Monday, August 26, 2013

မြိတ်မြို့တွင် ရေလမ်း ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် Like Jacket ၀တ်ဆင်မှု သရုပ်ပြ ဆောင်ရွက်



------------------------------------------------
မြိတ်ခရိုင် မီးသတ် ဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်း ရေကြောင်း ခရီးသွားပြည်သူများ၊ ရေလုပ်ငန်း ဆောင်ရွက် နေသူများအား
ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် Like Jacket ၀တ်ဆင်မှု စည်းရုံးခြင်းနှင့် သရုပ်ပြသခြင်းကို သြဂုတ်လ(၂၅)ရက် နံနက်(၉)နာရီတွင် မြိတ်မြို့ ဆိပ်ငယ်ရပ် ဘောတံတား တွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ Like Jacket ၀တ်ဆင်မှု ပညာပေး ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးမျိုးသူရ၀င်း ဦးစီး၍ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့၊ ကယ်ဆယ်ရေး ဦးစီးဌာနနှင့် ဆိပ်ကမ်း အာဏာပိုင်မှ ၀န်ထမ်းများ ပူးပေါင်း၍ စည်းရုံးခြင်းနှင့် သရုပ်ပြသခြင်း တို့ကို ဆောင်ရွက်ခဲ့ ကြသည်။

အလားတူ ဆိပ်ငယ်ရပ် ကျောက်တံတား၊ နောက်လယ်ရပ် အမှတ်(၁) ဗောတံတား၊ ရေနံမြေရပ် တောဆိပ်တံတားနှင့် မြို့သစ်ရပ် ယောကြီးဝ တံတားတို့တွင်လည်း ရေကြောင်း ခရီးသွားပြည်သူများ၊ ရေလုပ်ငန်း ဆောင်ရွက်နေသူ များအား ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် Like Jacket ၀တ်ဆင်မှု စည်းရုံးခြင်းနှင့် သရုပ်ပြသခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
IPRD MYEIK

No comments: