Credit To သိုး ငယ်
Monday, August 19, 2013
`အမာရွတ် စမ်းသပ်ချက်´
အမေရိကန်သုတေသန အဖွဲ့တစ်ဖွဲ့က လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့
ပတ်သတ်တဲ့ စမ်းသပ်ချက်တစ်ခုကို ပြုလုပ်ခဲ့ကြတယ်။ အဲ့ဒီ့ စမ်းသပ်ချက်ကို
`အမာရွတ် စမ်းသပ်ချက်´ ဆိုပြီး သူတို့ နာမည်ပေးခဲ့ကြတယ်။အစမ်းသပ်ခံရမယ
့် သူတွေက သူတို့မျက်နှာတွေမှာ ဟောလိဝုဒ်က နာမည်ကျော် မိတ်ကပ်ဆရာတွေက သွေးစသွေးနတွေ နဲ့ မကျက်တကျက် အမာရွတ်တစ်ခုကို ဖန်တီးပေးမှာဖြစ်တယ်။ သူတို့မျက်နှာပေါ်က အမာရွတ်ကိုကြည့်ပြီး လူတွေရဲ့ တုန့်ပြန်ချက်တွေကို သူတို့တွေက ပြန်ပြီး ပြောပြရမှာဖြစ်တယ်။အစမ်းသပ်ခံရမယ့် သူတွေက မိတ်ကပ်ကျွမ်းကျင်ပညာရှင်တွေရှိတဲ့
မှန်လုံးဝ မရှိတဲ့ အခန်းငယ်လေးထဲမှာ သူတို့ မျက်နှာပေါ် ဆိုးဆိုးရွားရွား
အမာရွတ်တခုကို လိမ်းချယ်ခံရမှာ ဖြစ်တယ်။ လိမ်းခံပြီးတဲ့အခါ မိတ်ကပ်ပညာရှင်က
မှန်သေးသေးလေးနဲ့ သူတို့ကို ကြည့်ခွင့်ပေးတယ်။ အစမ်းသပ်ခံရသူတွေ
အံ့သြလောက်တဲ့ တကယ့်အမာရွတ်နဲ့ ခွဲမရအောင်တူတဲ့မိတ်ကပ်မျိုးပေါ့။သူတို့ကြည့်ပြီးတာနဲ့ မှန်သေးသေးလေးကို ပြန်သိမ်းတယ်။ ပြီးရင် နောက်ဆုံးအနေနဲ့နောက်ထပ် အချောသပ် လိမ်းချယ်တယ်။အပြီးသပ်လိမ်းချယ်ပြီးတဲ့
အခါ စမ်းသပ်ခံရမယ့်သူဟာ အသီးသီး အပြင်ကို ထွက်ခွင့်ပေးတယ်။ စမ်းသပ်ခံရတဲ့
သူတွေထဲမှာ စာပွဲထိုးလည်းပါတယ်။ ကောင်တာမှာထိုင်တဲ့
အရောင်းဝန်ထမ်းချောချောလေးတွေပါတယ်။
တက္ကစီ မောင်းသမားတွေပါတယ်။သူတို့ လုပ်ငန်းခွင်ကို အသီးသီး
ပြန်သွားကြတယ်။လူတွေက သူတို့ပါးပေါ်က အမာရွတ်ကို တွေ့ပြီး
တုန့်ပြန်ချက်တွေကို သတိထားရတယ်။ မှတ်သားရတယ်။တစ်နာရီကြာပြီးတဲ့နောက်မှာ သူတို့မိတ်ကပ်လိမ်းတဲ့ အခန်းထဲပြန်လာရတယ်။စိတ်ပိုင်းဆိုင်ရာကုသတဲ့ ဆရာဝန်က သူတို့ကိုမေးခွန်းထုတ်လိုက်တယ်။`ကဲ...လမ်းသွားလမ်းလာတွေရဲ့ ခင်ဗျားတို့အပေါ်တုန့်ပြန်မှုတွေကို ကျွန်တော့်ကို ပြန်ပြောပြပါလား´အစမ်းသပ်ခံရမယ့် သူတွေက တယောက်တခွန်းပြောကြတယ်။`သူတို့တွေက ကျွန်တော့်ကို ရွံရှာသလိုအကြည့်မျိုးနဲ့ကြည့်တယ်´အရောင်းဝန်ထမ်းကောင်မလေးက`ကျွန်မ ကို အသံမာမာနဲ့ပြောတဲ့ သူကို ကျွန်မ ဖြင့်တခါမှ မတွေ့ဖူးဘူး။ ကျွန်မ မျက်နှာပေါ်က အဲ့ဒီံ အမာရွတ်အတုကြောင့်နေမှာ´သူတို့အသီးသီး
တစ်ယောက်တခွန်းပြောပြီးနောက် ဆရာဝန်က သူတို့ကို မှန်တွေရှိတဲ့
အခန်းကျယ်ထဲကိုခေါ်သွားတယ်။ သူတို့တွေ မှန်ကိုကြည့်ပြီး တော်တော်လေး
တုန်လှုပ်သွားကြတယ်။တကယ်တော့ သူတို့မျက်နှာပေါ်မှာ ဘာဆိုဘာမှ မရှိပါဘူး။
ဘာအမာရွတ်မှလည်း မရှိပါဘူး။မိတ်ကပ်ကျွမ်းကျင်ပညာရှင်က နောက်ဆုံး မိတ်ကပ်အချောသပ်လိမ်းချယ်တဲ့ အချိန်က တခါတည်း ဖျက်ပစ်လိုက်တာဖြစ်တယ်။တကယ်တော့ မိမိကိုယ်ကို စိတ်ထဲမှာ ဘယ်လိုသဘောထားလဲဆိုတာနဲ့ ပတ်ဝန်းကျင်က မိမိကိုယ် ဘယ်လိုသဘောထားလဲဆိုတာက တိုက်ရိုက်အချိုးကျတယ်။`ပတ်ဝန်းကျင်က
လူတွေရဲ့ သင့်ပေါ်မြင်တဲ့ အမြင်ဟာတကယ်တော့ သင့်ကိုယ်သင် မြင်တဲ့
အမြင်ပဲဖြစ်တယ်´တခါတလေ ငါဒီလိုလုပ်လိုက်ရင် သူ ဘယ်လိုတွေးနေမလဲ၊ဆိုတာကို
တွေးပူနေတတ်ကြတယ်။ ကျွန်တော်တို့တွေဟာ အချိန်တော်တော်များများ အဲ့ဒီလို
ကိုယ့်စိတ်ကြောင့်ပဲ စိတ်မကြည်မလင်ဖြစ်ကြရတယ်။
Credit To သိုး ငယ်
Credit To သိုး ငယ်
Labels:အတိတ်က မြိတ်သမိုင်း
သုတဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment