Monday, August 26, 2013

ကျော်ဆန်းတစ်ယောက် သမဝါယမ ကို ခုတုံးလုပ်အသုံးချပြီး သန်းရွှေငွေမည်းတွေကို ငွေဖြူလုပ်ပေးနေ



သမဝန်ကြီးဦးကျော်ဆန်းဟာ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးပါ့မယ်တဲ့

အဲဒီငွေတွေက ဦးသန်းရွှေမိသားစု ပိုင်ဆိုင်ထားတဲ့ ပိုက်ဆံတွေပါ ၊ စင်္ကာပူကတဆင့် တရုတ်ဘဏ်တွေမှာ တိတ်တိတ် သွားအပ်ထားတဲ့ ပိုက်ဆံတွေပါ ၊

အတိုးက ၄.၅% ပေးရမယ်ပြောပါတယ် ၊

လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံကို ငွေချေးချင်တဲ့သူတွေ အများကြီးရှိနေပါတယ် ၊

ဂျပန် အမေရိကန် နဲ့ အီးယူတို့က ၂% အတိုးပဲယူကြမယ်ပြောပါတယ် ၊

အခုက တရုတ်ဆီက ချေးငွေက အဲဒီအတိုးတွေထက် ၂ ဆ ပိုပေးရမယ့်အတိုးပါ ၊

ပြီးတော့ အဲဒီရလာတဲ့ ပိုက်ဆံ နဲ့ လယ်သမားတွေကို ငွေချေးမယ်ပေါ့ ၊ သမဝါယမ ဖီလော်ဆော်ဖီနဲ့လဲ လုံးဝ မဆိုင်တဲ့ လုပ်ရပ်ပါ ၊

နှစ်ပေါင်း ၅၀လောက် အာဏာရူးတွေ ရဲ့ နှိပ်စက်ခံနေရတဲ့ လယ်သမားတွေကို ထပ်ပြီးနှိပ်စက်လိုက်ကြတဲ့သဘောပါပဲ ၊

ပတ်ဝန်းကျင် အိန္ဒိယ က လယ်သမားဆိုရင် ဟန်းဖုန်းဆင်းကတ်ကို ဗမာငွေ ၁၀၀၀ ကျပ် အောက် နဲ့ ကြိုက်သလောက် ဝယ်နိုင်တယ် ၊

ဖုန်းပြောခ တစ်မိနစ်ကို ၁၀ ကျပ် လောက်ပဲကျတယ် ၊

မော်တော်ကားဆိုရင်လည်း TATA ကားကို ဗမာငွေ သိန်း ၂၀ လောက် နဲ့ ဝယ်စီးနိုင်တယ် ၊ အဲဒီကားဖိုး သိန်း ၂၀ က လက်ငင်းပေးရမှာမဟုတ်ဘူးနော် ၊

လက်ငင်း ၄သိန်းလောက်ပေးပြီး လစဉ် ၂သောင်းပိုပိုလောက် နဲ့ ၇နှစ်ခွဲပေးလို့ရသေးတယ်ဗျ ၊

မြေတွေ အိမ်တွေ ဆိုလည်း ဒီအတိုင်းပဲပေါ့ဗျ ၊ ကဲ ယှဉ်ကြည့်ပါအုံး . . ဒီအတိုင်းဆို မြန်မာပြည်ကလယ်သမားတွေ ဘယ်တော့ များမှ အိန္ဒိယ လယ်သမားကို မှီမှာလည်း နော် ၊

ဦးကျော်ဆန်းအနေနဲ့ လယ်သမားတွေ အတွက် အခြေခံကျတဲ့ အရေးကြီးတာတွေကို အရင်မလုပ်ပဲ မယောင်ရာဆီလူး တရုတ်ပြည်က မတန်တဆအတိုးနဲ့ပိုက်ဆံချေး ပြီးတော့ ဒီက လယ်သမားတွေကို အတိုးပေါ်အတိုးဆင့်ထပ်ချေး အတိုးသံသရာက

ရုန်းမထွက်နိုင်အောင်လုပ်တာနဲ့ အတူတူဖြစ်နေပါတယ် ၊

ဦးသန်းရွှေရဲ့ငွေမဲတွေကို ငွေဖြူလုပ်ချင်ရင်လည်း တခြားနည်းလမ်းသုံးကြပါလို့ပြောပါရစေ ၊ လယ်သမားတွေရဲ့ လည်ပင်းကို နင်းပြီးတော့မှ ငွေဖြူမလုပ်ချင်စမ်းပါနဲ့လို့ . .

နောက်ပြီး သမဝါယမ ဖီလော်ဆော်ဖီ ကို အားနာပါးနာ နဲ့ နဲနဲလောက်သင်ယူလေ့လာပါအုံးလို့ ဦးကျော်ဆန်းကိုပြောပါရစေ . . .

Credit - Hawdeka Khalaylay

No comments: