်ကြပါနဲ့ ၊ သူငယ်ချင်း။
 
 အောင်မိုး(ကနေဒါ)
 
 အခုတလော လာလာကလိနေကြတဲ့သူတွေ အတွက် ရည်စူးပြီးတော့ရေးဖွဲ့ ထားတာပါ။
 
 ကိုယ့်သမိုင်းကို ကိုယ် ကို တိုင်ရေးလာခဲ့ကြရတာပါ။
 ဒီလိုရေးခဲ့ ကြတဲ့ ကိုယ့်သမိုင်းကို ကိုယ် ရဲရဲကြီး ဂုဏ်ယူနိုင်ကြရမှာပါ။
 သူများ ပါစပ့်ပြော(သူများတွေပြောနေကြတာ) ထက် 
 ဂုဏ်ယူဝံ့ကြွားစွာနှင့် လက်မထောင်ပြီး
 ရဲရဲ ဝင့် ဝင့် ကိုယ်တိုင်ကိုယ်ကျ တာဝန်ယူပြီး
 လိုအပ့်လာကြတဲ့အခါမှာ၊ ပြောနိုင်ကြ ဘို့ က အရေး အကြီးဆုံးပါ။
 
 စဉ်းစားကြပါ။
 ပေးဆပ့်ကြရမယ့် အချိန်တွေ တုံးကတော့
 ခေါ်မကြား၊ အော်မကြား
 နားပင်း၊ မျက်လုံးကန်းနေကြတဲ့ အ အတွေ...လို
 အခုအချိန်တော့ ဘယ်ကနေထွက်လာကြသည်မသိ
 တမိုးလုံး ဖျောက်ဆိပ့်ချည်းပါဘဲ့။
 အမှန်အကန်တွေကိုနင်းတက်
 အလိမ်၊ အညာလှိုင်းတွေနဲ့ ထင်ရာစိုင်းနေကြတဲ့။
 ငါမှ ငါ ကွဆိုတဲ့သွေးနထင်ရောက်နေတဲ့။
 ထိုထို ပုဂ္ဂိုလ်တွေ
 သတိပြု ကြပါ။
 အမှန်တရားဟာသူချည်းသာဆိုရင် ဘယ်တော့မှ၊ဘယ်တုံးကမှ မချိုမြိန်တတ်ဘူး။
 လူသားတွေလို မေတ္တာတွေ၊ ဂရုဏာတွေ၊ မုတိတာတွေ၊ ဥပေက္ခာတွေ၊ စာနာသနားမှု 
 တွေနဲ့ မျက်နာလဲလိုက်မှာမဟုတ်ဘူး။
 တွေ့ သမျှအရာတွေကိုသိမ်းကြုံးဆွဲယူသွာမှာကိုက၊
 အဲဒါ အမှန်တရား ဘဲ့။
 တကယ်လို့ များ အဲလိုခါးသီးတဲ့အမှန်တရားကိုတကယ်တမ်း၊
 ရင်ဆိုင်၊ကြုံတွေ၊့ ကျင့်သုံး၊ ဘို့ လိုလာခဲ့ကြရင်၊ 
 ဘယ်သို့ သောအကြောင်းအရာတွေကြောင့်ဖြစ်ပါစေ၊ ကျနော်တို့ အားလုံး အမှန်တကယ်လက္ခံ
 ကျင့်သုံးနိုင်ကြပါ့မလား ? တွေဝေနေကြဦးမှာလား? အဂတိတရားတွေနှင့် လုံးချာလည်လိုက်နေကြဦးမှာလား? စဉ်းစားကြပေါ့။
 
 ဒီအတွက်
 စိမ်ခေါ်ရင် တိမ်ပေါ်ထိလိုက် မယ့်သူတွေပါ။
 သွေး ရဲ ခဲ့ကြသူတွေပါ။
 
 အောင်မိုး(ကနေဒါ)
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment