Monday, August 26, 2013

ပညာရေးဝန်ကြီးဌာနအပေါ် ရန်ကုန် မန္တလေး တက္ကသိုလ်ဆရာဆရာမများအသင်း၏ ကန့် ကွက်ချက်။



နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က (၅) အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်အား ရာထူးမှ ထုတ်ပယ်ခြင်းအပေါ် ရန်ကုန် မန္တလေး တက္ကသိုလ်ဆရာဆရာမများအသင်းက ပြင်းထန်စွာ ကန့်ကွက်သည့် ထုတ်ပြန်ချက်ကို ယနေ့ ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံဝန်ထမ်းဥပဒေ၊ ၀န်ထမ်းစည်းမျဉ်း၊ စည်းကမ်းများကို မျက်ကွယ်ပြုကာ ပုဂ္ဂိုလ်ရေးဆန်ဆန် လုပ်ပိုင်ခွင့်အာဏာကို လွန်ကဲစွာ အသုံးပြုပြီး ဆောင်ရွက်ခဲ့သည်ဟု မိမိတို့အသင်းက သုံးသပ်ကြောင်း၊ ယင်းအပြင် ပညာရေးဝန်ကြီးဌာနအောက်ရှိ ၀န်ထမ်းများအားလုံး၏ ဘ၀လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်နေသော အရေးကိစ္စဖြစ်ကြောင်း ပြောဆိုလိုက်ပါသည်။

No comments: